ရဟန်း သံဃာတော် နှင့် တရားမဥပဒေ
**************************
သောင်းပြောင်း ၁ ၂ ၃ ပေါင်း အခန်း ၄၅ တွင် ရဟန်းတော်များနှင့် တရားမ ဥပဒေ ဆက်စပ်ပုံ စီရင်ထုံးများ
စုစည်း ထားသည်မှာ ဖတ်၍ မပျင်းနိုင်လောက်အောင်ရှိပါသည်။
ထို များပြားသော စီရင်ထုံးများမှ ဗဟုသုတ ဖြစ်ဖွယ် စီရင်ထုံးတစ်ခုကို သတိထားမိပါသည်။
မောင်နီ နှင့် မောင်သက်ရှည် ၁၉၂၁-၂၂ အထက်မြန်မာ ၁၅၉ အမှုတွင် မောင်နီသည် ဖခင်နှင့်မိထွေး တို့ ကွယ်လွန်ပြီး လေးလခန့် အကြာ ရဟန်းဘဝမှ လူထွက်လိုက်ရာ ၄င်း၏ ဆုံးရှုံးပြီးသော အမွေဆက်ခံခွင့်ကို ပြန်လည်ရခွင့် ရှိမရှိ ပြဿနာ ပေါ်ပေါက်သည်။
အယူခံရုံးက မောင်နီ၏ ဖခင် နှင့် မိထွေး ကွယမလွန်စဉ် မောင်နီ မှာ ရဟန်းဝတ်လျှက်ရှိသဖြင့် သူတို့ ၏ အမွေကို ရခွင့်မရှိသည့်အလျောက် အမွေမှာသူတို့ ၏ အနီးဆုံး ဆွေမျိုးများအပေါ် သက်ဆင်းသွား ကြောင်း မောင်နီ လူထွက်လာသည်ကို အကြောင်းပြုပြီး ထိုဆွေမျိုးများက ရရှိပြီးအမွေကို လက်လွှတ်လိုက်ရမည် ဆ်ုခြင်းသည် သဘာဝမကျဟု ဆုံးဖြတ် ခဲ့ပုံ ဖော်ပြထားပါသည်။
It must therefore be taken as settle law that anyone who is a pongyi or rahan at the time of the death of any of his relations is not entitled to inherit from them
သုံးသပ်ချက်ကတော့ အရှည်ကြီးဗျ ကျနော်လည်း အင်္ဂလိပ်စာ သိပ်မကျွမ်းတော့ အကုန်မဖတ်နိုင်ပါဘူး။ သဘောကျ တဲ့ အသုံးအနှုန်းလေးက ဘုန်းကြီးကို pongyi ရဟန်းကို rahan လို့ အရေးအသား နဲ့ စာကြောင်းတည်ဆောက်ပုံပါ။
မှတ်သားလို့ ရသည့် အမြင်တစ်ခုက ရဟန်းဘဝ ဖြင့် လူ မိဘထံက အမွေဆက်ခံ၍ မရခြင်း ဟူသည့် သဘောတရားဖြစ်ပါသည်။
credit//
ဆရာ ထက် ကိုကို
No comments:
Post a Comment