့"ထွေးပြီးတံတွေပြန်လွေးတတ်သူ"
့"စကားမပီ၊ သွားမညီတည်း၊
ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။
မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊
ရှောင်ကြဉ် အပြန်အကျိုးတည်း။"
့(၀၄-၀၈-၂၀၁၅)ရက်နေ့ မနက်တွင် ကမ္ဘောဇ၏ ညွန်ကြားရေးမှူး ဦးသက်ကိုကိုမျိုး နှင့် ကလေးမြို့ ရေဘေးသို့ သွားရောက်လှူဒါန်းရန် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ဦးသက်ကိုကိုမျိုး မှ အစစ အရာရာအဆင်ပြေအောင် စီစဉ်ပေးမည် လက်မှတ်ဝယ်စရာမလို ကယ်ဆယ်ရေးအတွက် ရိက္ခာခြောက်ပါ သယ်ယူနိုင်ဟု ပြောကြားခဲ့သဖြင့် မိမိတို့ အဖွဲ့သူ အဖွဲ့သားများမှာ ဝမ်းပန်းတသာဖြင့် ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး ကလေးခရီးစဉ်အတွက် စတင်စီစဉ်ကြလေတော့သည်။
သို့သော် ကလေးသို့ ထွက်ခွာမည့်အချိန် ၅ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် အထုပ်အပိုးများ ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီး ဦးသက်ကိုကိုမျိုး ထံသို့ ဖုန်းဖြင့် လေဆိပ်ရောက်နေပြီဟု ဖုန်းဆက်တော့ ဦးသက်ကိုကိုမျိုးမှ လက်မှတ်ဝယ်ထားသလားဘုရား ဟု အစချီကာ ပစ္စည်းတွေ သယ်ခွင့်မပေးကြောင်း လူကလည်း လိုက်ချင်လျှင် လက်မှတ်ဝယ်ရကြောင်း ခရီးသွားလို့ရသည်ဟု သူမပြောမိကြောင်း ပစ္စည်းသယ်ချင်လည်း မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းအမည်ဖြင့် သယ်၍မရကြောင်း အကယ်လို့ ပစ္စည်းသယ်ချင်ရင် သူတို့ Air KBZ ကို လှူ၍ရကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်း ပရဟိတအသင်းများ၏ နာမည်များဖြင့် သယ်ခွင့်မပြုကြောင်း ပြောလေ၏။ Air KBZ ကို ပစ္စည်းလှူပြီး သူတို့မှ ရေဘေးသင့်ဒေသ များသို့ Air KBZ အမည်ဖြင့် ပြန်လည်လှူဒါန်းကြောင်း ပြောလေတော့၏။
ကျွန်ုပ်လည်း လျှာအရိုးမရှိသူနှင့် ဆက်စကားမပြောချင်တော့၍
့“လူကြီးဆိုတာ ကိုယ့်စကားကို တန်ဖိုးထားရတယ်။ပြောပြီးသားစကားကို တာဝန်ယူရတယ်"ဟု ပြောပြီး ဖုန်းချလိုက်မိသည်။ ဒေါသ ထွက်မိသော်လည်း မိမိသည် ဦးဆောင်နေသူတစ်ဦးလည်း ဖြစ် ရဟန်းတစ်ပါးလည်း ဖြစ်သောကြောင့် အချိန်မှီ ထိန်းချုပ်နိုင်ခဲ့လေ၏။
တချို့ပစ္စည်း ပို့သူများသည် ၅ ရက် ၇ ရက် ကြာမှ ကလေး သို့ ရောက်ရှိကြလေသည်ဟု သိထားရပြီး ကလေးမြို့လေယာဉ်ကွင်းထဲတွင် အနယ်နယ် အရပ်ရပ်မှ လှူဒါန်းထားသော ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ ဖြင့် ပြည့်နှက်နေပြီး ပစ္စည်းလက်ခံမည့် ကလေးက ပရဟိတ အဖွဲ့အစည်း အများစုမှာ ချက်ခြင်း ထုတ်ယူလို့မရဟု သိရပါသည်။ ညနေစောင်းလျှင် စစ်တပ်မှ ကားကြီးကားငယ် အသွယ်သွယ် နဲ့
လာရောက်တင်ဆောင်သွားသည်ဟုလည်း သိရှိရသေး၏။ ထို့ကြောင့် ဦးဇင်းတို့မှာ ကလေးရေဘေးသို့သွားရောက်ရန် များစွာ အခက်အခဲဖြစ်နေလေတော့သည်။
မသူတော်များရှိနေတတ်သည့်လောကတွင် သူတော်ကောင်းတို့သည်လည်း ပြည့်နှက်နေ၏။ တမဟုတ်အတောအတွင်းမှာပင် Golden Myanmar Airline မှ IT ဦးသော်ဇင်ဖြိုး မှ မနက်ဖြန် မန်းလေး မှ ကလေးသို့ မိမိတို့ သယ်ယူချင်သည့် ဆန်အိတ် ၂၀ နှင့် ဆေးဝါး အဝတ်အထည် ခေါက်ဆွဲခြောက် တို့အား သယ်ယူနိုင်ရန်စီစဉ်ပေးလေတော့၏။ ထို့ကြောင့် ယခုည ကျွန်ုပ်တို့အဖွဲ့သည် ရန်ကုန် မှ မန်းလေး သို့ သွားရပေဦးမည်။ ထို့နောက် လိုအပ်မည့် ဆန်ကို တန်ဆာခ သက်သာစေရန် အလို့ငှာမန်းလေးေ
ရာက်မှ ဝယ်ယူကြတော့မည်။ မန်းလေး တံတားဦးလေဆိပ်မှ (၀၆-၀၈-၂၀၁၅) ရက်နေ့ ညနေ ၄:၃၀ လေယာဉ်ဖြင့် ပစ္စည်းတချို့တစ်ဝက်နှင့် ပထမအသုတ်၊ ၇ ရက်နေ့ ကျန်ရှိသည့် ပစ္စည်း တစ်ဝက် နှင့် ဒုတိယ အသုတ် အဖြစ်အသုတ်ခွဲ ထွက်ခွာပါမည်ဖြစ်ပါသည်။
အစစ အရာရာ ကို ကူညီပေးသည့် ပုဂ္ဂိုလ်များ နှင့် Golden Myanmar Airline မှ IT ဦးသော်ဇင်ဖြိုး အား ကျေးဇူးအထူး တင်ရှိပါသည်။
ကိစ္စများမြောင် လူတို့ဘောင်၏တစ်နေ့တာ အတောအတွင့်း "သူတော်ကောင်းဆန်သည့်ပုဂ္ဂိုလ်နှင့်လည်းကြုံခဲ့ရသလို ကိုယ်ထွေးပြီးသား တံတွေးပြန်မျှိုသော ပုဂ္ဂိုလ်နှင့်လည်း ကြုံခဲ့ရပါသည်။
့(စင်္ကာပူအခြေစိုက်) မေတ္တာဝါဒီပရဟိတအသင်း ဦးဆောင်ဆရာတော်-
အရှင်သြသဓ
တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်(အယ်ဒီတာဆရာတော်)
မဟာချူလာလောင်ကွန်းတက္ကသိုလ်
အယုဒ္ဓယမြို့၊ထိုင်းနိုင်ငံ။
Comments
Soesoe Tinmyint
အံ့သြစရာဘဲ သူများပစ္စည်းကို သူတို့ နာမည်နဲ့ပြန်ကူညီမယ်တဲ့
Hla Htoon
ကဲ !!!!!!!! ကောင်းကြသေးရဲ့ လား ဒီတစ်ချက်နဲ့  ပဲ
အကယ်ဒမီရသွားပြီ
Chit Hmwe
ဒီခေတ်မှာ မဟုတ်တာမလုပ်တာအကောင်းဆုံး.... လူမှုကွန်ယက်ကမြန်တယ်ဗျ
Myomyint Oo
တိုင်းပြည်တစ်ခုမှာ ကြီမားသော ပြောင်းလဲမှု
ဖြစ်လာရင် အကျဉ်သား ကိစ္စ ထဲ့သွင်းစဉ်းစားသင့်
Chit Hmwe
ဟုတ်တယ် အဲဒါတွေက အရေးကြီးတယ်နော
Nini Win
အကြင်နာတရား
မရှိလေတော့တာလား
Hla Htoon
များများရှယ်ကြဗျာ
Chit Hmwe
ဖြစ်သင့်တာကို သိစေဖို့ ရှယ်သင့်ပါတယ်
Hlwan Nay Thu
အနူးလက်နဲ့မျက်နှာလုပ်ချင်းတဲ့ari kbz က ဦးကိုကိုသက်က ထွေးပြီးသား တံထွေးကိုပြန်မျိုတာမဟုတ်ဘူး စွန့်ပြီးသာချီးကိုပြန်ကောက်စားနေတာ
Chit Hmwe
ဥပတိနဲ့တော့ ဆန့်ကျင်ဖက်ဗျ။ နိုင်ငံတကာမှာ တက်ဖူးတဲ့ တက္ကသိုလ်တွေကို ရေတွက်ပြီး ပြလိုက်သေးတယ်တဲ့။
credit//
Chit Hmwe
No comments:
Post a Comment