Sunday, August 23, 2015

င်္ခိုင်ငှက်ပျော ဖြစ်ပေါ်လာပုံ

ရခိုင်ငှက်ပျောဖြစ်ပေါ်လာပုံ
===================
ဟိုးရှေးရှေးတုန်းက ကုလားတစ်ကောင်ဟာ ရခိုင်ဖြစ်ချင်လွန်းလို့ ရခိုင်တွေနဲ့ဝင်ရောပြီး ဟိုဟိုဒီဒီ အခိုင်းခံနေတယ်။ဘုန်းကြီးကျောင်းလည်း ခေါ်ရင်လိုက်သလို ဝက်သားလည်း စားပြတယ်။ ရခိုင်စကားဘဲ ပြောတယ်။ ဘင်္ဂါလီစကားမပြောဘူး။ ဒါပေမဲ့ ရခိုင်တွေက သူ့ကို ရခိုင်လို့ မသတ်မှတ်ဘူး။ ရခိုင်တွေက သူ့ကိုခေါ်ရင် ``ဝေး…ကုလား´ဘဲ။

ဒီတော့ စိတ်ညစ်ညစ်နဲ့ ဘင်္ဂလားပင်လယ်အော်ထဲကို ဆင်းသေလိုက်သတဲ့!ပင်လယ်မှာရေမြုပ်ပြီး အစိမ်းသေတော့ ကုလားရဲ့ဝိညာဉ်ဟာ ပုဇွန်တစ်ကောင်ဆီမှ ပူးကပ်ပါလေရော။

ကုလားဟာ… ရခိုင်မဖြစ်လည်းနေကွာ… ပုဇွန်ဖြစ်ရလည်း နည်းလားဟု စိတ်ဖြေရင် ပင်လယ်မှာ ပျော်ရွင်စွာကူးခပ်နေသတဲ့။ ဒီလိုနဲ့တစ်နေ့မှာ ရခိုင်ရေလုပ်သားတွေရဲ့ ပိုက်ကွန်မှာ မိပါလေရော။ ရေလုပ်သားတစ်ဦးက ဖမ်းရတဲ့ ပုဇွန်ကိုကြည့်ပြီး ``ဟာ…ကုလားပုဇွန်ပါကွာ၊ လွှင့်ပစ်လိုက်ပါ´´လို့ပြောပြီး ပင်လယ်ထဲမှာ ပစ်ချထားခဲ့သတဲ့!

ပုဇွန်ကလည်း… ပင်လယ်မှာ ပုဇွန်ဖြစ်တာတောင် `ကုလားပုဇွန်´သာ လာဖြစ်နေသေးတဲ့ ငါ့ဘဝလို့ အတွေးပေါက်ကာ ကုန်းပေါ်တက်ပြီး ကိုယ့်ဟာကိုယ် သေကြောင်းကြံလိုက်ပြန်တယ်။မွတ်ဆိုတာမျိုးက ကိုယ့်ဟာကိုယ်လည်း အသေခံရဲတဲ့ ဗီဇဆိုးက ပါနေတာကို……

ဒီလိုနဲ့ ကုလားပုဇွန်ဟာ ကုန်းပေါ်တက်သေလိုက်တော့ ကုလားရဲ့ဝိညာဉ်ဟာ ပင်လယ်ကမ်းစပ်နားမှာ ပေါက်နေတဲ့ `ဇီးပင်´မှာ ခိုနားပါလေရော။ ကုလားလည်း ကုလားမဟုတ်ရင် တော်ပါပြီ။ `ဇီးပင်´ဖြစ်လည်း နည်းလားပေါ့။ သုံးလေး/နှစ်လောက်ကြာတော့ ဇီးပင်လေးဟာ အခက်အလက်တွေ ဝေဝေဆာဆာနဲ့ ဇီးသီးလေးတွေပါ သီးလာတယ်။ကုလားလည်း ပျော်နေရှာတာပေါ့။ဒီမှာပင် လေးဂွကိုင် ငှက်ပစ်ထွက်လာတဲ့ ရခိုင်ကလေးတွေက ဇီးပင်လေးကိုမြင်တော့……

`ဟာ…ကုလားဇီးသီးတွေ သီးနေတယ်ကွ´ဟု အော်ကာ ကျောက်ခဲ/တုတ်နဲ့ ရိုက်ချပြီး စားလည်းမစားဘဲ ထွက်သွားကြသတဲ့! ကုလားဇီးသီးကို လူမစားပါဘူး။နွား/ဆိတ်တွေသာ စားပါတယ်။

ကုလားလည်း… ဇီးပင်/ဇီးသီးဘဝမှာတောင် ကုလားအမည်က ကပ်ပါနေသေးတော့ အကြီးအကျယ် စိတ်ထိခိုက်သွားရှာတယ်။ ဒီတစ်ခါတော့ အပင်ဘဝမို့ ကိုယ့်ဟာကိုယ်လည်း သတ်သေ၍မရတော့တာမို့ ဒီအတိုင်းသာ ကုလားဇီးပင်ဘဝနဲ့ ဘယ်လိုလုပ်ရရင် ကောင်းမလဲဟု နှစ်ကာလကြာရှည်စွာ တွေးတောရင်း စောင့်စားနေရရှာပါတယ်။

တစ်နေ့မှာတော့ လက်သမားဆရာတစ်ဦးဟာ အလုပ်ပါးနေချိန်… အိမ်အတွက် ထင်းရှာထွက်လာတော့ ကုလားဇီးပင်ကိုတွေ့လို့ ခုတ်ပိုင်းပြီး အကိုင်းအခက်တွေ့ကို သယ်ယူလာခဲ့တယ်။ ကုလားရဲ့ဝိညာဉ်လည်း အဲဒီအကိုင်းအခက်တွေမှာ ကပ်ပါလာခဲ့တယ်။ ကုလားဇီးပင်မှာ မနေချင်တော့တာကို……

လက်သမားကြီးက အကိုင်းအခက်ငယ်တွေကို ထင်းအဖြစ်အသုံးပြုပြီး အကြီးတွေကိုတော့ ထိုင်ခုံတစ်ခုအဖြစ် ဖန်တီးလိုက်တယ်။ကုလားရဲ့ ဝိညာဉ်ဟာလည်း ထင်းချောင်းမှာ ဝင်ပူးနေရင် မီးရှို့ခံရမှာ ဖြစ်သမို့ ထိုင်ခုံမှာသာ ဝင်ပူးနေလိုက်သတဲ့! ထိုင်ခုံဖြစ်ရလည်း နည်းလားပေါ့။

ထိုင်ခုံလုပ်ပြီးသွားတော့ လက်သမားကြီးက ကိုယ်လုပ်တဲ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ``အင်း…ငါလုပ်တဲ့ `ကုလားထိုင်´လည်း ငါ့ဆရာလုပ်သလို ကောင်းသကွ´´ဟု ကိုယ့်ဟာကိုယ် ချီးကျူးလိုက်တယ်။ `ကုလားထိုင်´ဆိုတဲ့ အသံလည်းကြားရော ကုလားရဲ့ဝိညာဉ်ဟာ အချိန်မဆိုင်းတော့ဘဲ လက်သမားကြီးရဲ့ ခြံထဲက အပင်တစ်ပင်မှာ ကမန်းကတန်း ခုန်ပျံကျော်လွှား ဝင်ပူးလိုက်တော့တယ်။ ထိုင်ခုံဘဝမှာတောင် `ကုလားထိုင်´လို့ ကုလားဆိုတဲ့ ဝေါဟာရက ကပ်ငြိပါလာတော့ ကုလားလည်း မခံစားနိုင်ဘူးပေါ့။

ဒီလိုနဲ့ ကုလားဝင်ပူးနေတဲ့ အပင်ဟာ အသီး…သီးပါလေရော။ ဒါကို လက်သမားကြီးက တွေ့မြင်တော့ `ရှင်မရေ…နင်စိုက်ထားတဲ့ ကုလားငှက်ပျောပင်က ကုလားငှက်ပျောသီးတွေ စားရတော့မယ်ကွ´´လို့ အော်ပြောလိုက်တော့ ကုလားလည်း စိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ``ငါတော့… ဒီရခိုင်ပြည်က ရခိုင်တွေလက်ထဲမှာတော့ ဘယ်သော်အခါမှ ကုလားဘဝက လွတ်ကင်းတော့မှာ မဟုတ်ပါဘူးလေ´´ဟု အမြင်မှန်ရကာ ဘယ်နေရာကိုမှ မပြောင်းဘဲ ကုလားငှက်ပျောသီး ဘဝမှာသာ ကပ်ငြိနေပါတော့တယ်။

ဒီလိုနဲ့ ကုလားငှက်ပျောသီးတွေ ဝင်းမှည့်လာချိန်မှာ လက်သမားကြီးရဲ့ သားတော်မောင်က ရန်ကုန်မှာ တက္ကသိုလ် သွားတက်ရမဲ့အချိန်နဲ့ ကိုက်ညီလာပါရော။ ဒီတော့ လက်သမားကြီးက ရန်ကုန်ရောက် အစ်မဖြစ်သူအတွက် လက်ဆောင်အဖြစ် ခြံထွက်သီးနှံ ကုလားငှက်ပျောခိုင်ကို သားနဲ့အတူ ထည့်ပေးလိုက်ပါတယ်။ ကုလားရဲ့ဝိညာဉ်လည်း ရန်ကုန်ရောက်မဲ့ ကုလားငှက်ပျောခိုင်မှာ အလိုက်သင့် ဝင်ပူးနေပါတယ်။သူလည်း စိတ်ပြေလက်ပျောက် ခရီးထွက်မယ်ပေါ့။

လက်သမားကြီးသား ရန်ကုန်ရောက်တော့ ပါလာတဲ့ကုလားငှက်ပျောခိုင်ကို အဒေါ်ဖြစ်သူက အိမ်နီးနားချင်း ဗမာမိတ်ဆွေတွေဆီ ရခိုင်ဒေသထွက် လက်ဆောင်အဖြစ် တစ်အိမ်ကို တစ်ဖီးကျစီ ဝေငှပေးပါသတဲ့။အငြိမ်မနေတဲ့ ကုလားဝိညာဉ်ကလည်း ငှက်ပျောဖီး…တစ်ဖီးမှာ ကပ်ပါသွားတာပေါ့။ လျှောက်ပတ်ကြည့်တဲ့ သဘော။

အဲဒီမှာဘဲ လက်ဆောင်အပေးခံရတဲ့ ဗမာအိမ်ရှင်မက `ဟယ်…ရခိုင်ငှက်ပျောသီးတွေ လှလိုက်တာ။ ကျေးဇူးဘဲနှော် အစ်မ။ ကျွန်မအိမ်ရှင်ဆို ရခိုင်ငှက်ပျောသီးကို အရမ်းကြိုက်တာ။ ဒါက ကျန်းမာရေးနဲ့ ညီညွတ်တယ်လေ။ ဖောလစ်အက်စက်ဓာတ် အပြည့်ပါတယ်။ ထမင်းစားပြီးတိုင်း တစ်လုံးစားရင် အစာကျေတယ်။ ဗိုက်ဆာလို့စားရင်လည်း ဗိုက်ပြည့်ရုံသာမက အားရှိတယ်။ အဆီဓာတ်နည်းတယ်။ အားကတော့ တစ်ကယ်ရှိတာနှော်။ ဟင်း ဟင်း! ကျွန်မက ကိုယ်တွေ့´´ စသဖြင့် ပြောနေတာကို ကုလားကကြားတော့……

`အောက်မလေး…ရန်ကုန်ရောက်မှ ငါ…ရခိုင်ဖြစ်တာဟ! ဒါကို စောစောကပင် မသိလို့ ရခိုင်ပြည်မှာ ကျင်လည်နေခဲ့တဲ့ ငါရဲ့အချိန်တွေကို နှမြောပြီး ငါ့ကိုယ့်ငါတောင် သနားလိုက်တာ။ ရခိုင်မှာကျန်ခဲ့တဲ့ အမျိုးတွေကိုလည်း အိပ်မက်ပေးရအုံးမယ်။ ရန်ကုန်ရောက်ရင် ကုလားဟာ ရခိုင်ဖြစ်ပြီလို့´´ဟု ဝမ်းသာစွာတွေးရင်း မူလဇာတိအမည် ကုလားငှက်ပျောကနေ ရန်ကုန်ရောက်မှ ရခိုင်ငှက်ပျောအဖြစ်သို့ အလိုလိုကူးပြောင်း လွယ်လင့်တကူ သမုတ်ခံရကာ ကုလား၏လိုအင်ဆန္ဒများလည်း ပြည့်စုံခဲ့ပါလေတော့သတည်း။

ဤမှာပင် ရခိုင်ငှက်ပျောဖြစ်လာပုံ ဇာတ်လမ်းလည်း ပြီးဆုံးပြီ ဖြစ်ပါကြောင်း
credit//
HA DA YA

No comments:

Post a Comment