သာသနာပြုနည်း မှန်ပါစေ
-------------------------
ဗုဒ္ဓတရားတော်တွေတင်တဲ့အခါမှာ ကွန်းမန့် တွေမှာ ဘာသာခြားတွေ
ရိတာ ဆဲဆိုတာတွေ
တွေ့ ရတက်ပါတယ်။
သူတို့ ကို ဗွေမယူပါနဲ့  အဆဲနဲ့ ပြန်လည်မတုန့် ပြန်ပါနဲ့။
ဥရောပတိုက်မှာ
ဘာသာခြားတွေ fb သုံးလို့ 
ဘုရားသခင်အကြောင်းရေးကြတဲ့အခါမှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာအမြင်နဲ့ ဝင်မန့် ရင်
သူတို့ ကလည်း ကိုယ်တွေကို
သနားစရာ လို့ ပဲ မြင်မိကြမှာပါလေ။
ဒါဟာ မဆန်းလှပါဘူး
ဗုဒ္ဓတရားတော်တွေကို
မထိတွေ့ ဘူးတဲ့ လူတိုင်းဟာ ကိုယ့်ဘာသာအကောင်းဆုံးလို့ ပဲ မြင်နေကြပါလိမ့်မယ်။
ဦးသန့် ကုလသမဂ္ဂ
အတွင်းရေးမှုးချုပ် ဖြစ်စဉ်က
အီတလီဘုန်းတော်ကြီး ဦးလောကနာထနဲ့ 
အနီး စခန်းဆရာတော်တို့ ရဲ့
တရားတွေဟာ BBC ကနေ
အမြဲ လွှင့်ခွင့်ရခဲ့ဘူးတယ်။
အဲဒီအချိန်က
ဘယ်ဘာသာခြားကမှ ဆန့် ကျင်ဘက် မပြုလုပ်
နိုင်ကြပါဘူး။
ဘာ့ကြောင့်လည်းဆိုတော့ ဗုဒ္ဓတရားတော်တွေဟာ
လက်တွေ့ ကျ၊ သိပ္ပံဆန် လို့ ပဲ။
ဆန်းစစ်ပြီးမှ ယုံလို့ စိန်ခေါ်ထားတဲ့အတွက်
ဘယ်သူမှ မငြင်းပယ်နိုင်ဘူးလေ။
ပြောချင်တာက ဗုဒ္ဓဘာသာကို
ထိတွေ့ ခွင့်မရှိလို့သာ
လက်မခံနိုင်ဖြစ်နေကြတာပါ။
အခု fb ဆိုတာကြီးပေါ်လာတော့ ဟိုတုန်းကလို
ဖြန့် ဝေရတာ မပင်ပမ်းတော့ဘူး။
လူတိုင်း ရေးတင်နိုင်တယ်။
မတင်တက်ရင် သူများတင်တာ share
လိုက်တာနဲ့  လူအများကြီးသိမယ်။
လူတန်းစား မျိုးစုံသိမယ်။
fb မှာ ဗုဒ္ဓတရားတော်တွေသာ
ပြန့် နေစမ်းပါစေ။
လေ့လာသူကို စိတ်ဝင်စားဖို့  တရားတော်က
တာဝန်ယူပါလိမ့်မယ်။
ဒါပေမဲ့
ဖြန့် ဝေဖို့ ကတော့ ဗုဒ္ဓဘာသာတွေက
တာဝန်ယူရလိမ့်မယ်။
ဘာသာခြားတွေသာ လေ့လာစမ်းပါစေ
လက်ခံတာ မခံတာ
သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။
သူတို့ ကမသိလို့  ရိတာ ဆဲတာ လုပ်ရင်
ကိုယ်က လိုက်ပြီး မတုန့် ပြန်မိပါစေနဲ့ 
ကိုယ့်တာဝန်ကိုယ်ယူပြီး
မေတ္တာစိတ်နဲ့ သာ တုန့် ပြန်ပါ။
ဗုဒ္ဓတရားတော်တွေဟာ
ဘယ်လိုဆိုတာ သူတို့ တွေ လေ့လာရင်းနဲ့  သိလာပါလိမ့်မယ်။
share ဖို့ သာ ကြိုးစားပါ။
ဒါဟာ ဘယ်သူမှ
အကုသိုလ်မတက်နိုင်တဲ့
သဘာဝကျကျ သာသနာပြုနည်းပါပဲ။
သာသနာပြုနည်း မှန်ကန်နိုင်ကြပါစေ။
credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
16 June2015
No comments:
Post a Comment