Thursday, August 27, 2015

့"နာကျင်စေမှုများအကြောင်း"

့"နာကျင်စေမှုများအကြောင်း"

လူတွေ တစ်ဦးနဲ့တစ်ဦး ထိတွေ့ ဆက်ခံကြရာက အဆင်မပြေတဲ့အခါ ခိုက်ရန်ဖြစ်ပွားတတ်ပါတယ်။ တစ်ဦးက တစ်ဦးကို သတ်ပုတ်၊ ရိုက်နှက်၊ ထိုးခုတ်တာတွေ လုပ်တတ်ပါတယ်။ ဒီအခါမှာ နာကျင်မှု ဝေဒနာကို ခံစားရပါတယ်။ ကိုယ့်ဘာသာကိုယ် ချော်လဲ၊ ဒူးပြဲတာ၊ ခြေစွယ်ငုတ် ခလုတ်တိုက်မိတာတို့၊ ဓားရှ၊ အပ်စူး၊ ခွေးကိုက်ခံရဖူးတာတွေဟာလည်း နာကျင်မှုတွေပါပဲ။
ကနေ့တော့ ကိုယ်အင်္ဂါ နာကျင်မှုတွေအကြောင်း တင်ပြပါမယ်။

ဥပဒေအရ “နစ်နာတယ်”ဆိုတာ ကိုယ်၊ စိတ်၊ ဂုဏ်သရေနဲ့ ပစ္စည်းကို ဥပဒေနှင့်မညီတဲ့ ထိခိုက်စေမှုလို့ ခေါ်ပါတယ်။
နာကျင်တယ်၊ နာတယ် ဆိုတာ ဘာလဲ။ (ပုဒ်မ - ၃၁၉)

လူတစ်ဦးတစ်ယောက်ကို ကိုယ်အင်္ဂါနာကျင်အောင်လုပ်ရင် ထိုသူကို အနာရောဂါစွဲကပ်အောင်လုပ်ရင်၊ ချည့်နဲ့အောင် လုပ်ရင် ထိုသူကို နာကျင်စေတယ်လို့ ခေါ်ပါတယ်။ (အတိုမှတ် - နာတယ်ဆိုတာ - နာ၊ စွဲ၊ ချည့်)

ကိုယ်အင်္ဂါဆိုတာ ခေါင်းဖျားကနေ ခြေဖျားအထိ အင်္ဂါတွေကို ခေါ်ပါတယ်။ စိတ်၊ ဂုဏ်သရေနဲ့ ပစ္စည်း ထိပါးနာကျင် စေတာ မပါဝင်ပါဘူး။ နာကျင်မှု ပမာဏဟာ အပ်ဖျားလေး စူးတာကနေ ရင်ဝလှံစူးတာထိ အကြီးအကျယ် နာတာလည်း ပါဝင်တယ်။
အနာရောဂါ စွဲကပ်စေတာလည်း နာကျင်စေမှု ဖြစ်တယ်။ အိပ်ခ်ျအိုင်ဗွီပိုး၊ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါကူးအောင် လုပ်တာလည်းပါတယ်။ စွဲလမ်းတမ်းတအောင် လက်ဖက်ရည်၊ အရက်၊ ဘိန်းဖြူစွဲအောင် လုပ်တာတွေ မပါဝင်ဘူး။
ချည့်နဲ့အောင်လုပ်တယ်ဆိုတာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ အလုပ်မလုပ်နိုင် အောင် ပြုတာကို ခေါ်တယ်။ စကားမပြောနိုင်၊ ခြေလက်အကြောသေ၊ မလှုပ်နိုင်၊ သတိလစ်၊ မေ့လျော့အောင်၊ မေ့ဆေး၊ ထုံဆေး၊ ဘိန်း၊ စိတ်ကြွရူးသွပ်ဆေး၊ အရက် စသည်တို့နဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။

နာကျင်တဲ့ ပမာဏကို လိုက်ပြီး သာမန်နာကျင်စေမှု၊ အပြင်းအထန် နာကျင်စေမှုဆိုပြီး ခွဲခြားထားတယ်။ အောက်မှာ ဖော်ပြထားတဲ့ (၈)မျိုးကို အပြင်းအထန် နာကျင်စေမှု ခေါ်တယ်။ ကျန်တာ သာမန်နာကျင်စေမှု ဖြစ်တယ်။
နာကျင်စေမှု ပြုလုပ်လျှင် ထောင်ဒဏ်တစ်လမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိ ကျနိုင်ပါတယ်။

အပြင်းအထန် နာကျင်စေမှု (၈)မျိုး

၁။ လူကိုသင်းကွပ်ခြင်း။ ယောက်ျားကို သင်းကွပ်တာကို ဆိုလိုပါတယ်။ ဝှေးစေ့ကို ညှစ်ရင်၊ တုတ်၊ ကြိုးခွေနဲ့ ရိုက်ရင်ယောက်ျားဘဝ လူညွှန့်တုံးနိုင်ရုံသာမက သေပင်သေနိုင်ပါတယ်။ အမှုတစ်ခုမှာ ဇနီးဖြစ်သူက အိပ်ပျော်နေတဲ့ လင်ရဲ့ လိင်အင်္ဂါကို “ဒါ ရှိရင်ပြဿနာရှိနေမှာပဲ” ဆိုပြီး ဓားနဲ့လှီးဖြတ်တဲ့အမှုဟာ အပြင်းအထန် နာကျင်စေမှု မြောက်တယ်။

၂။ မျက်စိတစ်ဖက်ဖက်ကို အမြဲမမြင်အောင်ပြုခြင်း။ မျက်စိအဆုံး၊ နားအရှုံး ဆိုတဲ့ စကားတိုင်း၊ ဘယ်လိုနည်းနဲ့ ပြုပြု၊ မျက်စိကန်းရင် အပြင်းအထန် နာကျင်စေမှု ဖြစ်တယ်။

၃။ နားတစ်ဖက်ဖက်ကို အမြဲမကြားအောင်ပြုခြင်း။ နားအုံ၊ နားရွက်ကို လက်သီးနဲ့ထိုး။ တုတ်နဲ့ရိုက်၊ နားထဲတုတ်နဲ့ ထိုး၊ မီးသတ်ပိုက်နဲ့ထိုး၊ အရည်လောင်းထည့်လို့ နားကန်းရင် အပြင်းအထန် နာကျင်စေမှုဖြစ်တယ်။

၎။ ကိုယ်အင်္ဂါ အဆစ်အမျက်တစ်ခုခုကို ကျိုးပဲ့ပျက်စီးအောင်ပြုခြင်း။ ခြေဆစ်၊ ဒူးဆစ်၊ လက်မောင်းဆစ်၊ လက်ချောင်းအဆစ်ကျိုးပဲ့အောင် ပြုတာမျိုး ဖြစ်တယ်။

၅။ ကိုယ်အင်္ဂါအဆစ်အမျက်တစ်ခုရဲ့အင်အားကို ဖျက်ဆီးခြင်း၊ အမြဲချိုတဲ့အောင်ပြုခြင်း။ လူစဉ်မမီ၊ ချည့်နဲ့၊ အရုပ်ကျိုးပြတ်၊ အကြောသေအောင်ပြုခြင်း ဖြစ်တယ်။

၆။ ဦးခေါင်းကိုဖြစ်စေ၊ မျက်နှာကိုဖြစ်စေ အမြဲရုပ်ဆင်းပျက်အောင်ပြုခြင်း၊ မျက်နှာအမာရွတ်ကြီးဖြစ်အောင် လုပ်တာ၊ နားရွက်၊ နှာခေါင်းဖြတ်ခံရတာမျိုးဟာ လူ့ကြံ့ခိုင်ရေးကို မထိပေမယ့် ရုပ်ပျက်ဆင်းပျက်၊ လူချင်းမတူ ဖြစ်သွားရတယ်။

၇။ အရိုးဖြစ်စေ၊ သွားကိုဖြစ်စေ ကျိုးအက်ကွဲအောင်၊ တိမ်းလွဲအောင်ပြုခြင်း။ အရိုးကျိုး၊ အက်၊ ကွဲသွားတာ၊ သွားကျိုးပဲ့နဲ့ သွားတာမျိုးဖြစ်တယ်။

၈။ အသက်အန္တရာယ်ဖြစ်အောင်၊ ရက်ပေါင်း(၂ဝ)ကိုယ်အင်္ဂါနာကျင်အောင်၊ ရက်ပေါင်း(၂ဝ) လုပ်ဆောင်မြဲအလုပ် မလုပ်နိုင်အောင် နာကျင်စေခြင်း။

(အတိုမှတ် - သင်းကွပ်၊ မျက်ကွယ်၊ နားဝယ်မကြား၊ အဆစ်ခါးကျိုး၊ တစ်မျိုးချည့်နဲ့၊ ပဲ့သည့်ဦးခေါင်း၊ သွားမကောင်း၊ ရက်ပေါင်းနှစ်ဆယ် ဆေးရုံဝယ်)

နာကျင်စေမှုအတွက် ပြစ်ဒဏ်များ

• ပုဒ်မ - ၃၂၃ သာမန်လက်နက်နှင့် သာမန်နာကျင်စေမှု (၁)နှစ်/၁ဝဝဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၃၄ ရုတ်တရက်ဒေါသအကြီးအကျယ်ထွက်အောင်ပြုသူအား သာမန်နာကျင်စေမှု(၁)လ/၅ဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၃၅ ထိုပြုသူအား အပြင်းအထန် နာကျင်စေမှု (၄)နှစ်/၂ဝဝဝ ကျပ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၂၅ သာမန်လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု (၇)နှစ် + ငွေဒဏ်
• ပုဒ်မ - ၃၂၄ ပစ်ခတ်ရန် ထိုး၊ ခုတ်၊ ဖြတ်ရန် ကိရိယာ၊ သေစေတန်ရာသော ကိရိယာ၊ အဆိပ်၊ စားလောင်စေသော၊ ပေါက်ကွဲစေသော ကိရိယာ၊ မျိုချ၊ ရှုရှိုက်၊ သွေးထဲရောက်လျှင် အန္တရာယ်ဖြစ်စေသော အရာဝတ္ထု၊ တိရစ္တာန် တစ်ကောင်ကောင် စတဲ့ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု (၃)နှစ်၊ ငွေဒဏ် နှစ်ရပ်စလုံး
• ပုဒ်မ - ၃၂၆ ပုဒ်မ ၃၂၄ ပါ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု တစ်သက်တစ်ကျွန်း၊ (၁ဝ) နှစ်၊ ငွေဒဏ်

ကိုဖြူ။ ။ ဘေးဖြစ်စေတတ်တဲ့ လက်နက်ဆိုတာ နည်းနည်းရှင်းပြပါဆရာ။

ယူတီကေ။ ။ (က) ပစ်ခတ်ရန်ဆိုတာ သေနတ်၊ ခြောက်လုံးပြူး၊ မြား၊ ဒူးလေး။
(ခ) ထိုး၊ ခုတ်၊ ဖြတ်ရန်ဆိုတာ ဓားမြှောင်၊ လှံစွပ်၊ လှံ၊ မှိန်း၊ ဝါးချွန်၊ သားလှီးဓား၊ ပုဆိန်၊ ရဲဒင်း၊ ခဲတံချွန်တဲ့ဓား၊ ချွန်ထက်တဲ့ သစ်သား။
(ဂ) သေစေတန်ရာသော ကိရိယာဆိုတာ တူ၊ သံတူရွင်း၊ ကုလားအော်၊ ဇာဝီတပ်ထားတဲ့၊ သံကွပ်ထားတဲ့ တုတ်။
(ဃ) မီးပူရှိန်ရှိတဲ့ ကိရိယာဆိုတာ မီးရဲနေတဲ့ သံချောင်းနဲ့ကပ်တာ၊ ရေနွေးပူနဲ့ပက်တာ။
(င) အဆိပ်၊ စားလောင်နေစတဲ့ ကိရိယာဆိုတာ ပိုးသတ်ဆေး၊ အက်စစ်ရေ၊ မီးဗုံးပါတဲ့ဗုံး။
(စ) တိရိစ္ဆာန်ဆိုတာ ခွေးနဲ့ ရှူးတိုက်တာ၊ အကိုက်ခံရတာ။
နာကျင်စေမှုတွေကို လေ့လာတဲ့အခါ ရရှိသွားတဲ့ ဒဏ်ရာဟာ သာမန်နာကျင်စေမှုလား။ အပြင်းအထန်နာကျင်စေမှုလား ဆိုတာကို ပထမစိစစ်ရပါတယ်။ နောက်ပြီးတော့ တရားခံအသုံးပြုတဲ့ လက်နက်ဟာ သာမန်လက်နက်လား (လက်သီးနဲ့ထိုး၊ ကြိမ်လုံးနဲ့ရိုက်၊ ပေတံနဲ့ရိုက်၊ ခဲနဲ့ပေါက်၊ ဖိနပ်နဲရိုက်၊ ခြေနဲ့ကန်) သို့မဟုတ် ဘေးဖြစ်စေတတ်တဲ့ လက်နက်နဲ့ ပြုတာလား စိစစ်ရပါတယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ ပုဒ်မ၊ ပြစ်ဒဏ်အနည်းအများ ကွာခြားသွားပါတယ်။

အောက်ပါနာကျင်စေမှုတွေဟာ ဘယ်လိုအပြစ်ရှိပါသလဲ။
၁။ နမ်းချင်ယောင်ဆောင်ပြီး နှုတ်ခမ်း၊ နှာခေါင်း၊ နားရွက်ကိုက်ဖြတ်။
၂။ ဆံပင်ကို လက်နဲ့ ဆွဲဆောင့် (ပုဒ်မ-၃၂၃)
၃။ မျက်နှာ တံတွေးနဲ့ထွေး
၎။ နားရွက်တံတွေးနဲ့ဆွတ်
၅။ ဓာတ်ဆီနဲ့ပက်၊ မီးရှို့၊ မသေ
၆။ မီးခိုးဗုံးနဲ့ပစ်၊ မီးလောင်၊ မသေ
၇။ စိတ်နာအောင်လုပ် (တရားမမှု)
၈။ အသည်းနာအောင်လုပ် (တရားမမှု)
၉။ ရင်နာအောင်လုပ် (တရားမမှု)
၁ဝ။ ဖင်နာအောင်လုပ် (ပုဒ်မ - ၃၇၇၊ တစ်သက်တစ်ကျွန်း၊ အာမခံမရ၊ နာမည်ပျက်)
၁၁။ မျက်နှာပျက်အောင်လုပ် (တရားမမှု)
၁၂။ တပည့်တင်ပါးကို ဆရာမက ပေတံနဲ့ရိုက်ဆုံးမ (အပြစ်မရှိ - မောင်ဘသောင်းအမှု)
၁၃။ တပည့်ခေါင်းကို ဆရာက ဒေါသတကြီး ဝါးဆစ်ပိတ်တုတ်နဲ့ရိုက်၊ ဆေးရုံတင်ရ (ပုဒ်မ-၃၂၅)(မောင်ခွေး အမှု)
၁၄။ လူအများက တစ်ဦးကို တုတ်နဲ့ဝိုင်းရိုက်၊ သေ (ရိုက်သူအားလုံး - ပုဒ်မ-၃၂၅)
၁၅။ လူအများက တစ်ဦးကို ဓားနဲ့ဝိုင်းခုတ်၊ သေ (ခုတ်သူအားလုံး - ပုဒ်မ - ၃၂၆)
၁၆။ အေ ထင်ပြီး ရိုက်၊ ဘီ ဖြစ်နေ၊ လူမှားရိုက်မိ (ပုဒ်မ-၃၂၃/၃၂၅)
၁၇။ ထီးနဲ့ရိုက်၊ နားရွက်ပြတ်သွား (ပုဒ်မ-၃၂၅ - ထီးသည် ဘေးလက်နက်မဟုတ်)
၁၈။ လင်မယားရန်ဖြစ်၊ ကလေးချီထားတဲ့မိန်းမကို လက်သီးနဲ့ထိုး၊ ကလေးထိုးမိ၊ ကလေးသေ(ပုဒ်မ-၃၂၅)
၁၉။ ရန်ဖြစ်၊ ခဲနဲ့ထု၊ နောက်ကျောမှန်၊ အသည်းကွဲသေ (ပုဒ်မ-၃၂၅)
၂ဝ။ မိခင်ကို ပထွေးက ဆေးလိပ်မီးနဲ့ထိုး၊ သမီးက ပထွေးကို ဓားနဲ့တစ်ချက်ခုတ် (အပြစ်မရှိ၊ ကာကွယ်ခုခံပိုင်ခွင့်အရ ပြုခြင်း ဖြစ်သည်။)(မစန်းစန်းမြင့် - ခ- မတင်မြင့် စီရင်ထုံး - ၁၉၆၆)

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

Monday, August 24, 2015

ငြိမ့်ငြောင်းသာယာ စောင်း လက်သံများ

ကျူးဧငြိမ့်ငြိမ့်
ငြိမ့်ညောင်းသာယာ စောင်းလက်သံသာများ

စောင်း-လှိုင်ဝင်းမောင်(မကွေး)

၁- တေးထပ်
http://pc.cd/hq7rtalK

၂- တောင်တောသာယာ
http://pc.cd/Il7rtalK

၃- ဟေမာန်ညချမ်း
http://pc.cd/yd7rtalK

၎- ကျေးငှက်မြူးစံစိမ်းလဲ့ကန်
http://pc.cd/hl7rtalK

၅- အရုဏ်ဦး
http://pc.cd/Tl7rtalK

၆- ကျူးဧငြိမ့်ငြိမ့်
http://pc.cd/rK7rtalK

၇- တိမ်ယံကွန့် မြူး
http://pc.cd/hd7rtalK

၈-- မြိုင်ကြှီးဟေမာ
http://pc.cd/il7rtalK

credit//
Khon Gyi

၂၀၀၈ခြေ/ဥ ကို လိုက်နာပါ

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) မှာဒါတွေပါတယ်။

ပုဒ်မ (၆၂ )နိုင်ငံတော်သမ္မတသည် လွှတ်တော်ကိုယ်စားလှယ် . မဖြစ်စေရ…

ပုဒ်မ (၆၃.) အရ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ အဖြစ် ရွေးချယ်တင်မြောက် ခံရသည့်နေမှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ၎င်း နိုင်ငံ့ဝန်ထမ်းအဖြစ်မှ၎င်း အငြိမ်းစားယူပြီး ဖြစ်သည်ဟု သတ်မှတ်ရမည်။

ပုဒ်မ (၆၄)နိုင်ငံတော်သမ္မတ (သို့) ဒုသမ္မတများသည် နိုင်ငံရေးပါတီတစ်ခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ(သို့)  ဒုသမ္မတများအဖြစ် ရွေးချယ်တင်မြှောက် ခံရသည့်နေမှ စ၍ ယင်းပါတီအဖွဲ့အစည်းများ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွတ်ခြင်း မပြုရ။

ပုဒ်မ (၆၇)နိုင်ငံေ်သမ္မတနှင့် ဒုသမ္မတများသည် လစာ၊ စားရိတ်၊ ငွေကြေးရသော အခြားမည်သည့်ရာထူးကိုမှ လက်မခံရ။

သမ္မတကြီးဦးသိန်းစိန် ကြံ့ဖွတ်ပါတီရဲ့ ဥက္ကဌရာထူးကို ယူတယ်ဆိုရင် ဖွဲ့စည်းပုံကို အရင်ဖျက်ပါ…။

Credit//
W W Ht

တောက် ခေါက်သံ (၁၀) ချက်

တောက်ခေါက်သံ(၁၀)ချက်

ငယ်စဉ်ကလျှင်..ပညာသင်..
မသင်နောင်တ   (တောက်ခေါက်ရ။)

စီးပွားဥစ္စာ..ရှာချိန်မှာ..
မရှာနောင်တ   (တောက်ခေါက်ရ။)

နှစ်ဦးချစ်ခြင်း..ဖြို ဖျက်ခွင်း..
မယွင်းနောင်တ   (တောက်ခေါက်ရ။)

သတ်ပုတ်ညှင်းဆဲ..ထိုသူလဲ..
မလွဲနောင်တ   (တောက်ခေါက်ရ။)

သူ့ကြင်လင်မယား.လွန်ပြစ်မှား.
ကြီးမားနောင်တ   (တောက်ခေါက်ရ။)

ဥစ္စာပေါသူ..မပေးလှူ  
ထိုသူနောင်တ  (တောက်ခေါက်ရ။)

မိဘကိုပင်..မကျွေးချင်
သေလျှင်နောင်တ  (တောက်ခေါက်ရ။)

ဆုံးမစကား..ပစ်ပယ်ရှား
ကြီးမားနောင်တ (တောက်ခေါက်ရ။)

သူကောင်းကျမ်းတက် မဆည်းကပ် မှတ်လေနောင်တ   (တောက်ခေါက်ရ။)

ကုသိုလ်ကောင်းမှု..ဘာတစ်ခု..
မပြုနောင်တ   (တောက်ခေါက်ရ။)

        A Shin Gandamarla
            23 May at 21:13

သူ ယုံကြည်ရာ

ဒေါ်စုကို ဝေဖန် ပြီး တပ်မတော် ကို ဘာကြောင့် အားပေး လာရသလဲ ဆို ရင်

ကျုပ်က ဦး ဝိစာရ
မြတောင်ကျောင်းတိုက်
မဟာ ဗန္ဓုလကျောင်း
09 20 55 445
09 79 20 55 445
ယခု ဓာတ် ပုံ က လည်း အစစ် ပဲ ။ အရင် က Human Peace ဆို ပြီး သုံး တယ် ။
အခု ထိ အကောင့် က ပြန်မရ သေး ဘူး ။ ကျမ်းကျင် သူ တွေ ကိုယ် တိုင် ထပ် ဆယ် နေ ကြ တယ် ။
အခု Tag တွဲထားတာ နောက် အကောင့်သစ် ပါ ။
စလိုက်ကြရအောင် ။
ယနေ့ နိုင်ငံ ရဲ့ တည် ရှိ မှု က အာရှ မှာ အရေးပါ တဲ့ နေ ရာ ကို ရောက် လာ တယ် ။ တရုတ် သန်း ၁၃၀၀ ကျော် နဲ့ အိန္ဒိယ သန်း ၁၂၀၀ ကျော် မှာ နေ ရ တယ် ။
အန္တရာယ် က အရှေ့ ပါကစ္စတန် ခေါ် ဘင်္ဂလားဒေ့ရှ် က ကုလား သန်း ၁၈၀ လောက် နဲ့ နယ် မြေချင်း ဆက် စပ် နေ တယ် ။
ဒါ တွေ မေ မြို့ စိုးစံ မှာ နေ စဉ် ကတည်း က မိမိတို့ ဆရာသမား DSA အပတ် စဉ် (၁) က ဗိုလ် မှုး မောင် လတ် က (၁၀) တန်း ကျောင်းသား ဘဝကတည်း က သေ ချာ ရှင်း ပြ ခဲ့ ပြီး သား ။
နောက် တော့ ကမ္ဘာပတ် သွားလာ ခဲ့ ဖူး တယ် ။ ဒေါ် စုကြည် ကို ထောက် ခံ ခဲ့ ဖူး တယ် ။ ဦး သန်းရွှေ ဦးဆောင် တဲ့ စစ် အစိုးရ ပြုတ် ကျ ရေးတွေ ကို နည်း မျိုး စုံ နဲ့ ထောက် ခံ သူ တစ် ဦး ဖြစ် ခဲ့ တယ် ။
သူ တို့ စစ် အာဏာရှင် ကြောင့် တိုင်းပြည် မွဲ နေ ရတယ် ပဲ ယူ ဆခဲ့ တယ် ။
သခင်သန်း ထွန်း နောက် ဆုံး နေ့ များ ကို ၄ တန်း မအောင် ခင် ကတည်း က ဖတ် ဖူး ခဲ့ တယ် ။ ၁၀ တန်း အောင် ပြီး ချိန် မှာ ၃ ခေါက် လောက် ပြန် ဖတ် ဖူး တယ် ။
ယခု ထိ လည်း ရွာ ကို ပြန် ရောက် တိုင်း မမှတ် မိ တဲ့ နေ ရာ တွေ ဖတ် တုန်း ပါ ပဲ ။
၂၀၀၉ ခု နောက် ပိုင်း
ဒေါက်တာ နေဇင်လတ် စာအုပ် တွေ ဖတ် ဖူး လာတယ် ။
၂၀၀၇ ရွှေ ဝါ ရောင် နောက် မှာ ရှောင် ရှား ရင်း တပ် မတော် သမိုင်း တွေ နဲ့ ၈၈ အရေးတော် ပုံ ကာ လ က သတင်းဂျာနယ် တွေ (၃) လ ခန့် ရွာတစ်ရွာ (xxx) မှာ အချိန် ယူ ဖတ် ခဲ့ ရတယ် ။
၁၉၉၀ ရွေး ကောက်ပွဲ အဖေ နဲ့ အမေ သက် စွန့် ဆံ ဖျား အရဲစွန့် ပြီး မဲ ထည့် ခဲ့တာ မှတ် မိ တယ် ။
မဆလ ခေတ် က လည်း အဖေ က ရွေးကောက် ပွဲ ကော် မရှင် ထဲ ပါ လေ့ ရှိ ခဲ့ တယ် ။
မဆလ စီးပွားရေး ခေတ် က သေဒဏ် အထိ ထိုက် တဲ့ ကုန် ပစ္စည်းတွေ တိတ်တိတ် သယ် ဆောင် ရောင်းဝယ် ရတာ တွေ လှည်း တွေ နဲ့ ဘူတာ သေး လေး တွေ ကနေ အမရပူရ ဘူတာ ကို ပို့ ရတာ တွေ ။ အဲဒီ ကနေ မန္တလေး အရောက် တိတ်တဆိတ် သယ် ယူပို့ ဆောင် ရောင်း ဝယ် တာ တွေ ကိုယ်တွေ့ သိ ခဲ့တယ် ။
ရွာကထွက်တဲ့ ပဲ၊ နှမ်းစသည်တို့ ကို အရောင်းအဝယ် လုပ်ခဲ့ရ ပုံ တွေ ပါ ။
အဲဒီခေတ် စီးပွားရေးကို မဆလ ချုပ်ကိုင် ခဲ့တယ် ။
မဆလ ခေတ် စပါးတွေ သိမ်း လို့ အော် ငိုရတာ တွေ အချုပ် ထောင် ထဲ ကို ရွာသားတွေ ခေါ် သွား တာ တွေ ကို ကိုယ် တိုင် မြင် ခဲ့ တယ် ။
စစ်တပ် အာဏာသိမ်း ပြီး လမ်း ဖောက် ရတာ ၊ ကျောက် ထုရတာ လမ်း ခင်း ရတာ တွေ ကိုယ် တိုင် လုပ်ခဲ့ဖူး တယ် ။
ရဟန်း ဘဝ ရောက် တော့ စစ်တပ် မှ အဖွဲ့တို့ ၏ အဆိုး တွေ များ စွာ ကိုယ် တွေ့ ရှိ ခဲ့ သူတွေ နဲ့ ထိတွေ့ နေ ထိုင် ခဲ့ ရတယ် ။
၂၀၁၂ အထိ NLD ပါတီ ထောက် ခံ ခဲ့တယ် ။ အားပေး ခဲ့တယ် ။
အဲ ဒီ မတိုင်ခင် မှာကတည်းက ကုလား ပြဿ နာတွေ တဖြည်း ဖြည်း ပေါ် လာနေခဲ့ တယ် ။
အစိုးရ က ဝါဒ ဖြန့် နေ တယ် ပဲ ယူ ဆခဲ့ တယ် ။ နောက် အမှု တွေ က ကိုယ့်ပတ်ဝန်း ကျင် ရောက် လာ တယ် ။
Online ပေါ် မှာ နေရာတွေ လိပ်စာ တွေ နဲ့ ကိုယ် တိုင် လိုက် ကြည့် ဖြစ် တယ် ။
အမှန် ကယ် ဖြစ်ပျက်နေ တာ တွေ တိုင်းရင်းသူတွေ့ အလွန် ဆင်းရဲဒုက္ခ ရောက် နေ ကြ တာ တွေ အများကြီး တွေ့ ရ တယ် ။
သမ္မတ ကြီး ကို ထောက် ခံ ပွဲ လုပ် တယ် ။မိမိက ဓာတ် ပုံ လိုက်ရိုက် တာ၊ မိမိ စာမျက် နှာမှာ သတင်းရေးတင် ထက် မပို ဘူး ။
ဒီမို ကရေစီ အလေ့ အကျင့် စ လေ့ ကျင့် ပေးနေ တယ် လို့ ယူ ဆ ခဲ့ တယ် ။
၈၈ မင်း ကို နိုင် တို့ မစိုးရိမ် တိုက်ကြီးမှာ လာ ဟော ပြော တယ် ။ သွား နား ထောင် တော့ ဘုန်းကြီးတွေ ကို အသုံးချ ချင် လို့ မြှောက် ပေး တဲ့ ပုံစံ စကား အသုံး အနှုန်းတွေ ကို သုံးသပ် မိ တယ် ။
ဖွင့် မပြောခဲ့ သေး ဘူး ။
Online မှာ ဒီမို လူ့အခွင့် အရေး က လူတွေ နဲ့ ချိတ် မိ တယ် ။ နောက် တော့ သမ္မတ မကောင်း ကြောင်း ထက် အစိုးရ မကောင်း ကြောင်းတွေ နဲ့ တိုက် ခိုက် ရေး သား ကြတာ တွေ များတာ တွေ့ထိရ တယ် ။
ဒေါ် စု ကြည် လွှတ် တော် အမတ် ဖြစ် ပြီး ကျမ်း မကျိန် ဘူး ဆို တာဟာ မိမိ၏ ထောက် ခံမှု နောက် ဆုံး ပဲ ။
နောက်ဆုံး တော့ ပလီပလာပြောနိုင်မက ပြောပြီး
ကျမ်း ကျိန် လိုက် ရတယ် ။
အဲဒီက စတာ ပဲ ။
ရခိုင် သီတာထွေး ကို ကုလား မုဒိန်း ကျင့် သတ် တာ
ဟုတ် သည် ဖြစ် စေ၊ မဟုတ် သည် ဖြစ် စေ ရခိုင် တိုင်းရင်း သူ ဖက် က ပဲ ရပ် တည် နေရမည့် အ ချိန်
ကုလားမော် လဝီ (၁၀) ယောက် တောင်ကုတ် မှာ ထင်တယ် သတ် ခံ ရတယ် ။
လူ များ စု တိုင်းရင်းသား က လူနည်းစု ဘာ သာ ခြား ကို အနိုင်ကျင့် တယ် ဆို တာ မကောင်း ဘူး
ဆို တာ ဒေါ် စု ကြည် ပြော တာ လို့ သိ ခဲ့ တယ် ။
အဲဒီ ကနေ
ကု လား ကို ကုလား ခေါ် တာ ဘာညာ ဘာညာ တွေ ကနေ ပြီး ဒေါ် စု ကြည် နဲ့ ကုလား ရာ ဇ ဝင် ဖော် ထုတ် သူ ဖြစ် လာ တယ် ။
မိမိ က အင်္ဂလိပ် ကို ရေ လည် အောင် ရေးတတ် ဖတ် တတ် ပြောတတ် သူ ဖြစ် တယ် ။
နိုင်ငံတကာ က အနေ အထား တွေ သတင်းတွေ လည်း ဖတ် ဖြစ် တယ် ။
သမ္မတ ကြီး ဦးသိန်း စိန် ရဲ့ အခက် အခဲ တွေ ကို တွေ့ လာ ရတယ် ။
အဆိုး ဆုံး က စီးပွားရေး ပိတ် ဆို့တာ ကို လက် နက် ကြီး အဖြစ် ကိုင် ထား တဲ့ ဒေါ် စုကြည် တို့ ကို ပြန် လည် တိုက် ခိုက် မှ ဖြစ် တော့ မယ် ဆို တာ လည်း သိ လာ တယ် ။
ငယ် ငယ် က ရေကြောင်းသိပ္ပံ လေ့လာသင်ယူခဲ့စဉ် က ဆရာသမား ရေတပ် ဗိုလ်မှုးကြီး ဟောင်း တစ် ဦး ပြော တာ တွေ အမှတ်ရ လာ တယ် ။
The Leader is right or wrong, this is our country .
တဲ့ ။
တိုင်း ပြည် ရဲ့ ခေါင်းဆောင်ဆိုတာနဲ့ခင်များတို့ နှင့် သဘောထားတိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည် ဖြစ်စေ ခင်များတို့ သဘောထား ရပ်တည်ချက်က ဒါ ဟာ ငါတို့ မိသားစု ပဲ ဆိုတဲ့ မိသားစုစိတ်ဓာတ် ရှိနေဖို့ ပါ ပဲ တဲ့ ။
မိမိ ရဲ့ ဖခင် ကြီး ရဲ့ မြန်မာပြည် အပြောင်း အလဲ ဒီ ထက် ပို ပြီး မျှော် မှန်း လုပ် ကိုင် ရင် မှား လိမ့် မယ် ဆို တာ တွေ အမှတ် ရ လာတယ် ။
အဖေ က ကွန်မြူ နစ် စာပေများစွာ လေ့ လာခဲ့ဖူး ပြီး ကျောင်းအုပ် ဆရာကြီးလုပ်ခဲ့သူ ။
တစ် ဆွေလုံး တစ် မျိုးလုံး NLD ပါတီဝင် တာ ကို အား ပေး ထောက် ခံ ခဲ့ သူ ။
နောက် ဆုံး တိုတို ပြော ရ လျှင်
ဒီ နေ့ အထိ ဒေါ် စု ကြည် တို့ NLD ဟာ အစိုးရ ဥပဒေ ဆိုင် ရာ ကိစ္စတွေ မှာ ကောင်း စွာ မကြေညက် တာ သိလာ ရတယ် ။
ကိုယ်ပိုင် စီးပွားရေးနှင့် ပါတ်သက်သော မှုဝါဒ တွေ မရှိတာ သိလာ တယ် ။
Management ပိုင်း Leadership ပိုင်း State Building ပိုင်း Capacity Building ဘာတစ်ခု မှ မရှိတာ သေချာ သိခဲ့တယ် ။
စနစ်တကျ မွေးမြူ လေ့ ကျက် ထား တဲ့ ခေါင်း ဆောင် အရည် အချင်း ရှိသူတွေ မွေးမြူ လေ့ကျက် ထားမှု မရှိတာ တွေ့ လာ ရတယ် ။
အကြံ ပြု ခဲ့ စဉ် က တာဝန်မဲ့ စကား နဲ့ တော်လှန်ရေး စကား ပဲပြော တတ်တာ သိလာရတယ် ။
တော် လှန်ရေး အတွက် စည်းရုံး လှုံ့ဆော် မှု တွေတော့ အားကာင်းခဲ့ တယ် ။
သတင်း မီဒီယာ ဂျာနယ် လောက တော်တော်များ ကို ကိုင် ထား နိုင် တာ၊ စစ်တပ်ကို အမုန်းတရား နဲ့ ဖွဲ့တည်ထားတဲ့ မီဒီယာ တွေ ထောက်ပံ့ မီးထိုးနေမှုတွေ ၊ လက်ဝဲ လက်ကျန် တွေ တော်လှန်အတွေး အခေါ် ရှိ နေ သူတွေ ရှိ နေသေးတာ NLD အတွက် အား သာ ချက်လိုလို ဖြစ် ခဲ့ တယ် ။
ယနေ့ အင်တာနက် သုံးသူတွေသာ မြန်မာပြည် မှာ မကျယ် ပြန့်ခဲ့ရင် NLD ဟာ တော် တော် ကို လွှမ်း မိုး နေခဲ့ ဦး မှာ ဖြစ် တယ် ။
လက် ပန်း တောင်း တောင် မှာ NLD ပါ တီ ရပ်တည်ရေး နဲ့ လက်ပန်းတောင်း တောင် ကို လဲ ခဲ့တယ် ။
မထင် မှတ် တာကို အစိုးရ အဖွဲ့ စ ကြုံ ရတယ် ။ နောက် တော့ NLD ဒေါ် စု ကြည် တို့ လက် ပန်းတောင်း တောင်ရဲ့ တရားခံ ဖြစ် သွား ခဲ့ တယ် ။
အာဏာ မရှိ လို့ တွင် တွင် ပြော ပြီး လက်ပန်းတောင်း တော် စီမံကိန်း ဆက်လက် လုပ်ကိုင်စေသင့် သည် လို့ ရေး သား ခဲ့ တယ် ။
ကလေး ချော့ အဖြစ် လျော်ကြေး ပေးရ မယ် လောက် ထည့် နိုင် ခဲ့တယ် ။
ဟန်းဝင်အောင် တို့ ဆို တဲ့ သူ တွေ ကို NLD တွေ က တရားခံ သတ် မှတ် ခဲ့ ကြ တယ် ။
ပြဿ နာ ရဲ့ အဖြေ ကို မရှာ ခဲ့ ကြ ဘူး ။
တွေ့ ဆုံ ဆွေး နွေးရေး
ဘာကြီး ပဲ ပြော မှာ လို တွေ့ လိုက်ရင် တပ်ချုပ်ကိုပဲ ပါး ဆွဲ ရိုက်လိုက် မှာ လို လို မိုး တစ်လုံး လေ တစ် လုံးပြော ခဲ့ တယ် ။ တစ် ကယ် တွေ့ ချိန် မှာ ပါ တီ ဗဟိုကော်မတီ အစည်း ဝေး မလုပ် ခဲ့ ရ လို့ လို လို ဘာလိုလို အမျိုးသမီးပီပီ စကားပြော ခဲ့ တယ် ။ ဒါသည် အရည် အချင်း ပါ ။ တကယ် ဘင်္ဂလားဒေ့ရှ် နဲ့ ဖြစ် လာ ရင် ၊မိနစ် ပိုင်း အတွင်း ဒုံကျည် လွှတ် သင့် လွှတ် ဖို့ သမ္မတ နဲ့ ကာ ချုပ် တို့ အဆင်သင့် ဆုံးဖြတ် နိုင် တယ် ။ နောက် မှ ပြည် ထောင်စု လွှတ် တော် အကြောင်းကြားသင့် ကြားပေးရုံ ပဲ ။
သမ္မတ တွေ လည်း အစည်း အဝေး မလုပ်ထား ဘူး ။
တပ် ချုပ် တို့ လည်း အစည်း အဝေးမလုပ်ထား ဘူး ။
ပြော စရာရှိ တာ ပြော ရုံ ပဲ။ ထား လိုက် ပါတော့ ။
စိတ် အနာ ဆုံး ကတော့
အမျိုးစောင့် ဥပဒေ ကိစ္စ ပဲ ။
လူ တိုင်း သိ လို့ မပြော တော့ ဘူး ။ ရုပ်တုလုပ်ပြီး ကိုးကွယ် ပါမယ် ကမ်း လှမ်း ခဲ့ တာ တောင် အာဏာ ဘဝင် လေ ဟပ် ခဲ့ တယ် ။ အခု တော့ သိတဲ့ အတိုင်းပဲ ဘာသာရေး ကို သမ္မတ က အသုံးချ တယ် စပ်စွဲ လာ တယ် ။ ဒါ ဦးသိန်းစိန် ရဲ့ လှည့်ကွက် စွပ်စွဲ ခဲ့ ကြတယ် ။ ကိုယ်လည်း ကမ္ဘာ့လူလည် နိုင်ငံရေး နိုဗယ် ဆု တောင်ရထား သူပဲ ၊ ပြန်ပြီး နိုင်ငံရေး လှည့်ကွက်တွေ လုပ် ပစ် ပါ လား ။
အဲဒီ အချိန် မှာ ပဲ တိုင်းရင်းသား တွေ နဲ့ ရန် တိုက် ဖို့ ပြင် ဆင် လာတယ် ။
တပ်မတော် အဆင့် မြှင့်တင် နေ တာ ကချင် သောင်းကျန်းသူ ကို သတ် ဖို့ မဟုတ် ဘူး ။ KNU ကို နှိမ် နင်း ဖို့ မဟုတ် ဘူး ဆို တာ သိသိ ချည်း နဲ့ အစိုးရ နဲ့ စစ် တပ် ကို တိုက် ခိုက် လာတယ် ။
နှစ် ပေါင်း ၆၀ လောက် စစ် အတွေ့ အကြုံ ရှိ ထား သူ ကို နှစ် ၂၀ လောက် သက်တမ်း ရှိ တဲ့ ပါတီ က ဘာ လုပ် နိုင် မှာ တဲ့ လဲ။
မြန်မာပြည် အနာဂါတ် သားစဉ် မြေးဆက် အေးချမ်း သာယာ ဖို့ အရေး ထက် သူ့ တို့ အာဏာရရေး လုပ် ရတာ က ဒီ ဒေါ် စုကြည် က လွှဲ ရင် NLD ပါ တီ မှာ ဒေါ် စုကြည် ထက် သာ သူ မမွေးထုတ် နိုင် တာ ကို အဖြေ အဖြစ် တွေ့ ရတယ် ။
စစ်တပ် မှာ ယနေ့ တပ် ချုပ် ထက် သာလွန် ထက်မြက် သူ တွေ အဆက် မပြတ် မွေးထုတ် ထား တယ် ။ လက်တွေ့လည်း သမ္မတ ၊ ကာချုပ် တို့ ခရီးစဉ် တိုင်း မှာ လူငယ်တိုင်းမှုးတွေ၊ ပညာရှင် အရာရှိကြီးတွေ အကုန် လိုက်ပါ ချိတ်ဆက် ပေးထားတယ် ။
ကုလား တွေရဲ့ ရန် ကို တကယ် ကာကွယ် နိုင် တာ ဒီမိုကရေစီ နဲ့ လူ အခွင့်အရေး လို့ မိမိ တို့ မယုံကြည်ဘူး ။
ဒီ နေ့ ကမ္ဘာ မှာ တစ် ရက် ကို ၅ ယောက် နှုန်း လောက် လည် လှီး အသတ် ခံ နေ ရ ပြီ ဖြစ် တယ် ။
ခရစ် နဲ့ အစ် ဘာသာရေး ယဉ်ကျေးမှု စစ် ပွဲ ကြား မှာ ဗုဒ္ဓဘာ သာ တွေ အချိ န် တို အတွင်း ပျောက် ကွယ် သွား နိုင် တာ ကို အထူး သတိ ထား ဖို့ လိုတယ် ။
ဒါ ကြောင့် တရုတ် ရဲ့ လူ မျိုးရေးရန် ထက် ဘာသာ ယဉ်ကျေးမှု ရန် အတွက် ကုလားရန် ကို သာ ဦးစား ပေး ကာကွယ် နေရခြင်း ဖြစ်တယ် ။
မိမိ ငယ် စဉ် ကတည်း က တရုတ် နှင့် ကုလား သာ အပေါင်း အသင်း များ ခဲ့ ပါတယ် ။
တောသား ဖြစ် ခြင်းကြောင့် မြို့ မှ မြန်မာ ကျောင်း သား များ နှင့် ရှေးဦးစွာ ခင်ခွင့် မရ ခဲ့ ခြင်း ကလည်း အကြောင်း တစ် ချက် ဖြစ် ပေ မည် ။
ရွာမှ ၄ တန် အောင် ပြီး ကျောင်း စ တက် စဉ်
မိမိ ကုလား နှင့် တရုတ် ၃ ယောက် တစ် တန်း ထဲ အတူ ထိုင် ခဲ့ရပါသည် ။
တရုတ် ဘုံကျောင်း ရောက် ဖူး သလို
ကုလား ဗလီ လည်း ရောက်ဖူး စား သောက် ဖူး သည် ။
၁၀ တန်း အောင် ပြီး ရန်ကုန် လှိုင် တက္ကသိုလ် စတက် စဉ် က လည်း တရုတ်မ များ ကုလား မ များ နှင့် သာ ပို မို ရင်း နှီး ခဲ့ဖူး သည် ။
ရေကူးသင်ပေးခဲ့သည် မှာ တရုတ်မလေး ဖြစ် ပြီး ကန်ပြူတာ သင်ပေးခဲ့ သည် မှာ ကုလားမလေး ဖြစ် ပါသည် ။
ရှိပါ စေ တော့ ။
စစ်တပ် အနေ အထား ကို ကြည့် မိ သည် ။
၁၉၄၈ မှ သခင် ကိုယ် တော် မှိုင်း အုပ် စု မှ ခေါင်း ဆောင် မှု များ ခဲ့ပြီး နောက် သခင် ဗစိန် တို့ အုပ် စု မှ ဦး နေဝင်း တို့ ဦး ဆောင် သကဲ့ သို့ ဖြစ် ခဲ့ သည် ။
မည် သို့ ဆိုစေ
စော စမစ် ဒွန်း သား ကာ ချုပ် မဖြစ် သလို
ဗိုလ် နေ ဝင်း မြေး လည်း တပ် ချုပ် ဆက် မလုပ် ရ တော့ ပါ ။
စစ်တပ် အနေဖြင့် လည်း လူ ထု အပေါ် ဆက် ဆံ ပုံ မှာ ယခု အထိ အချိုး မပြေ စစ် အာဏာ ငန်းဖန်း ရော ဂါထဆဲ တပ်မှုးများ ပင် ရှိနေသေးတာကို ပြုပြင်ဖို့ လိုသေးတယ် ဆိုတာ ဝန်ခံ ရပါမယ် ။
၂၀၁၂ မဲ ရှုံး ရတာ ကို သေ ချာ မှတ် သားပြီး ဒဂုံစီတီးစီမံကိန်းလို၊ အခွန်ရှောင် စစ်ဗိုလ်ချုပ်ဟောင်း တရုတ် ကုလား လုပ်ငန်းရှင် များ ကိစ္စ ကို ပြတ်ပြတ်သားသား ဖြေ ရှင်း ပေး ဖို့ လို ပါ တယ် ။
ယနေ့ ဦး သိန်း စိန် တို့ လည်း တောင်သူ သား သမီး မှ သမ္မတ ဖြစ် လာ ခဲ့ ပါ သည် ။
မြန်မာ ပြည် သူ များ ပို ၍ ကြိုး စား ကြ စေချင် တယ် ။
ကိုယ့် နိုင်ငံ ကိုယ့် သမ္မတ ကို နှိမ့် ချ သော စကား ပြောထားသူများ သည် တရားသဘောအရ မနက် ဖြန် သေ ကြ ရတော့ မည် ဆို လျှင် ဒီ သမ္မတ မကောင်းကြောင်း၊ ယုတ်ညံ့ကြောင်း၊ စာမတတ်ကြောင်း ၊ အဆင့်မရှိ ကြောင်း၊ လူရာမဝင် ကြောင်း ဆက် ပြော နေ ကြဦး မည် လား ။
ဒေါ် စုကြည် ကို ကုလား မယား မခေါ် ကြသင့် သလို
ဦး သိန်းစိန် ကို စစ်ခွေး ဟု မခေါ် ကြသင့် ဟု ထင် သည် ။ ဦးသိန်းစိန် ကြောင့် ဒီနေ့ ဒေါ်စု ဆိုတာ လွှတ်တော်ထဲ မောင်းသွင်းမှန်းမသိ မောင်းသွင်း ခံရတာ နားလည်ကြ ပါ ။
အမေရိကန် အင်္ဂလန် ဂျပန် တရုတ် ၊ အိန္ဒိယ အာဆီယံ တစ်လွှား အာဖရိက နိုင်ငံတွေ ပါ သွားရောက် လည်ပတ် ချစ်ကြည်ရေးတွေ တည်ဆောက်နိုင်တာ ဦးသိန်းစိန် "အ" လို့ မဟုတ်ပါ ။ နိုင်ငံတကာ ကြွေးမြီများ လျှော်ပစ်နိုင်ခဲ့ မှု ၊ယနေ့ လမ်းမပေါ် မှ မော်တော် ကားများ ၊ လူတိုင်း ကိုယ် စီ ကိုင်ထားကြသော ဟန်းဖုန်းများ သည် ဦးသိန်းစိန် လူရာမဝင် စာမတတ်ခဲ့သော် မည်သို့ လုပ်ပေး ခဲ့ နိုင်မည် နည်း ။
သူ့နောက် မှ အကြံပေး အဖွဲ့ပင် လေ့လာကြည့်ပါဦး ။ သူ့နောက် မှာ ဝန်ကြီး ဝန်ငယ် များစွာ လှုပ်ရှားနေကြပါသည် ။ သူ့နောက် ရဟန်းသံဃာထု မရှိဘူး ထင် လျှင် မဟန၊ မ ဘ သ ၊ဗဟ်ုရ် ဝန်ဆောင်၊ မြို့နယ် တိုင်းသံဃာ့မဟာနာယကတွေ ၊တိုက်တာ ဝန်ဆောင် ၊ စာချ ၊ စာသင် အရှင်များ ၊ ကျေးလက် ဒေသ က ဘုန်းကြီးတွေ ပြည်တွင်း ပြည်ပ တက္ကသိုလ် အသီးသီး ကျောင်းတိုက် အသီးသီး ဝင် မေးကြည့် ကြပါတော့ ။
သင်ရော သင်မိသားစု ဘိုးဘွား အစဉ်အဆက်က အကြွေးတွေ ရှိခဲ့လျှင် လျှော် ပစ် ရအောင် အောက်ကြို့ခံ ပြောရဲသော သတ္တိရှိပါ ၏ လား ။
၂၀၂၀၊ ၂၀၃၀၊ ၂၀၄၀၊ ၂၀၅၀ လောက် အထိ အသက် ရှည် ကြ ဦး မည့် သူ များ သေချာ စဉ်းစား ကြ စေ ချင် သည် ။
မိမိ တို့ သား သမီး မြေး များ သည်
အသက် ၂၀ အရွယ် ၁၀ နှစ် အရွယ် ၅ နှစ် အရွယ် များ ပါ ဝင် ပါ သည် ။
သူ တို့ သည် နောင် အနှစ် ၂၀ ၊ ၃၀၊ ၅၀ လောက် မှာ ဒီ တိုင်းပြည် တာဝန် ထမ်း နိုင် ဖို့ ယခု ကတည်း က သေချာ လေ့ ကျက် ပေး ထားခဲ့ ကြ ဖို့ လို ပါ မည် ။

credit//
အရှင် ဝိစာရ
မြတောင်ကျောင်းတိုက်
မဟာ ဗန္ဓုလကျောင်း
09 20 55 445
09 79 20 55 445