Sunday, August 23, 2015

ဆေးဖက်ဝင်ငရုတ်ကောင်းပင်

ဆေးဖက်ဝင်ငရုတ်ကောင်းပင်

ငရုတ်ကောင်းသည် အိမ်ရှင်မများနှင့် ရင်းနှီးပြီးသား ဟင်းခတ်မှုန့် တစ်မျိုးဖြစ်သည်။ ငရုတ်ကောင်း မျိုးစိတ်ပေါင်း မြောက်ြမားစွာရြှိပီး နှစ်ရှည်ခံတဲ့နွယ်ပင်မျိုးဖြစ်ကာ အရွက်များမှာ ကွမ်းရွက်နှင့် ဆင်တူသည်။ အခိုင်လိုက်အသီးသီးပြီး အရောင်က အစိမ်းရင့်ရောင်ရှိပါတယ်။ မှည့်သည့်အခါ လိမော်ရောင်မှ အနီရောင်ပြောင်းသွားပြီး အသီးတစ်ခိုင်တွင် အသီးပေါင်း ၂၀ မှ ၅၀ အထိ ပါဝင်တတ်ကြောင်း သိရသည်။
ငရုတ်ကောင်းကို ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသာင်္ရီကမ်းရိုးတန်းများတွင် အဓိက စိုက်ပျိုးထုတ်လုပ်သည်။ အစိုဓာတ်ကောင်းစွာရရှိပြီး ရေအလွန်မ၀ပ်သည့် မြေမျိုးဖြစ်သည့် သဲနုန်းမြေ၊ နုန်းတင်မြေနု၊ မြေနီ၊ ဂ၀ံမြေနှင့် သဲဝန်းတောင်စောင်း၊ တောင်ကုန်းများတွင် ကောင်းကောင်းဖြစ်ထွန်းကြောင်း သိရသည်။
အသီးကို တစ်နှစ်လျှင် နှစ်ြကိမ် တပေါင်းလနှင့် ကဆုန်လများတွင် ခူးဆွတ်ပေးရသည်။ ဆွတ်ခူးပြီး သီးခိုင်များကို အညှာခြွေ နေပြင်းပြင်းတွင် ခြောက်နေအောင် လှန်းပြီးလျှင် အနက်ရောင် ငရုတ်ကောင်းစေ့များ ရရှိပြီမည်ဖြစ်သည်။
မြန်မာဆေးကျမ်းများအလိုအရ ငရုတ်ကောင်းသည် စပ်သည်၊ ပူသည်။ ထို့ကြောင့် ၀မ်းမီးကို တောက်စေပါတယ်။ နှုတ်ကိုမြိန်စေပြီး လေသလိပ်ကို ကြေစေတဲ့အပြင် ကိုယ်ဝန်ဆောင် မိခင်များ နို့ထွက်ကောင်းစေသည်။
ငရုတ်ကောင်းစေ့အမှုန့်ကို ပျားရည်နှင့် လျက်ပေးပါက ချောင်းဆိုးရောဂါ၊ ပန်းနာ၊ ရင်ကျပ်ရောဂါ များကို ပျောက်ကင်းစေသည်။
နွယ်ချိုနှင့် ရော၍ လျက်ပေးပါက လေထိုးလေအောင့်နှင့် နှလုံးတုနု မောပန်းခြင်း ဝေဒနာများကို သက်သာစေသည်။
ငရုတ်ကောင်းစေ့နှင့် ဘညာခရာစေ့နှစ်မျိုးကို အမှုန့်ပြုလုပ်ပြီး အသင့်အတင့်စားသုံးပါက ခွေးရူး ဆိပ်ပြေကြောင်း သိရသည်။
ဝမ်းအဆက်မပြတ်သွား၍ ၀မ်းပျက်ပါက ငရုတ်ကောင်းစေ့နှင့် ရှိန်းခို ရောစားပါက ပျောက်ကင်း စေသည်။
ငရုတ်ကောင်းစားခြင်းဟာ အစာကြေ၊ လေကြေ၊ ဆီးကောင်းစေသည့်အပြင် ၀မ်းဖောဝမ်းရောင်နှင့် လိပ်ခေါင်းရောဂါများကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
သိပံ္ပနည်းကျ စမ်းသပ်ချက်များအရလည်း ငရုတ်ကောင်းတွင် အစွမ်းထက် အင်တီအောက်ဆီးဒင့် နှင့် ဗက်တီးရီးယားဆန့်ကျင်သည့် ဂုဏ်သတ်္တိများအပြင် ရောင်ရမ်းမှုနဲ့ ကင်ဆာရောဂါကို ဆန့်ကျင်သည့် အစွမ်းများ ပါဝင်နေကြောင်း သိရသည်။
ငရုတ်ကောင်းတွင် သံဓာတ်၊ ပိုတက်စီယမ်၊ မဂ်္ဂနိစ်၊ ဗီတာမင်စီနှင့် အမျှင်ဓာတ်များလည်း ပါဝင် သည်။ ကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည်။ ငရုတ်ကောင်းပါသည့် ဟင်းရည်ကို သောက်ပါက ချွေးထွက်များပြီး ဆီးသွားစေခြင်းကြောင့် ကိုယ်တွင်းရှိ အဆိပ် အတောက်များ ကင်းစင်သွားသည်ဟု ဆိုကြသည်။
ငရုတ်ကောင်းတွင် ဗက်တီးရီးယားသတ်သည့် ဂုဏ်သတ်္တိပါဝင်သည့်အတွက် အသေးအမွှား ပြတ်ရှ ဒဏ်ရာများအား ငရုတ်ကောင်းမှုန့် ဖြူးပေးပါက သွေးတိတ်စေပြီး ပိုးသေကာ အနာကျက်မြန် ကြောင်း သိရသည်။
ငရုတ်ကောင်းအနည်းငယ်ငုံပေးရင် ချောင်းဆိုးပြီး လည်ချောင်းယားယံတာ သက်သာစေသည်။ ငရုတ်ကောင်းပါသည့် ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ပေး ပါက အအေးမိဝေဒနာ ပျောက်ကင်းသည်။ ငရုတ်ကောင်းတွင် ပါဝင်သည့် သဘာဝနှာစေးပျောက် အာနိသင်ကြောင့် နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေ နိုင်ကြောင်း သိရသည်။
ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲထည့်ပြီး သောက်သုံးခြင်းဟာ အစာခြေပြဿနာတွေနဲ့ အူလမ်း ကြောင်းဆိုင်ရာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းဟာ အစာကြေ ညက်ဖို့အတွက် လိုအပ်တဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ်ကို ထွက်စေတဲ့အတွက်ကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတွေကို ကင်းဝေးစေပါတယ်။ လျှာအရသာအာရခံ အဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။
ငရုတ်ကောင်းဟာ ၀မ်းချုပ်ခြင်းကင်းစေပြီး ကိုယ်ပူကျစေတဲ့အပြင် ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားသည့် ကြက်သီးနွေးရေနှင့် ပလုတ်ကျင်းပေးပါက သွားကိုက် ဝေဒနာ ကို သက်သာစေသည်။
ငရုတ်ကောင်းသည် ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိပါပြီး အထူးသဖြင့် ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်သည်။ ငရုတ်ကောင်းတွက် ပါဝင်သည့်ဓာတ် တစ်မျိုး မှာ ရင်သားကင်ဆာ အကျိတ်များကြီးထွားမှု ဆက်ပြီးဖြစ်မလာအောင် တားဆီးပေးပြီး ငရုတ်ကောင်းကို နနွင်းမှုန့် ထဲ့သုံးပေးရင် ကင်ဆာကာကွယ်နိုင်စွမ်း ပိုထက်ြမက်ကြောင်း လေလ့ာမူများအရ သိရသည်။

ထို့အပြင် မီးဖွားပြီးစ မြန်မာအမျိုးသမီးများ ၀မ်းဗိုက်ချပ်စေရန် ငရုတ်ကောင်း၊ ပရုတ်မှုန့်နှင့် လေးညှင်းဆေးသုံးပါးကြိတ်၍ တောအရက်နှင့်စိမ်ပြီး ဗိုက်စည်းရာတွင်လည်း အသုံးပြုနိုင်ခြင်း ကြောင့် အင်မတန်အကျိုးများသည့် ငရုတ်ကောင်း ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

credit//
ကျန်းမာရေးအတွက်ဆေးတစ်ခွက်

No comments:

Post a Comment