ရန်ကုန်မြို့ကတရားပွဲတခုမှာ တရားဟောပြီိးလို့ တရားပွဲပင့်တဲ့ဒကာအိမ်မှာခေတ္တနားနေ တုန်း အသက်(၄၀)၀န်ကျင်ရှိတဲ့ဒကာမကြီးတယောက်က စာရေးသူကိုအခုလိုလျှောက်ပါတယ်။
့“အရှင်ဘုရားတပည့်တော်အသက်(၄၁)နှစ်ရှိပါပြီဘုရား၊(၁၀)တန်းကျောင်းသူဘ၀ကတည်းက အခုအချိန်အထိ မွေးနေ့တိုင်းမှာ သတ်သတ်လွတ်စားပါတယ်၊ အခုဆိုရင်နှစ်ပေါင်း (၂၅)နှစ်ကျော်ပြီဘု ရား၊ အဲလိုမွေးနေ့တိုင်း သတ်သတ်လွတ်စားတဲ့အတွက် တပည့်တော်ဘယ်လိုအကျိုးတွေရမယ်၊ ဘယ်လိုကုသိုလ်တွေရတယ်ဆိုတာ ဖြေကြားပေးတော်မူပါဘုရား”
့“အင်း….ဒကာမကြီးမေးခွန်းကြားရတောသတ်သတ်လွတ်နဲ့ပတ်သက်တဲ့ ရှေ့တုန်းက အဖြစ်အပျက်လေးကို သွားသတိရမယ်တယ်။ ဒကာမကြီးရဲ့အမေးကို မဖြေကြားခင် အဲဒီအဖြစ်အ ပျက်လေးကိုပြောပြချင်တယ်”
့“တင်ပါ့ မိန့်တော်မူပါဘုရား”
့“တခါတုန်းက မြန်မာပြည်အထက်ပိုင်းမှာ ရဟန္တာလို့ကျော်ကြားတဲ့ ဆရာတော်ကြီး တပါးရှိတယ်၊တရက်တော့ ဆရာတော်ကြီးဆီကို ဒကာမတယောက်ရောက်လာပြီး ခုဒကာမကြီး ဦးဇင်းကိုလျှောက်သလိုမျို့း “သူ့မွေးနေ့တိုင်းမှာ သတ်သတ်လွတ်စားတာ ဘယ်လိုအကျိုးတွေ၊ ဘယ်လိုကုသိုလ်တွေ ရလဲ လို့လျှောက်တယ်တဲ့”
့“ ဒီတော့ ဆရာတော်ကြီးက ဒကာမကြီးကိုတချက်ကြည့်ပြီး
့“ဒကာမ နင့်မွေးနေ့မှာ သတ်သတ်လွတ်စာတာ ဘာအကျိုးရသလဲဆိုတာ ငါကိုလာမမေးနဲ့ နင့်အိမ်ကနွားမကြီးကိုသွားမေးလို့ ” မိန့်တော်မူလိုက်တယ်”
့“ ဆရားကြီးရဲ့ စကားကိုကြာားရတော့ ဒကာမကြီးမှာ အတော်အံ့သြသွားတယ်၊ စိတ်လဲအ တော်ဝင်စားသွားတယ်၊ ရဟန္တာလို့ကျော်ကြားတဲ့ ဆရာတော်ကြီးက သူ့အိမ်ကနွားမကိုသွားမေးခိုင်းတ ယ်ဆိုတော့ သူ့နွားမကြီးကများ သတ်သတ်လွတ်စားတဲ့အကျိုးတွေကို လူစကားနဲ့ပြန်ဖြေမလားလို့ သိချင်စိတ်ကလဲအားကြီးနေတာပေါ့၊ “
့“ဒီလိုနဲ့ဆရာတော်ကြီးကို ရှီခိုးဦးချ သူ့အိမ်ကိုအပြေးပြန်လာပြီး အိမ်ပေါ်ကိုတောင်မတ က်နိုင်တော့ဘဲ့ အိမ်နောက်ဖေးနွားတင်းကုတ်ထဲမှာရှိတဲ့ နွားမရှေ့တည့်တည့်သွားပြီး”
့“နွားမကြီးရှင် ကျမလေ မွေးနေ့တိုင်း သတ်သတ်လွတ်စားပါတယ်ရှင်၊ အဲလိုသတ်သတ်လွတ်စားလို့ ကျမ ဘယ်လိုအကျိုးများရမှာပါလဲရှင်” လို့မေးလိုက်တယ်။
့“ဒီတော နွားမကြီးက အစာစားနေရာကနေ ဒကာမကြီးကိုကြည့်ပြီး”
့“၀ဋ်ဘဲ” လို့ပြန်ပြောလိုက်သတဲ့
အခုလည်း ဒကာမကြီးကိုလည့်း “၀ဋ်ဘဲ” လို့ဖြေရမလိုဖြစ်နေပြီ။
့“အရှင်ဘုရားပြောသလိုဆိုမြတ်စွာဘုရားကကောသတ်သတ်လွတ်စားဖို့ဟောကြားထားတာမရှိဘူးလား သတ်တသတ်လွတ်စားတာ ဘာကုသိုလ်မှမရဘူးလားဘုရား၊တပည့်တော်ကတော့ မြတ်စွာဘုရားက သတ်သတ်လွတ်စွားဖို့ဟောကြားခဲ့တယ်လို့ထင်နေတာဘုရား”
့“မြတ်စွာဘုရားက သတ်သတ်လွတ်စားတာကို သီလ၊သမာဓိ၊ပညာနဲ့မသက်ဆိုင်လို့ အရေးတယူလုပ်ပြီးဟောကြားထားတာမရှိပါဘူး၊ သတ်သတ်လွတ်စာတာဟာ ကျင့်စဉ်လည်းမဟုတ်သလို သီလတရားလည်းမဟုတ်ပါဘူး၊
သတ်သတ်လွတ်စာခြင်း မစားခြင်းဟာ ကိလေသာငြိမ်းအေးကြောင်း၊ ပိပဿနာစတဲ့ တရားတွေနဲ့ယှဉ်ရင်အရေးမပါလို့ မလိုအပ်လို့မဟောကြားခဲ့တာပါ၊ သတ်သတ်လွတ်စားယုံနဲ့ လူကောင်းလို့လဲပြောလို့မရသလို၊မစားတိုင်းလဲ လူဆိုးလို့ပြောမရပါဘူး၊ သတ်သတ်လွတ်စားတိုင်းသာ သူတော်ကောင်းဆိုရင် ရပ်ကွက်ထဲက အရက်သမားတွေကိုလည်း သူတော်ကောင်းလို့ပြောရတော့မှာပေါ့၊ အရက်ဆိုတာ သူတပါးအသက်မှအပါတာကိုး ဒါ့ကြောင့် အရက်သမားတွေက ငါတို့ကသတ်သတ်လွတ်သမားလို့ ပြောပြောနေတာကို ဒကာမကြီးလဲကြားဖူးမှာပေါ့”
့“သတ်သတ်လွတ်စားပြီးလောဘ၊ဒေါသ၊မာန်မာနတွေထား မကောင်းတာတွေတွေးကြံ လုပ်ကိုင်နေရင် အလကားပါပဲ ၊ သတ်သတ်လွတ်ဟင်းပဲဖြစ်ဖြစ် အသားဟင်းပဲဖြစ်ဖြစ် ကိုယ်စားတဲ့ ဟင်းခွက်အပေါ်မှာ ရသတဏှာကိုထိန်းချုပ်ပြီး၊ ရသတဏှာကိုတပ်မက်မှုမရှိဘဲ မျှတအောင်စာသောက်ဖို့ကအဓိကပါ၊
တချို့သူတွေဆိုရင်တပတ်တခါမွေးနေ့မှာသတ်သတ်လွတ်စားပေမဲ့သူစားမဲ့သတ်သတ်လွတ်ဟင်းကို ကောင်းကောင်းမချက်လို့ဆိုပြီး ဒေါသထွက်တာတွေရှိသလို၊ သတ်သတ်လွတ်ဟင်းလေး သိပ်အရသာရှိတာပဲဆိုပြီး စွဲလမ်းနှစ်သက်ရသတဏှာတက်နေကြတာကိုတွေလဲရှိတယ်ဒကာမကြီး အဲလိုလူတွေအတွက် သတ်သတ်လွတ်စားလို့ ပိုလို့တောင် အကုသိုလ်တိုးနိုင်းပါသေးတယ်၊
ဒကာမကြီးမှတ်ထားဖို့က စားတဲ့အခါမှ ရသတဏှာမဖြစ်ဖို့ဘဲလိုတာပါ သတ်သတ်လွတ်စားလို့ကုသိုလ်ထူးမရသလို၊ အကုသိုလ်လဲမဖြစ်ပါဘူး၊ တခုရှိတာက သတ္တ၀ါတွေကို သနားလို့မစားတာဆိုရင်တော့ မေတ္တာစိတ်ကြောင့် ကုသိုလ်ရနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကျင့်စဉ်အနေနဲ့ ကုသိုလ်ရမယ်ထင်ပြီး စားရင် ၊ သတ်သတ်လွတ်ဟင်းအပေါ်မှာ ရသတဏှာဖြစ်ပေါ်ရင် အကုသိုလ်တောင်ဖြစ်ပေါ်ပါသေးတယ်။”
့“ဒကာမကြီးသိအောင် သတ်သတ်လွတ်ဝါဒဘယ်သူစခဲ့သလဲဆိုတာပြောပြချင်တယ်”
့“မှန်ပါ မိန့်တော်မူပါဘုရား ၊ တပည့်တော် အရမ်းသိချင်ပါတယ်”
့“သတ်သတ်လွတ်ဝါဒကိုစတင်အသက်သွင်းတာ တခြားသူမဟုတ်ဘူးဒကာမကြီး ရှင်ဒေ၀ဒတ်ပဲ၊ သူက မြတ်စွာဘုရားကို လူနတ်ဗြဟ္မာစတဲ့ တလောကလုံးက ကြည်ညိုကြတာ ပူဇော်ကြတာကို အားကျတယ်၊ အားကျတယ်လို့ စကားလုံးလှအောင်သာပြောရတာပါ မနာလိုဘူးလို့ပြောရင်ပိုမှန်လိပ်မယ်၊ အာကျတယ်ဆိုရင် ကိုယ်အားကျတဲ့သူကိုစံထားပြီး ကိုယ်လဲ သူလိုဖြစ်အောင်ကြိုးစားရမှာလေ။ ခုကမနာလိုတာဖြစ်တော့ ဘုရားကိုအကောင်ကြံ နာမည်ဖျက်ပြီး သူက အချောင်ဘုရားလုပ်ချင်တယ် ဘုရာလိုတလောကလုံးရဲ့ အပူဇော်ကိုခံလိုတယ်”
့“ဒါကြောင့်လူလိမ်လူကောက်တို့ရဲ့ထုံးစံအတိုင်းအထူးအဆန်းလုပ်လှည့်ဖျားပြီးဘုဉ်းကြီးဖို့ကြံပြီး သတ်သတ်လွတ်စတဲ့ဝါဒတွေကို ချပြပြီး ဘုရားခွင့်မပြုနို်င်တာတွေကို တမင်သက်သက်တောင်းဆိုခဲ့တာပဲ။ သတ်သတ်လွတ်စားတာက တိရိစ္ဆာန်တွေကိုမေတ္တာရှိ လို့မဟုတ်ဘဲ ဘုဉ်းကံကြီးချင်လို့ အများအထ
င်ကြီးအောင်စားတယ်ဆိုရင်တော့ ကုသိုလ်မရတဲ့အပြင် ငရဲပါရနိုင်တယ်လေ”
့“ဦးဇင်းကိုရင်ဘ၀က စာသင်ခဲ့တဲ့စာသင်တိုက်တစ်တိုက်မှာ သတ်သတ်လွတ်စားတယ်ဆိုတဲ့ ဦးဇင်းတပါးကိုတွေ့ဖူးတယ် သူကလဲ ဒေ၀တ်လိုရည်ရွက်ချက်မျိုးပဲ လူတွေရဲ့အထင်ကြီးတာခံချင်လို့ ဘုဉ်းကံကြီးချင်လို့ သတ်သတ်လွတ်စာတာပါ တိရိစ္ဆာန်တွေကို သနားလို့မဟုတ်ဘူး။
ဒကာမတွေ မရှိတော့ဘူးဆိုရင် အသားချက်တွေကို မသိအောင်စားစားနေတယ် ဒကာ၊ဒကာမရှိရင်တော့ အသားနံ့မခံနိုင်ဘူးဆိုပြီးတော့ အသားဟင်းခွက်ကိုတောင် သူဆွမ်းစားတဲ့ ဆွမ်းဟင်းဝိုင်းထဲကိုအ တင်မခံဘူး ၊ ဒါကိုကြည့်ပြီး ဒီကိုယ်တော် သတ်သတ်လွတ်စားတာဟာ ဒကာ၊ဒကာမတွေအထ င်ကြီးအောင် လှူအောင်တန်းအောင် ဟန်လုပ်ပြီး အလိုဆိုးနဲ့စားတာသိတာတယ်၊ ဒီတော့ သူ့အတွက် အကုသိုလ်တောင်ပိုဖြစ်တော့တာပေါ့။”
့“ဒကာမကြီး ဗဟုသုတရအောင် မြတ်စွာဘုရားရှင်က အသားနဲ့ပတ်သက်ပြီး သံဃာတော်တွေကို တားမြစ်ပြဋ္ဌာန်းထားတာကိုလဲ တဆက်တည်းရှင်းပြပေးမယ်”
့“တင်ပါ ဘုရား”
့“မြတ်စွာဘုရားရှင်က တပည့်သားသံဃာတော်တွေကို အသားကြီး(၁၀)မျိုးကို မဘုဉ်းပေးကြဖို့ ၀ိနည်းစည်းကမ်းထုတ်ပြီး တားမြစ်တော်မူခဲ့တယ်ဒကာမကြီး”
့“အသားကြီး (၁၀)မျိုးက ဘာတွေလဲဘုရား”
့“အဲဒီအသားကြီး (၁၀)မျိုးကတော့-
၁-လူသား။
၂- ခွေးသား။
၃-မြင်းသား။
၎-ဆင်သား။
၅-ကျားသစ်သား။
၆-ကျားသား။
၇-ခြင်္သေ့သား။
၈-၀ံသား။
၉-အောင်းသား-။
၁၀-မြွေသား ဆိုတဲ့တိရိစ္ဆာန်တွေရဲ့ အသားတွေပဲ ဒကာမကြီး”
့“အဲဒီအသား (၁၀)မျိုးကို မြတ်စွာဘုရားက သံဃာတော်တွေမဘုဉ်းပေးဖို့ ဘားလို့ဝိနည်းနဲကတားမြစ်ထားတာပါလဲဘုရား”
့“လူသားကိုတော့ ဇာတ်တူသားမို့တားမြစ်တာပါ။ ခွေးသားကိုတော့ ရွံရှာဖွယ်ဖြစ်လို့တားမြစ်တာဖြစ်ပါ၊ မြင်းသားနဲ့ ဆင်သားကိုတော့ ရတနာထိုက်လို့တားမြစ်ထားတာ ပေါ့၊ အဲဒီခေတ် အဲံဒီအခါက အခုခေတ်လို ကားတွေ လေယာဉ်တွေမပေါ်သေးတော့ ရှင်ဘုရင်တွေ ကြွတဲ့အခါမှာ ဒီမြင်တွေ ဆင်တွေနဲပဲကြွကြရတာလေ နောက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံစစ်တိုက်ကြရင်လဲ ဒီ ဆင်တွေ မြင်တွေနဲ့ပဲတိုက်ကြရတာလေ ဒါကြောင့် ဆင်တွေမြင်တွေက တိုင်းပြည်ရဲ့ကယ်တင်ရှင် ကျေးဇူးရှင်တွေဖြစ်တော့ ရတနာထိုက်လို့တားမြစ်တာပါ.။
ကျားသစ်တို့ ကျားတို့ ခြင်္သေ့တို့ ၀ံ၊အောင်း၊မြွေကိုတော့ အန္တာရာယ်ရှိလို့ တားမြစ်ထားခြင်းဖြစ်တယ်ဒကာမကြီး”
့“တပည့်တော် မရှင်းလင်းတာလေး တဆက်တည်း လျှောက်ထားခွင့်ပြုပါဘုရား”
့“မရှင်းတာကို စိတ်ကြိုက်လျှောက်ထားနိုင်ပါတယ်”
့“တင်ပါဘုရား၊ ခုနက အရှင်ဘုရားမိန့်တော်မူခဲ့တဲ့ အသားကြီ့း (၁၀)မျိုးကလွဲ
အကုန်စားကောင်းတယ်ဆိုတဲ့သဘောလား ဘုရား”
့“အသားအနေနဲ့ကတော့ အဲဒီ အသားကြီး (၁၀)မျိုးပါပဲ၊ နောက်ထက့် “မြင်သား၊ကြားသား၊သိသား”ဆိုရင်လဲ မစားရပါဘူး”
့“မြင်သား၊ကြားသား၊သိသား ဆိုတာ ဘယ်လိုအသားမျိုးလဲဘုရား”
့“မြင်သားဆိုတာ ကြက်ဖြစ်ဖြစ်၊၀က်ဖြစ်ဖြစ် တခြားဘယ်တိရိစ္ဆာန်ကိုမဆို သတ်ဖြတ်နေတာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မြင်တာကိုဆိုလိုတာပါ၊ အဲလိုမြင်ထားတဲ့အစားကိုလည်း မစားကောင်းပါဘူး စားရင်အာပတ်သင့်ပါတယ်။
ကြားဆိုတာလဲ ဒီအတိုင်းပဲ သတ်ဖြတ်နေတဲ့ အသံကိုကြားရင်မစားကောင်းဘူး သတ်တဲ့လူကသတ်ဖို့ပြောဆိုတေတဲ့အသံကိုပဲကြားကြား၊ အသတ်ခံရလို့ အော်ဟစ်နေတဲ့အသံကိုပဲကြားကြား အားလုံးဟာ ကြားသားလို့ခေါ်တယ် မစားရဘူး။
သိ-သားဆိုတာကတော့ ကိုယ့်အတွက် စားသောက်ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ချက်ပြုတ်ထားတာလို့သိရင် သိ-သားလို့ခေါ်တယ်။ အဲဒီသိတဲ့ အသားငါးချက်မှန်သမျှကိုလည်းမစားရဘူး။”
့“တချို့ဒကာမတွေဆိုရင် သံဃာတွေကိုဆွမ်းကပ်တဲ့အခါမှာ စေတနာပိုပြီးတော့ “ဘုန်းဘုန်း ဒီအသားဟင်းလေးဘုဉ်းပေးပါဘုရား လတ်လတ်ဆပ်ဆပ်ဖြစ်အောင် ဆရာတော်တို့အတွက်သီးသန့်မှာထား” စသည်ဖြင့်ပြောတတ်ကြတယ် ကိုယ်ကတော့ ဘုဉ်းပေးစေချင်လို့ စေတနာနဲကလျှောက်ထားတာမှန်ပေမဲ့ သံဃာတော်တွေမှာ ၀ိနည်းစည်းကမ်းအရ သိ-သားထဲ ပါသွားလို့ ဘုဉ်းပေးလို့မရတော့ပါဘူး။ ဒါလေးတွေကိုလည်း ဒကာမကြီးတို့သတိထားစရာပေါ့”
့“အသားကြီး (၁၀)မျိုးနဲ့ မြင်သား၊ကြားသား၊သိသား(၃)မျိုးက သံဃာတော်တွေနဲ့ပဲ သက်ဆိုင်တာလား၊ တပည့်တော်တို့လို လူပုဂ္ဂုလ်တွေနဲ့ကော သက်ဆိုင်လား ဘုရား”
့“အသားကြီး(၁၀)မျိုးကတော့ သံဃာတော်တွေအတွက် တားမြစ်တားတာဖြစ်ပါတယ်ဒါပေမဲ့ ဒကာ၊ဒကာမတွေလည်း လိုက်နာနိုင်ရင်တော့အကောင်းဆုံးပေါ။ မြင်-ကြား-သိ-ဆိုတဲ့ အသား(၃)မျိုးကတော့ သံဃာတော်တွေကော လူပုဂ္ဂိုလ်ဒကာ၊ဒကာမတွေပါ လိုက်နာကျင့်သုံးရှောင်ကြဉ်ရမဲ့အရာတွေပေါ့”
့“မှန်လှပါဘုရား”
့“တချို့ ကမ္မဋ္ဌာန်းရိပ်သာတွေမှာ သတ်သတ်လွတ်စားကြတာကကော ဘယ်လိုသဘောမျိုးလဲဘုရား”
့“ဒကာမကြီးမေးခွန်းကောင်းတယ်။ တချို့ရိပ်သာတွေမှာ သတ်သတ်လွတ်ပဲစားကြရပါတယ် အထူးသဖြင့် နာမည်ကျော်ရိပ်သာတွေထဲက့ “ဖားအောက်ရိပ်သာ၊ မုံလယ်ရိပ်သာ တွေမှာ သတ်သတ်လွတ်စားကြပါတယ်”
့“အဲဒီရိပ်သာတွေက ဒေ၀ဒတ်လိုအကြံဆိုနဲ့ သတ်သတ်လွတ်စားတာမဟုတ်သလို အခုခေတ် ဓါတ်၊ဂိုဏ်းသမားတွေလို အယူလွဲနဲ့ သတ်သတ်လွတ်စားတာမဟုတ်ပါဘူးဒကာမကြီး သတ်သတ်လွတ်စားတာခြင်းတူပေမဲ့ ရည်ရွယ်ချက် စေတနာချင်း မတူပါဘူး ကမ္မဋ္ဌာန်းတရား၊၀ိပဿနာတရားကို ပွားများအားထုတ်ကြတဲ့ သူတော်ကောင်းတွေပီပီ ရသတဏှာကိုပယ်ဖို့နဲ့ တိရိစ္ဆာန်တွေကို သနားလို့ မေတ္တာစိတ်သက်သက်နဲ့ အသားမစားဘဲ သတ်သတ်လွတ်စားတာပါ”
့“ဒကာမကြီးပဲစဉ်းစားကြည့်လေ တရားပတ်တခုမှာ အနည်းဆုံးယောဂီဦးရေ့ (၅၀၀)တော့ရှိကြပါတယ် ဒီလောက်များပြားတဲ့လူတွေအတွက် ကြက်၊၀က်စတဲ့အသား ငါးတွေကိုချက်ပြုတ်နေမယ်ဆိုရင် မီးဖိုချောင်ကထွက်တဲ့ အသားစိမ်းနံ့ အသားဟင်းနံ့တွေက တရားအားထုတ်သူတွေရဲ့ သမာဓိကို အနှောက်အယှက်ဖြစ်စေတာပေါ့။
နောက်ပြီး ယောဂီအများတွက်အသားငါးဝယ်တာဟာ ပံ့သကူသားရဖို့မဖြစ်နိုင်ပါဘူး ကြက်ပဲဖြစ်ဖြစ် ၀က်ပဲဖြစ်ဖြစ် ယောဂီတွေအတွက်ဆိုပြီတမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့သတ်ရမှာပဲလေ၊ ဒီတော့ ဘယ်လိုလုပ်အဆင်ပြေပါ့မလဲ။ ဒါ့ကြောင့် ရိပ်သာတွေမှာ သတ်သတ်လွတ်စားတာဟာ မေတ္တာစိတ်သက်သက်နဲ့ စား
တာဖြစ်လို့ ဘုရားအလိုတော်ကျ သတ်သတ်လွတ်စားနည်းဖြစ်ပါတယ်ဒကာမကြီး ”
့“မှန်လှပါဘုရား တပည့်တော် နားလည်သဘောပေါက်ပါပြီဘုရား”
့“ကဲ ဒကာမကြီး သတ်သတ်လွတ်နဲ့ပတ်သက်ပြီး ဘာများထပ်သိချင်သေးလဲ သိချင်တာရှိရင် မရှင်းတာရှိမေးပါ”
့“မရှိတော့ပါဘူးဘုရား တပည့်တော် သိချင်တာထက်ကို ပိုပြီးပြည့်စုံအောင်ဖြေကြားပေးလို့ အရှင်ဘုရားကို ကျေးဇူးအထူးတင်ပါတယ်ဘုရား”
့“ကျေးဇူးတင်စရာမလိုပါဘူး ဒကာမကြီး၊ တကယ်သိသွားပြီးဆိုရင်လဲ သိတာနဲ့ရပ်မနေပါနဲ့ လက်တွေ့မှာပါ ကျင့်နိုင်အောင်ကြိုးစာပါ။ ဒေ၀ဒတ်လို ဓါတ်သမားဂိုဏ်သမားတွေလို စာခြင်းမျိုးမ ဟုတ်ဘဲ မေတ္တာပြည့်သော ရသတဏှာကင်းတဲ့ သူတော်ကောင်းတွေလို စားခြင်းမျိုးဖြစ်အောင်ကြိုးစားပါ”
့“မှန်လှပါဘုရား တပည့်တော်ကြိုးစားပါ့မယ်ဘုရား”
့“သာဓုပါဒကာမကြီး သာဓု…..သာဓု….သာဓု…..”
့(ရသတဏှာပယ်ရှားကာဖြင့် ၊မေတ္တာထားလို့ စားသုံးနိုင်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ
c m t//
Hla Kyi Thar Aung
ကျွဲ နွားတွေဟာလည်း ကျေးဇူးရှင်အသားတွေမို့ ပိုလို့တောင် မစားထိုက်တဲ့အသားတွေ
ဖြစ်ပါတယ်။
ကမ္ဘာမြေမှာရှိနေကြတဲ့သတ္တဝါအားလုံးဟာ
သံသရာတစ်လျှောက် ကျင်လည်တော်စပ်ခဲ့တဲ့မိဘ ညီအကို မောင်နှစ်မ ဆွေမျိုးတွေချည်းပါပဲ။
မည်သူတစ်ဦးတစ်ယောက်မျှ သူတစ်ပါးရဲ့အသွေးအသက်ကိုမစား
ရင် မည်သည့်သတ္တဝါမှ လူတွေအတွက် မသေကြရတော့ဘူးပေါ့ဗျာ
သူတို့ဖြစ်တည်ရာဘုံဘဝမှာ စိုးရိမ်ကင်းစွာ အေးချမ်းပျော်ရွှင်စွာသက်တန်းစေ့ နေနိုင်ကြရမှာပေါ့။
ဒီကမ္ဘာမြေကြီးကိုသူတို့လည်းပိုင်ဆိုင်
တယ်လေ
အရှင်ဒေဝဒတ်ဘုရားကိုလျှောက်ထားတဲ့အချက်တွေထဲကဒီအချက်
ဟာအမှန်တရားတစ်ခုအဖြစ် လက်ခံပါတယ်။
ဗုဒ္ဓဘုရားကဘာလို့လက်မခံသလဲဆိုရင်
ချိုးချန်တဲ့အကျင့်နဲ့ဆွမ်းခံစားရတဲ့ဘုရားရဟန္တာတွေဟာ ဒကာ ဒကာာမတွေရဲ့အဆင်ပြေသလိုလောင်း
လှူတာကိုပဲဘုန်းပေးရတာမို့ ဒီပညာတ်
ချက်ကိုထုတ်ပြန်လို့မဖြစ်နိုင်တာကတစ်
ကြောင်း ဒေဝဒတ်ကဘုရားကိုလျှောက်တင်
တဲ့ရည်ရွယ်ချက်ဟာမူမမှန်တာကတစ်ကြောင်း ဘုရားကခွင့်မပြုခဲ့တာဖြစ်ပါလိမ့်
မယ်။
၄၅ဝါပတ်လုံးဘုရားဟောခဲ့တဲ့တရား
တွေကို ကုန်စင်အောင်မှတ်တမ်းတင်ထား
တယ်လို့ယူဆပါသလား။
ဘုရားဟောခဲ့တဲ့အချိန်က အသုံးပြုခဲ့တဲ့ဘာသာစကားမှတစ်ဆင့် ပါဠိဘာသာ ထိုမှတစ်ဆင့်မြန်မာဘာသာသို့ ဘာသာပြန်ရာတွင်လည်း
ပြည့်စုံအောင်မှန်ကန်ပါမည်ဟုယူဆပါသလား။
၄၅ ဝါ ဟောကြားခဲ့တဲ့
မြတ်ဗုဒ္ဓရဲ့တရားတော်တွေဟာ ကမ္ဘာမြေ
လောကအတွက် နေရာစုံထောင့်စိအောင်
ဟောကြားဖို့လုံလောက်တဲ့အချိန်ရခဲ့တယ်လို့ယူဆပါသလား။
နတ်ပြည်ခြောက်ထပ် နှင့် ဗြဟ္မာနှစ်ဆယ်
ဘုရားသာသနာရောက်ပြီး ဥရောပတိုက် အာဖရိကတိုက် အမေရိကားတိုက် သြစတေးလျှတိုက်တို့ကိုဘုရားသာသနာဘယ်လိုအကြောင်း
ကြောင့်မရောက်ခဲ့ရပါသလဲ။
ရောက်ခဲ့သည်ဆိုလျှင်လည်း မည်သည့်အတွက်ကြောင့် ဗုဒ္ဓသာသနာထွန်းကားသောနေရာ
တွေအဖြစ် မကျန်ရှိခဲ့ရတာလဲ။
ဆောင်းပါးရှင်ဆရာတော် ဖြေဆိုပေးတော်မူပါဘုရား။ ။
credit//
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
No comments:
Post a Comment