အာဏာဘောလုံးကို ဦးနုက ရသွားတယ်ခင်ဗျ။(၁၉၄၈) ဆွဲတယ်။ ဆွဲပြေးပါတယ်။
ဦးနေ၀င်းဆီ ထိုးပေးလိုက်ပါတယ်။(၁၉၅၈)
ဦးနေ၀င်းက ဦးနုဆီကို ပြန်ပေးတယ် ခင်ဗျာ။
ဦးနေ၀င်းကပဲ ပြန်ယူလိုက်ပြန်ပါတယ်။(၁၉၆၂)
ဦးနေ၀င်းပဲ ဆက်ယူထားတယ်။(၁၉၇၄)
ဘောလုံးက ကိုယ့်ဂိုးနားမှာပဲ ၀ဲလည် ၀ဲလည် ဖြစ်နေတယ်။
ဘောလုံးကိုဆွဲပြေးရင်း ဦးနေ၀င်း မှောက်ရက် လဲသွားပါတယ်။(၁၉၈၈)
ဦးစိန်လွင် ရသွားတယ်။ ချက်ခြင်းပဲ ဒေါက်တာမောင်မောင်ဆီကို ပို့ပေးလိုက်ပါတယ်။ အဲ - ဦးစောမောင်လက်ထဲ ရောက်သွားပြန်တယ်။ ဦးသန်းရွှေက အသာလေး ဆွဲယူထားလိုက်ပါတယ်။ ကိုင်ထားတယ် ။ ဒေါ်စု ၀င်လုတယ်။ မရဘူးခင်ဗျ ။ လဲကျနေခဲ့ပါတယ်။ ဦးသန်းရွှေက ဘယ်သူ့မှ မပေးဘူးခင်ဗျ ။ လာလုတဲ့ သူတွေကို ညစ်နည်းမျိုးစုံနဲ့ လန်ထွက်သွားစေပါတယ်။ ကိုယ့်နောက်တန်း လုံပြီထင်မှ ဦးသိန်းစိန်ဆီ ဘောလုံး ပို့ပေးလိုက်ပါတယ်။ (၂၀၁၀)
ဒေါ်စု ၀င်လုနေပြန်ပြီ ခင်ဗျ ။သူ့ဆီကို ထိုးပေးဘို့ တောင်းခံနေပါတယ်။ ၈၈ တွေကလည်း ယောင်ဝါးဝါးနဲ့ လိုက်နေတယ် ။ ဦးဌေးဦး က ဦးရွှေမန်းကို ခြေထိုးခံပါတယ်။ ဦးစိုးသိန်းကလည်း တံတောင်နဲ့တွက်တယ် ။
ကွင်းထဲမှာလည်း မိုးက အတော်သဲနေပါတယ်။ တစ်ဖက်က ဒီမိုကရေစီ ဂိုးပေါက်နဲ့တော့ အတော် ဝေးနေပါသေးတယ် ။
ဦးမင်းအောင်လှိုင်ကတော့ ပွဲသိမ်းခရာ မှုတ်တော့မလား မသိသေးပါဘူး ။
ပြည်သူလူထုကြီးကတော့ ရင်တမ မ နဲ့ပေါ့ ခင်ဗျာ။
From comment
credit//
DeMo
No comments:
Post a Comment