Tuesday, July 28, 2015

ဥပဒေနှင့် ညီပါသော်လည်း

တရုတ်နိုင်ငံသား
သစ်ခိုးထုတ်တဲ့လူတွေ(လူကြီးတွေ)ကို
တစ်သက်တစ်ကျွန်း ထောင်ချတာ
ပြစ်မှု၊ ပြစ်ဒဏ် မျှတတယ်လို့ထင်ပါတယ်

ဒါပေမဲ့ အသက်မပြည့်သေးတဲ့ တရားခံ နှစ်ယောက် ထောင်ဒဏ် (၁၀) နှစ်ဆိုတာကတော့
ကျွန်တော့စိတ်ထဲ
သိပ်ဘဝင်မကျလှပါဘူး။

အဲဒိကိစ္စ ...
လူ့အခွင့်ရေးလှုပ်ရှားသူတွေ
့(ပြည်တွင်း၊ ပြည်ပ) နှုတ်ဆိတ်လွန်းနေတဲ့အပေါ်
မေးခွန်း ထုတ်ချင်ပါတယ်။

အိန္ဒိယနိုင်ငံက
Upendra Baxi ဆိုတဲ့ ပါမောက္ခကြီးမေးလေ့ရှိတဲ့ မေးခွန်းပါဗျာ

Politic for Human Rights (or) Politic of Human Rights .. ဆိုပြီးတော့ပါ။

ဖိအားတွေ စွက်ဖက်မှုတွေကြောင့် ထောင်တွေဒီလိုချတယ်ရယ် လို့တော့ မထင်လိုက်စေချင်။
ကျွန်တော်တို့နိုင်ငံရဲ့ တရားစီရင်ရေးဟာ လွတ်လပ်ပါတယ်။
သြဂုတ်လ (၁) ရက်နေ့ဟာ မြန်မာနိုင်ငံတရားစီရင်ရေးလွတ်လပ်မှု အထိမ်းအမှတ်နေ့ပေါ့။

credit// (နတ်ဆြာကြီး)
24 July 2015 at 10:11

ထ/ဆ
Robert Sann Aung
နတ်ဆရာကြီး ရေ ဆရာပြောတာမှန်တယ် အသက်မပြည့်သေးဆိုတော့ ၁၆ နှစ်မပြည့်တာလား ၊၁၈ နှစ်မပြည့်တာလားမသဲကွဲလို့ ပြောရခက်ပါတယ်ဆရာ ၊လက်လှမ်းမီရင်တချက်လောက်စုံစမ်းပြီး တင်ပေးပါဆရာ

Robert Sann Aung
ဆရာနတ်ဆရာကြီးရေ တရားစီရင်ရေးလွတ်လပ်တယ်ဆိုတာတော့ကျနော်လက်မခံပါဆရာ ၊ ကျနော်ကတရားသူကြီးအတော်များများနဲ့ရင်းနှီးလို့ပြောတာပါဆရာ၊ တရားသူကြီးတွေဟာလူသားနှလုံးသားအပြည့်အဝရှိပါတယ်၊ အမည်မဖော်ပြနိုင်ပါ။ ခိုင်မာပါသည်၊ တရားသူကြီး၉၉ရာခိုင်နှုန်းကလွတ်လပ်စွာအပြည့်အဝစီရင်ဆုံးဖြတ်လိုကြပါတယ်၊အုပ်ချုပ်ရေးကခေါ်တဲ့အစည်းအဝေးမျိုးလည်းမတက်လိုကြပါဆရာ၊ ဒါ့ကြောင့် ဆရာ့ တင်ပြချက်ကိုလက်မခံနိုင်ပါ၊

Bom Du
လူငယ်လို့ပြောတာ အသက်မပြည့်သေးလို့ မပြောပါဘူး သေသေချာချာဖတ်ပါ။

နတ် ဆရာကြီး
အသုံးအနှုံးဘယ်လိုပဲဖြစ်ပါစေ အကျင့်စာရိတ္တနဲ့ တိုက်ရိုက်ကျကျ သက်ဆိုင်ခြင်း မရှိတဲ့ ကိစ္စမှာ ၁၈ နှစ် အောက်ကို ၁၀ နှစ်ချတာ ကျွန်တော့ ကိုယ်ပိုင်အမြင်အနေနဲ့ပြောရင် များတယ်လို့ထင်ပါတယ်ခင်ဗျာ။့ (ကိုယ်ပိုင်အမြင်ပါခမျာ)

Sai Hein Latt
လူငယ်၁၀ နှစ်။
ကလေးဥပဒေ အရ အမြင့်ဆုံးဖြစ်။
   ဆရာတင်ပြချက်သဘာဝကျတယ်
ကလေးမူတွေတော့လွှမ်မိုးတဲ့သဘော အထင်အရှားတွေ့။
လူငယ်မူတော့စဉ်းစားစရာ။
ခုဟာက  အပက ၃  အနိမ့်ဆုံးပြစ်ဒဏ် သတ်မှတ်ချက် ရှိနေတယ်။
  ဥပဒေနဲ့ မညီလို့ ပြောမရပါ။
ကလေးဥပဒေမှာလူငယ်ကို
အမြင့်ဆုံး ချနိုင်တဲ့ပြစ်ဒဏ်က
အလုပ်မဲ့ထောင်၁၀နှစ် ပါ။
အပက ၃ အမူမှာကအနိုမ့်ဆုံး
ချရမည့်ပြစ်ဒဏ်က ၁၀နှစ်ပါ။

နတ် ဆရာကြီး
ကျွန်တော်က ဥပဒေနဲ့ မညီဆိုပြီးပြောတာမဟုတ်ပါဘူးခင်ဗျာ။ ပြစ်ဒဏ်ချင့်ချိန်တာနဲ့ ပက်သက်ပြီးတွေးမိတာကို ပြောတာပါခင်ဗျာ။

U Kyaw Thu Aung
ဥပဒေတော့ ပြင်စရာ မလိုဘူးထင်တယ် စီရင်ထုံး ပြုပေးလိုက်ရင် လုံလောက်မယ်လို့ထင်တယ် ကျွန်တော်လည်း နတ်ဆရာကြီးလို တွေးမိတာ တင်ပြခြင်းပါ။

No comments:

Post a Comment