သူငယ်ချင်း ။ ရှေ့နေတွေက မကောင်းဘူးကွ။ ငိုစားရီစား လူလိမ်လူကောက်တွေ။
ရှေ့နေ ။ အင်း ... ဟုတ်မှာပေါ့ကွာ။
ဆရာဝန်တွေလဲ လိုင်စင်ရထားတဲ့ လူသတ်သမားတွေကွ။ သူတို့လူသတ်တဲ့ သတင်းတွေ ခဏခဏကြားနေရတယ်။
သူငယ်ချင်း ။ ဆရာဝန်တိုင်းတော့ မဟုတ်နိုင်ပါဘူးကွာ။ ၂/၃ ယောက်လောက်ပဲ အဲလိုဖြစ်တာပါ။ ပြီးတော့ သူတို့လူသတ်တာလဲ မဟုတ်နိုင်ပါဘူး။ စေတနာနဲ့ကုသရင်း မတော်တဆ ဖြစ်သွားတာနေမှာပါ။
ရှေ့နေ ။ မင်းတို့ စက်ပြင်ဆရာတွေလည်း သူခိုး လူလိမ်တွေပဲကွ။ ငါ့စက်တွေပျက်လို့သွားပြင်ရင် ကောင်းတာကိုခိုးထားပြီး မကောင်းတာနဲ့လဲတယ် ပြီးရင် သေးသေးလေးကို အကြီးချဲ့ပြီး စက်ပြင်ခကို မတရားတောင်းတယ်ကွ။
သူငယ်ချင်း ။ မင်း ရိုးသားတဲ့သူနဲ့ မတွေ့ဖူးသေးလို့ပါကွာ။ ငါဆို အဲလို ဘယ်တော့မှ မလုပ်ဘူးကွ။ မကောင်းတာ ၁/၂ ယောက်ပါ။
ရှေ့နေ ။ အင်ဂျင်နီယာတွေလည်း သူခိုးတွေပဲကွ။ တံတားတွေ ဆည်တွေဆောက်ရင် ခိုးကြတာ အဲဒါတွေ ခဏနဲ့ ပျက်ပျက်သွားတယ်ကွ။ တိုက်ဆောက်ရင်လည်း တိုက်တွေက သဲနဲ့ဆောက်ထားသလားမှတ်တယ်ကိုယ့်လူ။
သူငယ်ချင်း ။ အကုန်လုံးတော့ မဟုတ်ပါဘူးကွာ။ စိတ်ဓာတ်မကောင်းတဲ့သူက အနည်းအကျဉ်းပါ။
ရှေ့နေ ။ မင်း ရှေ့နေ ဘယ်နှစ်ယောက်တွေ့ဖူးလဲ။
သူငယ်ချင်း ။ ဟာ ... တွေ့ဖူးတာပေါ့ကွာ။ ငါ ၂/၃ ယောက်လောက်ကိုတွေ့ဖူးတယ်။ သူတို့အားလုံး ငိုစားရီစား လူလိမ်လူကောက်တွေ။ အဲဒါကြောင့် ပြောတာပေါ့ ရှေ့နေတွေက မကောင်းဘူးလို့။
credit//
ထွန်းအောင် သား
့(ဥပဒေရေးရာ ထင်မြင်ယူဆ ဗဟုသုတများ) group
No comments:
Post a Comment