နတ်တို့ စံပျော်ရာ ပုပ္ပားတောင်ကလပ်
ပုပ္ပားတောင်သည် မီးတောင်ဟောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျောက်ပန်းတောင်မြို့နယ်တွင် တည်ရှိပါတယ်။ ပုပ္ပားဆိုသည်မှာ ပန်း ဟု အဓိပ္ပာယ် ရသည်။ ပုပ္ပား တောင်မကြီး (၄၉၈၁ ပေ) နှင့် ပုပ္ပား တောင်ကလပ် (၂၄၁၇ ပေ) ဟူ၍ နှစ်ခုရှိသည်။ ပုပ္ပား တောင်ကလပ်မှာ ပုပ္ပား တောင်မကြီး၏ အစိတ်အပိုင်း တောင်ကလပ်သာ ဖြစ်သည်။ ချောက်၊ ရေနံချောင်းတို့နှင့် နယ်မြေ တဆက်တည်း ရှိပြီး ကျောက်ခေတ်ကတည်းက လူသားတို့ နေထိုင်ရာ အရပ် အဖြစ် ယုံကြည်ထားကြသည်။ ထို ယုံကြည်ချက် ခိုင်မာစေသည်မှာ ကျောက်ခေတ် လက်နက်များကို ပုပ္ပား နယ်နိမိတ် အနှံ့ တူးဖော် ရရှိထား၍ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ဘူမိဗေဒ ပညာရှင် မိုးဗီးယပ်စ် (Movius) ကလည်း ပုပ္ပားနယ်တွင် ကျောက်ခေတ်သစ် လူများ ရှိနေကြောင်း အခိုင်အမာ ဆိုထားသည်။
ခရစ် မပေါ်မီ ဘီစီ ၄၄၂ က ပုပ္ပားတောင် ပေါ်လာခြင်းဖြစ်သည်ဟု မြန်မာ ရာဇဝင်များက ဆိုထားသည်။ ဧရာဝတီ မြစ်ရိုး အလယ်ပိုင်းလောက်တွင် မြေငလျင် ကြီးစွာ လှုပ်ခတ်ရာမှ ပုပ္ပားတောင် ထွက်ပေါ်လာသည်ဟု ဆိုသည်။ ဘူမိဗေဒ ပညာရှင်များက ပုပ္ပားတောင်ဟာ လွန်ခဲ့သော နှစ် ၁၅ သန်း လောက်က ပေါ်ထွန်းခဲ့သည်ဟု ဆိုထားပြီး မြန်မာ ရာဇဝင် ကျမ်းများနှင့် ကွဲလွဲနေသည်။ ကျောက်ခေတ်ဦး (သို့) ကျောက်ခေတ် နှောင်းပိုင်းတွင် ယဉ်ကျေးမှု စတင် ထွန်းကားလာပြီး ထူးခြားသော ပုပ္ပားတောင်ကို အားကိုး အားထားရာ အဖြစ် ကိုးကွယ်သည်မှာ ထိုခေတ်ကာလအတွက်တော့ မဆန်းပေ။
မှတ်ချက်။ ။ စာရေးသူကို သမိုင်းကြောင်း ရှင်းပြသောဂိုက်မှာ ပုဂံမှာပင် နေခဲ့၍ ပုပ္ပားတောင် ရာဇဝင်နှင့် ပတ်သတ်သော စာသားကို wiki မှရှာဖွေပြီးဓာတ်ပုံကို မိုးရေထဲမှာပင် တောင်ကလပ်သို့တက်ပြီး တောင်မကြီးရှုခင်းပုံ၊ ကလပ်တောင်ခြေရှိ အခြားတောင်ပုလေးတစ်ခုပေါ် တက်ပြီး ပုပ္ပားတောင်ကလပ်ပုံ တို့ကို ရိုက်ယူပြီး ပုပ္ပားမှာပင် ဆောင်းပါးကို တင်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ စာဖတ်သူများတွင် ပုပ္ပားတောင် သမိုင်းကြောင်းကို နားလည်တတ်ကျွမ်းသူများ ပါဝင်ပါက ကွန့်မန့်များဖြင့် ဝေဖန်အကြံပြုရန် ဖိတ်ခေါ်ပါတယ်။
အေဒီ ၉၀၄၊ သေဉ်လည်ကြောင် မင်းလက်ထက်တွင် ပန်းပဲ မောင်တင့်တယ် နတ်မောင်နှမ နေသည်ဟု ယူဆထားသည့် စကားပင်သည် တကောင်းမှ မျောလာသည်။ ဘုရင်မှ ထိုစကားပင်ကို နတ်ရုပ်များ ထုစေပြီး ပုပ္ပားတောင်တွင် တင်ထားပြီး ပြည်သူတို့အား ကိုးကွယ်စေသည်။ ထိုမှစပြီး ပြည်သူ တစ်ရပ်လုံးတွင် နတ်ကိုးကွယ်မှု အမြစ်တွယ်ခဲ့သည်။ ထို နတ်ရုပ်များအား မဟာဂီရိနတ် မောင်နှမဟု ခေါ်တွင်စေသည်။ မဟာဂီရိ ဆိုသည်မှာ ကြီးမြတ်သောတောင် ဟု အဓိပ္ပာယ်ရသည်။ ပုပ္ပားတောင်ရှိ နတ်များတွင် ပုဂံခေတ်က ကွပ်မြစ်ခံရပြီး နတ်အဖြစ် သတ်မှတ်ခံရသော ဗျဝိ၊ ဗျတ္တ နှစ်ဦးတည်းသာ ဘာသာခြား၊ လူမျိုးခြား နတ်အနေဖြင့် ရှိသည်။
ယခင်က ပုပ္ပားတောင်တွင် နတ်များကို ပူဇော်ရန် အတွက် တိရိစ္ဆာန် အမြောက်အများကို တရားဝင် သတ်ဖြတ်ခဲ့ကြသည်။ အနော်ရထာမင်း လက်ထက်မှသာ ဗုဒ္ဓသာသနာ ထွန်းကားလာပြီး ယစ်ပူဇော်မှုများ လျော့နည်းသွားသည်။ ဂေါတမ မြတ်စွာဘုရားက လူသားတို့ ကျင့်ဝတ်ထဲတွင် သူ့ အသတ် သတ်ခြင်းကို ရှောင်ကြဉ်သင့်ကြောင်း ဟောကြားထားသဖြင့် ယစ်ပူဇော်ခြင်း သဘောနှင့် မည်သို့မှ ဆက်စပ် မရဘဲရှိသည်။ သာသနာ ထွန်းကားပြီးနောက်ပိုင်းတွင် တိရိစ္ဆာန်များအသက်ဖြင့် ပူဇော်မှုများ ပျောက်ကွယ်လာပါတယ်။ မည်သို့ပင် ဆိုစေကာမူ ပုပ္ပားတွင် နတ်ကိုးကွယ်မှုများ ကျန်ရှိနေပါသေးတယ်။
မှတ်ချက်။ ။ စာရေးသူကို သမိုင်းကြောင်း ရှင်းပြသောဂိုက်မှာ ပုဂံမှာပင် နေခဲ့၍ ပုပ္ပားတောင် ရာဇဝင်နှင့် ပတ်သတ်သော စာသားကို wiki မှရှာဖွေပြီးဓာတ်ပုံကို မိုးရေထဲမှာပင် တောင်ကလပ်သို့တက်ပြီး တောင်မကြီးရှုခင်းပုံ၊ ကလပ်တောင်ခြေရှိ အခြားတောင်ပုလေးတစ်ခုပေါ် တက်ပြီး ပုပ္ပားတောင်ကလပ်ပုံ တို့ကို ရိုက်ယူပြီး ပုပ္ပားမှာပင် ဆောင်းပါးကို တင်ပေးလိုက်ခြင်းသာဖြစ်ပါတယ်။ စာဖတ်သူများတွင် ပုပ္ပားတောင် သမိုင်းကြောင်းကို နားလည်တတ်ကျွမ်းသူများ ပါဝင်ပါက ကွန့်မန့်များဖြင့် ဝေဖန်အကြံပြုရန် ဖိတ်ခေါ်ပါတယ်။
credit//
Stacy Chan (ရိုးရာလေး)
www.yoyarlay.com
comments//
Win Myart Myart Soe
တောင်မကြီးအကြောင်း
ကောမသိချင်ဘူးလား
သေချာသိချင်လေ့လာခြင်ရင်အဘအောင်မင်းခေါင်ထွက်ပွဲကြရင်လာခဲ့ပါအဲ့ဒီတောင်ပေါ်မှာအဲ့ဒီအခါကြရင်
ကျွန်တော်တို့အဖွဲ့တွေနှစ်
စဉ်စတုဒီသာကြွေးပါတယ်
နေစရာစားစရာဘာမှမပူ
ရပါဘူးတောင်ပေါ်ကသဘာ
ဝရှုခင်းပုံတွေလိုချင်ရင်ပြောပါပို့ပေးမယ်တောင်ပေါ်မှာစိတ်ဝင်စားစရာတွေအများ
ကြီးရှိတယ်friအပြောမဟုတ်ဘူးလက်တွေ့နော်လာချင်ရင်ဖုန်းနံပါတ်ပေးမယ်တောင်ကလပ်ဆိုတာတောငိမကြီးမီးတောင်ကနေဖြစ်လာတာပါလူသူအရောက်နည်း
ပြီးသွားလာရေးခက်ခဲလို့သိပ်မသွားကြဘူးလေနောက်ပိုင်းသာသနာထွန်းကားတော့မဲံ့နေရာဖြစ်လာတော့မှာ
ဘာကြောင့်ဆိုတာသိချင်ရင်လာလည်ကြည့်ကြပေါ့။
Ko Ye PT
ဟုတ်ပါတယ်
ပုပ္ပားတောင်ကလပ်က
မီးတောင်နောက်ဆုံးပေါက်ကွဲစဉ်
အခါကမီးတောင်ရဲ့ထိပ်နှုတ်ခမ်းဝ
ရဲ့အနောက်ဖက်ထိပ်ကနေပဲ့ထွက်
လာတဲ့အစိတ်အပိုင်းဟုယူဆလို့
ရပါတယ် ဘာလို့လဲဆိုတော့
မီးတောင်ရဲ့နှုတ်ခမ်းဝဟာ
လုံးဝန်းမနေဘဲ ပဲ့ထွက်နေပါတယ်။
YoYarLay
ဟုတ်ပါတယ်။ ဖတ်ခဲ့ရတာတော့ အဲ့သည့်အတိုင်းပါပဲ။
Guru Gee
အဲဒီအချိန် မှာပုဂံပြည့်ရှင်အနော်ရထာမင်း
ကြီးဟာ သထုံပြည်က ပိဋကတ်သုံးပုံနဲ့
မြတ်စွာဘုရားရဲ့ဓါတ်တော်မွေတော်တွေ
ကို တောင်းခံတာကို မနူဟာမင်းကငြင်းဆန်
တဲ့အတွက် စစ်ချီလာတော့သတဲ့
သထုံကိုဝိုင်းပီးလုပ်ကြံတဲ့အခါမှာ မြို့ရိုးပေါ်
ကိုဘယ်သူမှတက်မရကြဘူးတဲ့
မမြင်ရတဲ့ရန်သူကတွန်းချလို့ အနော်ရထာရဲ့
စစ်သည်သူရဲကောင်းတွေဟာစိတ်ပျက်လက်
ပျက်ဖြစ်နေကြသတဲ့
အဲဒီ့အချိန်မှာအခွင့်အရေးကိုစောင့်နေတဲ့
ဗျတ်တလေးဟာ သူ့အကိုရဲ့သွေးကြွေးကို
ဆပ်ဖို့အတွက် အနော်ရထာမင်းထံ သွား
ရောက်ခစားကာ မြို့ရိုးကိုခုန်ကျော်ကာ
သူ့ရဲ့အစွမ်းကိုပြသတဲ့
ပုဂံကစစ်သည်တွေ
လဲအံ့သြဘနန်းဖြစ်ကြရတယ်
ဗျတ်တမြို့ရိုးပေါ်ရောက်တော့ အစောင့်ဖြစ်နေတဲ့ သူ့အကိုဗျတ်ဝိနဲ့တွေ
တော့တာပေါ့
အဲ့ဒီ့အခါမှာ သူ့အကိုဗျတ်ဝိက ငါ့ညီ
ငါ့ရဲ့အသွေးအသားလွတ်နေတဲ့ ကြက်မတဝပ်
စာနေရာတခုပဲရှိတယ် အဲဒီနေရာကသာ
ပုဂံစစ်တပ်ကလူတွေဝင်နိုင်လိမ့်မယ်
အဲ့ဒီ့နေရာတခုသာငါ့စောင့်ရှောက်မှုကလွတ်
တယ်ဟုဆိုကာ လိုက်ပြသတဲ့
ဇတ်သိမ်းတော့ မနူဟာဘုရင်စစ်ရှုံး
အနော်ရထာက သထုံကိုသိမ်းပိုက်
ပိဋကတ်သုံးပုံ မြတ်င်္စာဘုရားရဲ့ဓါတ်တော်
စာတတ်ပေတတ်ဘုန်းကြီးတွေနဲ့ မနူဟာ
ဘုရင်ကိုပါ ပုဂံကိုခေါ်ဆောင်သွားခဲ့ပါတယ်
ဗျတ်တလေးကတော့ အနော်ရထာရဲ့ အချစ်
တော်သူရဲကောင်းအဖြစ်ပုဂံကိုပါသွားခဲ့ပါတယ်။
ဗျတ်တနဲ့ပုဂံဇတ်လမ်းကတော့ဆက်ရန်ပေါ့ဗျာ
စာရှည်သွားလို့။
YoYarLay
စာရှည်ပေမယ့် ကိုယ့်မြန်မာပြည်မှ အကြောင်းအရာများမို့ မှတ်သားလောက်ပါတယ်။ ကျေးဇူးပါ။
Katherine Sǿulmáte
ဗျတ္တနှင့်ပုပ္ပါးမဆိုင်ပါ။
ဗျတ္တ၏သားများဖြစ်သည့် ရွှေဖျင်းကြီး ရွှေဖျင်းလေးနှင့်သာဆိုင်ပါသည်။
သုဝဏ္ဏဘုမ္မိအားအောင်နိုင်ပြီးသည့်နောက် တောင်ပြုန်းအရပ်တွင်ဘုရားတည်ရာ အုတ်တစ်ချပ်လျော့သဖြင့် အနော်ရထာမင်း၏ကွပ်မျက်ခြင်းခံရသည်။ ပြည်သူအများမကျေနပ်ကြ။ အနော်ရထာမင်းက သူ့အားအိပ်မက်ပေးသည်ဟုဆိုကာ နတ်ကွန်းဆောက်ပေးမှ လူအများစိတ်တည်ငြိမ်မှုရကြလေသည်။ ထိုအချိန်မှစ၍တောင်ပြုန်းအရပ်တွင် မင်းကြီးမင်းလေးဟုလူသိများခဲ့သည်။ အမှန်တကယ်နတ်ဖြစ်ပေသည်လား လူအများမကျေနပ်ချက်ကြောင့် နတ်ကွန်းဆောက်ခဲ့သည်လားတော့ အနော်ရထာမင်း ကိုယ်တိုင်သာသိပေလိမ့်မည်။ ဗျတ္တမှာမူ ရွှေဖျင်းညီနောင် ငယ်စဉ်ကပင် တာဝန်ပျက်ကွက်သောကြောင့် အနော်ရထာမင်း၏ကွပ်မျက်ခြင်းခံခဲ့ရပေသည်။ ဗျတ်ဝိကဲ့သို့ အန္တရာယ်တစ်ခုဖြစ်မလာစေရန် အလောင်းကို ပင်လယ်သို့မျှောလေသည်။ မယ်ဝဏ္ဏမှာလည်း ဗျတ္တ၏စိတ်နှင့်ပင် ရင်ကွဲနာကျကာသေပွဲဝင်ခဲ့၍ ရွှေဖျင်းညီနောင်အား အနော်ရထာမင်းမှ ပျိုးထောင်သည်။
ထို့ကြောင့် လူမျိုးသာခြား၍ဘာသာခြားမဟုတ်ပါ။
မြန်မာ့သမိုင်းအား သေချာလေ့လာစေချင်ပါသည်။
ဆူးကြားက ဗူးခါး
ရိုးရာလေး
ဒီအချိန်မှာ တစ်နိုင်ငံလုံးနီးပါးရေဘေးသင့်နေတာ
ရေကြီးသတင်း သို့မဟုတ် ကယ်ဆယ်ရေးသတင်းတွေ တင်ဖို့အချိန်ရောက်နေပြီ သိရဲ့လား
YoYarLay
https://www.facebook.com/yoyarlaydotcom/posts/932760600100526
No comments:
Post a Comment