နာမည်ကြီး မျှတစွာဝေဖန်ရေး အယောင်ဆောင်အွန်လိုင်း စာရေးဆရာကြီးများ၏ ဝါဒမှိုင်းများ
အခုအွန်လိုင်းပေါ်မှာ ဝါဒမှိုင်းအသစ်တမျိုးပေါ်ပေါက်လာပါတယ် ။
အရင်တုန်းကလို မရှိရှိတဲ့ အစိုးရကောင်းကြောင်းတွေကိုအတင်းချပြီး ပြည်သူတွေကိုယုံခိုင်းတာမျိုး မဟုတ်တော့ဘဲ ။ ငါတို့ကကြားနေကွ အစိုးရလည်းဝေဖန်မယ် ၊ အတိုက်အခံလည်းဝေဖန်မယ်ဆိုတဲ့ ပုံစံနဲ့ အသိပညာအခြေခံ မရင့်သန်သေးတဲ့ပြည်သူတွေကို ဝါဒဖြန့်တဲ့ဝါဒမှိုင်းတစ်ခုပေါ်ပေါက်လာပါတယ် ။ ဒီနေရာမှာ ဝေဖန်ရေးဆိုတာ အကြမ်းအားမျဉ်းအားဖြင့် (၃) မျိုးရှိပါတယ် ။
့(၁) ဝေဖန်ရေးလုပ်ငန်းမှာတကယ်ကျွမ်းကျင်လို့ တကယ်တတ်လို့ ဘယ်သူဘက်ကိုမှ မလိုက်ဘဲ အခြေအနေအရပ်ရပ်အမှန်ကို ပညာနဲ့ပဲချိန်ထိုးဝေဖန်ပြတာပါ ။ ဒီနေရာမှာ ဘက်လိုက်မှုသဘော မပါပါဘူး ။
့(၂) ကိုယ်လိုချင်တဲ့ ပွိုင့်တစ်ခုကိုရလာအောင် ၊ ကိုယ် ပေးချင်တဲ့ မက်ဆေ့တစ်ခုစာဖတ်သူရအောင် အမှန်တရားတစ်ခုအပေါ်အခြေခံပြီးဝေဖန်ပြတာပါ ။ ဒီနေရာမှာတော့ ဘက်လိုက်မှုသဘောပါပါတယ် ။
့(၃)ကိုယ်မကြိုက်တဲ့သူကို အပြစ်မရှိအပြစ်ရှာ ၊ သေးသေးလေးကိုအကြီးကြီးဖြစ်အောင်ပြောပြီး ၊ မဟုတ်တာတွေရော ဟုတ်တာရော အကုန်အပုတ်ချ သတင်းလွှင့်ပြီး မှန်တာမမှန်တာဂရုမစိုက်ဘဲ အတင်းဝေဖန်တာပါ ။ ဝေဖန်ရေးသဘောထက် မမှန်မကန်တိုက်ခိုက်တာလို့ခေါ်ဆိုနိုင်ပါတယ် ။
ဒီဝေဖန်ရေးသဘောတရား (၃) မျိုးမှာ နံပါတ် (၁) ပုံစံ ပရော်ဖက်ရှင်နယ်ကျကျ ဝေဖန်ရေးသမား မြန်မာနိုင်ငံမှာ မရှိသလောက်ကိုရှားပါတယ် ။ ဒါပေမယ့် အယောင်ဆောင် ဘက်မလိုက် ဝေဖန်ရေးသမားတွေအများကြီးတော့ပေါ်ပေါက်လာပါတယ် ။
တကယ်ကျွမ်းကျင်စာပေပညာရှင်ကြီးတွေ ၊ ကဗျာဆရာကြီးတွေ ၊ ပန်းချီဆရာကြီးတွေ ၊ သတင်းစာပညာရှင်ကြီးတွေ ၊ ဂျာနယ်လစ်တွေ ၊ ကာတွန်းဆရာကြီးတွေ နဲ့နယ်ပယ်အသီးသီးကကျွမ်းကျင် ပညာရှင်ကြီးတွေကစလို့ အွန်လိုင်းပေါ်စာတက်ရေးတဲ့ ကျွန်တော်တို့လို ပါချီပါချက် ငချွတ်လေးတွေဟာလည်း ဘာကြောင့် ကြားနေ ဝါဒကိုလက်မခံဘဲ ဘက်လိုက်ပြီး တဖက်တည်းကိုပဲဝေဖန်နေရသလဲ ။ ကျွန်တော်တို့ကတော့ ပညာရှင်အဆင့်မဝေဖန်တတ်လို့မဝေဖန်ပေမယ့် ပညာရှင်အဆင့်ဝေဖန်နိုင်တဲ့ဆရာကြီးတွေက ဘာကြောင့်ကြားမနေဘဲ တဖက်ကိုလိုက်နေရသလဲ ။ ဒီနေရာမှာဥပမာကောင်းလေးတစ်ခုရှိပါတယ် ။
ချိန်ခွင်လျှာ ဥပမာ
တကယ်စစ်မှန်တဲ့ ဝေဖန်ရေးသမားကောင်းကြီးတွေဟာ ဘက်မလိုက်တဲ့ ပညာရှင်ကြီးတွေဟာ သမာသမတ်ကျတဲ့ချိန်ခွင်တစ်ခုက ချိန်ခွင်လျှာလိုပါပဲ ။ ဘယ်ဘက်ကိုမှ အတိမ်းအစောင်း အယိမ်းအယိုင်မရှိဘဲ အလည်တည့်တည့်ကနေပဲ ဝေဖန်ပါတယ် ။ အဲဒီလို ချိန်ခွင်လျှာအလည်မှာ တည့်တည့်ဖြစ်နေဖို့ လိုအပ်တာကတော့ ဟိုဖက်ဒီဖက်ချိန်ခွင်ရဲ့မျက်နှာပြင်ပေါ်မှာ ဘာအလေးချိန်မှ မရှိဘဲ ၊ ချိန်ခွင်ကြိုးတိုထားရှည်ထားတာမရှိဘဲ ညီနေတဲ့အချိန်မှ အဲဒီချိန်ခွင်လျှာကြီးတွေဟာ အလည်တည့်တည့်မှာဖြောင့်နေနိုင်တာပါ ။
အခုနိုင်ငံရေးဝေဖန်မယ်ဆိုရင် ချိန်ခွင်တဖက်တည်း မှာ ဘယ်သူ့ဆန္ဒမှမပါဘဲ ၂၅ ကျပ်သား အလေးတွေအတင်းထည့်ထားပြီး
့" ငါကတော့ကြားနေပါလို့ " အော်နေတဲ့ ဝေဖန်ရေးသမား ပညာရှင်အယောင်ဆောင်ကြီးတွေဟာ ချိန်ခွင်လျှာကြီးတွေသာဆို ဘယ်ဘက်ကိုထွက်နေမယ် ဆိုတာအထင်အရှားအမြင်သာကြီးပါ ။
ဒီတော့ ဆရာကြီးတွေကစလို့ ကျွန်တော်တို့လို ဘာမဟုတ်တဲ့ကောင်တွေအထိ စာရေးနေတာ ပြောနေတာတွေဟာ တကယ်တော့ဝေဖန်နေတာမဟုတ်ပါဘူး ။
ပြည်သူဆန္ဒမပါဘဲ အတင်းအလေးခိုးထည့်ထားတဲ့ ၂၅ ကျပ်သားကိုဖယ်ထုတ်ပြီး ချိန်ခွင်ကို ညှိဖို့လုပ်နေရတာပါ ။ ဒီတော့အတင်းအလေးခိုးထည့်ထားတဲ့ဘက်ကို တွန်းတာတွေ တိုက်တာတွေရှိနေမှာပါ ။ ဒါကို " မင်းတို့က အစိုးရမကောင်းကြောင်းပဲဝေဖန်တယ် ၊ ဟိုဖက်ဒီဖက် ဘက်မမျှဘူး မလုပ်ပါနဲ့ " ဘက်မျှအောင် အလေးခိုးထားတာ ဖယ်ပေးပါ လို့ပဲ ကျွန်တော်တို.ကပြန်တောင်း ဆိုမှာပါ ။
ဘာကြောင့်ကြားနေအယောင်ဆောင်ပေါ်ပေါက်လာရသလဲ
ဒီအချက်လေးကိုပြောချင်ပါသေးတယ် ၊ ကြားနေအယောင်ဆောင် အစွန်းထွက်ဝေဖန်ရေးသမားတွေကိုကြည့်လိုက်ပါ ။ ဟိုဖက်ကိုလည်းဝေဖန်ပြ ဒီဖက်ကိုလည်းဝေဖန်ပြနဲ့
မှန်သယောင်ဆောင်
နေပေမယ့် သူတို့ မလုပ်ရဲတာက အတင်းအကြပ်
အလေးခိုးထည့်ထားတဲ့ ၂၅ သားဖယ်ထုတ်ပြီး ချိန်ခွင့်ညှိဖို့ရယ် ၊ သူတို့မတောင်းဆိုရဲ မရေးရဲတာက အလေးခိုးထားတဲ့ ၂၅ကျပ်သား ထွက်သွားဖို့ရယ်ပါ ။ သူတို့ပုံစံက ၂၅ ကျပ်သားကို မသိအောင်တိုးယူထားပြီး ဟိုဖက်ကိုရော ဒီဖက်ကိုရော မဲမပေးဘူးကွာဆိုတဲ့လူတန်း စားတွေပေါ်လာအောင်ဖန်းတီးနေတာပါ ။ ဘောလုံးပွဲစကားနဲ့ပြောရရင် သရေဆိုရင်တောင် သူတို့အနိုင်ရအောင်စီမံထားတဲ့ စီမံကိန်း ဝါဒမှိုင်းတစ်မျိုးပါ ။
ဒီတော့ စစ်မှန်တဲ့၊တရားမျှတဲ့၊ပြည်သူဆန္ဒစစ်စစ်မှန်မှန်နဲ့ အရပ်သားဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာဖို့ ကတော့ ၂၅ကျပ်သားထွက်သွားမှကိုရမှာပါ။
့" တရားမှုနဲ့ မတရားမှုကြားထဲမှာ ကြားနေဆိုတာမိန်းမရွှင်ဝါဒ " ပါလို့လည်း ငရဲခွေးကြီး လွတ်နေသည်ဆောင်းပါးရေးတဲ့ ဦးညိုမြပြောခဲ့ဖူးပါတယ် ။
ဒီတော့
ပြည်သူဆန္ဒစစ်စစ်မှန်မှန်ဖြစ်ဖို့ မတရားဝင်ရောက်နေရာယူတာတွေမရှိဖို့ စနစ်တစ်ခုကိုပြောင်းလဲပေးနိုင်တဲ့ အစိုးရတရပ်ပေါ်ပေါက်လာဖို့ပြည်သူတွေမဝေဝါးကြပါနဲ့တော့ ။
ခိုးထည့်ထားတဲ့ အစိတ်သားကိုမဖယ်ဘဲ ငါတို့က ကြားနေကွလို့အော်ပြီး အယောင်ပြနေတဲ့ လူတွေရဲ့ဝါဒမှိုင်းတွေကို ကျွန်တော်ပေးတဲ့ ချိန်ခွင်လျှာဥပမာလေးမြင်ယောင်ပြီး လျှာတွေ အစိတ်သားနဲ့ပေါင်းပြီး ဘယ်ဖက်ကို အစွန်း ထွက်နေလဲ မြင်နိုင်ကြပါစေလို့ပြောကြားချင်ပါတယ်ခင်ဗျာ။
အလင်းရောင်
ပုံ=အင်တာနက်။
credit//
Lynn Zarni
No comments:
Post a Comment