Sunday, August 23, 2015

စိတ်မရှည်သော တရားလို ကို တရားပြိုင်သတိပြုပါ

စိတ်မရှည်သော တရားလို ကို တရားပြိုင်သတိပြုပါ

သက်သေခံအက်ဥပဒေ ပုဒ်မ ၁၆၄ ၏ ဥပမာ တွင်-
A က B အပေါ်တွင် ကတိစာချုပ်အရ တရားစွဲဆို၍ ထိုကတိစာချုပ်ကို တင်ပြရန် B အား အကြောင်းကြားစာပေးသည်။ အမှုစစ်ဆေးသည့်အခါ A က ထိုစာချုပ်ကို တောင်းဆိုသော်လည်း B က တင်ပြရန်ငြင်း ဆိုသည်။ A က ထိုစာချုပ်ပါအကြောင်းအရာများ နှင့်စပ်လျဉ်း၍ ဒုတိယဆင့် သက်သေခံချက် တင်ပြသည်။
B ကA တင်ပြသည့်ဒုတိယဆင့် သက်သေခံချက်ကို ဆန့် ကျင်ရန် မူရင်းစာချုပ်ကို တင်ပြ လိုသော်လည်း တင်ပြခွင့်မရှိပါ။
ပုဒ်မ ၁၆၄ ၏ မူရင်းဆိုလိုချက်က စာချုပ်စာတမ်း တင်ပြဘို့ အကြောင်းကြားစာ ရပြီးဖြစ်လျက် တင်ပြရန်ငြင်းပါက နောင်တွင် ထိုစာရွက်စာတမ်း သက်သေခံတင်ပြခွင့်မရှိ ခြင်းကို ဆိုထားပါသည်။
ပြဌာန်းချက်နှင့် ဥပမာ ကို ယှဉ်တွဲလေ့လာကြည့်ပြီး အတွေးတစ်ခု ဝင်လာပါသည်။ သူများလက်ထဲ(ဆန့်ကျင်ဘက်အမှုသည်) လက်ထဲရှိသည့် စာတမ်းကို သူ့ ဘက်(တရားပြိုင်) စစ်မှတင်ပြလိမ့်မယ်ပေါ့ ဘာကြောင့် တရားလိုက စိတ်မရှည်ရတာလဲ
နောက် တရားပြိုင်က ငြင်းလို့  ဒုတိယဆင့် တင်ပြ ထားပေမယ့် ဘာကြောင့် ကိုယ့်အလှည့် (နောင်တွင်) မူရင်းတင်ပြခွင့်မရှိရ ပြန်တာလဲ
ဒုတိယ အဆင့်ထက် မူရင်းက ပိုကောင်းသည့် သက်သေခံချက် မဟုတ်ပေဘူးလား
တရားမကျင့်ထုံးနှင့် စဉ်းစားပါမယ် တရားလိုဘက်စစ်တာ တရားပြိုင်က စာတမ်း တင်ပြခွင့် မရှိသေးဘူးလေ ခွကျကျ အတွေး ကြောင့် စဉ်းစားရကြပ်ပါသည်။ သို့ ပေမယ့် ရှေးပညာရှိကြီးများမှ လိုအပ်၍ ပိတ်ပင်မှုမြောက်နိုင်သည့် အခြေအနေ များထည့်သွင်းပေးထားပြီး အိပ်ပျော်နေသူကို ဥပေက္ခာ ပြုခိုင်းတာဟု သဘောပိုက်ပါသည်။
စိတ်မရှည်သော တရားလို ကို သတိပြုခြင်းက ပိုကောင်းမည်ဟုသာ***********

credit//
ထက် ကိုကို

No comments:

Post a Comment