့""အမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများ""အပေါ်
ပြန်လည်စိစစ်ပေးနိုင်ရန်တင်ပြခြင်း
----------------
"မူရင်းမှကူးယူခြင်းမဟုတ်သော""
ဟူသည်ကိုတိကျစွာ အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့ 
အကြံပြု ခြင်း
-------------------
အဆိုပါကိစ္စကို မတင်ပြမီ ဦးစွာတင်ပြလိုသည်မှာ
မိတ်ဆွေရှေ့ နေကြီး တစ်ဦးက ပြောဆိုဘူးသည်။
စာအုပ်ဟောင်းလျှင် အမှုကောင်းရှုံးမည် တဲ့။
မှန်၏၊
ဆိုလိုသည်မှာ ဥပဒေ၊စီရင်ထုံးများအပေါ်
မျက်ခြေမပြတ်ဖို့ ပင်ဖြစ်သည်။
တစ်နေ့ သောအခါက ခရိုင်တရားရုံးတစ်ခုသို့ 
ကိစ္စရပ်တစ်ခုဖြင့် ရောက်ရှိသွားသည်။
နားနေခန်းအတွင်း စကားလက်ဆုံကျနေစဉ်
ရှေ့ နေတစ်ဦးနှင့်အခွင့်ရအရာရှိတို့ အငြင်းပွားပြသနာ
ဖြစ်၏။
အခွင့်ရအရာရှိက တရားရုံးများလက်စွဲ အပိုဒ်၁၀၃
ကိုးကား၏။
သူကိုးကားသော တရားရုံးများ လက်စွဲက
တတိယအကြိမ်တည်းဖြတ်ခြင်းဖြစ်သည်။
တရားရုံးများ လက်စွဲ အပိုဒ်၁၀၃ကို
၁၉၉၉ခုနှစ်တွင် စတုတ္ထအကြိမ် တည်းဖြတ်ခြင်း
စာအုပ်တွင် အပိုဒ်၁၀၃(က)
အမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများဖြင့်
ပြင်ဆင် အစားထိုး ခဲ့ပြီးဖြစ်သည်။
အဆိုပါရှေ့ နေက စတုတ္ထအကြိမ် တည်းဖြတ်ထားသည့်
တရားရုံးများ လက်စွဲ အပိုဒ်၁၀၃(က) ကို
ကိုးကား၏။
၁၉၈၉ခုနှစ် မေလ ၂၄ ရက် နေ့ စွဲပါ ယခင်တရားရုံးချုပ်က
ထုတ်ပြန်ထားသောအမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများကို
ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏
၂၉-၄-၂၀၁၅ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် ၃၄၉/၂၀၁၅ဖြင့်
ရုပ်သိမ်းပြီးအမှုတွဲမိတ္တူကူးခြင်းဆိုင်ရာနည်းဥပဒေများအသစ်ထုတ်ပြန်လိုက်ပြီးဖြစ်သည်ကို
သိရှိထားရမည်ဖြစ်သည်။
ယခုတင်ပြလိုသည်မှာ
စတုတ္ထအကြိမ် တည်းဖြတ်ထားသည့်
တရားရုံးများ လက်စွဲ အပိုဒ်၁၀၃(က) ပါ
အမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများ၃၂ တွင်လည်းကောင်း၊
၂၉-၄-၂၀၁၅ ရက်စွဲပါအမိန့့် ကြော်ငြာစာအမှတ် ၃၄၉/၂၀၁၅ဖြင့်
ထုတ်ပြန်သည့်အမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများ
၃၂ တွင် လည်းကောင်းတူညီသောနည်းဥပဒေသမှာ
"""မူရင်းမှ ကူးယူခြင်းမဟုတ်သောမိတ္တူကို
ရိုးရိုး မိတ္တူ အဖြစ်သော်လည်းကောင်း
တာဝန်ခံ မိတ္တူ အဖြစ်သော်လည်းကောင်း၊
ထုတ် မပေးရ ""ဟူ၍ဖြစ်သည်။
တရားရုံးတော်တွင် သက်သေခံအဖြစ်
စာမှတ်စာတမ်းများကိုလက်ခံရာတွင်
မူရင်း၊ တာဝန်ခံမိတ္တူ မှန်နှင့်ဓာတ်ပုံမိတ္တူ
တို့ ကို အသီးသီးလက်ခံလေ့ရှိကြသည်။
အမှုသည်များက အဖိုးတန်စာတမ်းအမှတ်အသားများကို
အမှုတွဲတွင်မထားရစ်လို၍ တစ်ကြောင်း
အခြားနေရာများတွင် အသုံးပြုရန် လိုအပ်သည့်
အတွက်ကြောင်းလည်းကောင်း
သက်သေခံအဖြစ် တင်သွင်းရာတွင်
မူရင်းနှင့် တိုက်ဆိုင် စစ်ဆေးပြီး
ဓာတ်ပုံ မိတ္တူကို သက်သေခံ တင်သွင်းကြသည်လည်း
ရှိ ကြသည်။
သက်သေခံဥပဒေနှင့်အညီ တာဝန်ခံ မိတ္တူ မှန်နှင့်
ဒုတိယတဆင့် သက်သေခံချက် မိတ္တူ တင်သွင်းခြင်းလည်း
ရှိကြသည်။
ထိုထို နည်းလမ်းများဖြင့် တရားရုံးတော်က
သက်သေခံ အဖြစ် တင်သွင်းခွင့်ပြု့ ပြီးဖြစ်သော
စာတမ်း အမှတ်အသား တာဝန်ခံ မိတ္တူ မှန် နှင့်
ဓာတ်ပုံမိတ္တူ တို့ ကို
မိတ္တူရထိုက်ခွင့်ရှိသူက ရယူလို၍လျှောက်ထားသည့်အခါ
အထက်ဖော်ပြပါနည်းဥပဒေ ၃၂ အရ
ထုတ်ပေး၍ မရဟု့ အခွင့်ရအရာရှိ များကနားလည်ထားကြသည်လည်း
ရှိနေကြသည်။
တရားရုံးတော်က
သက်သေခံ အဖြစ် တင်သွင်းခွင့်ပြု့ ပြီးဖြစ်သော
စာတမ်း အမှတ်အသား တာဝန်ခံ မိတ္တူ မှန်နှင့်
ဓာတ်ပုံမိတ္တူ တို့ အပေါ်
ရိုးရိုး မိတ္တူ အဖြစ်သော်လည်းကောင်း
တာဝန်ခံ မိတ္တူ အဖြစ်သော်လည်းကောင်း၊
ထုတ်ပေး၍ရ မရ အငြင်းပွားဖွယ်ဖြစ်နေကြသည်။
သို့ ပါ၍ အဆိုပါ နည်းဥပဒေ ၃၂ ပါ
""မူရင်းမှ ကူးယူခြင်း မဟုတ်သော""
ဟူသည့် စကားရပ် နှင့် ပက်သက်ပြီး
""မူရင်းမှကူးယူခြင်းမဟုတ်သောဟူသည်""ကို တိကျစွာ
အဓိပ္ပါယ် ဖွင့်ဆိုပေးဖို့  အကြံပြုအပ်ပါသည်။.
သက်သေခံ အဖြစ် တင်သွင်းခွင့်ပြု့ ပြီးဖြစ်သော
စာတမ်း အမှတ်အသား တာဝန်ခံ မိတ္တူ မှန်နှင့်
ဓာတ်ပုံမိတ္တူ တို့ အပေါ် မိတ္တူ ထုတ်ပေး
နိုင်ရေးအတွက်
"အမှုတွဲ မိတ္တူ ကူးခြင်းဆိုင်ရာနည်းဥပဒေများ""အပေါ်
ပြန်လည်စိစစ်ပေးနိုင်ရန်တင်ပြအပ်ပါသည်။
credit//
ဆရာ လူဦးမင်း(ဥပဒေစကားဝိုင်း)
July 30/2015 at 11:45pm
comments//
James Boon
အခွင့်ရအရာရှိမှ မိတ္တူမှ ထပ်မံမိတ္တူကူးယူခွင့်မပြုဟုပြောတာကြုံဖူးပါသည်။ ဆရာပြောသည့် မူရင်းမှကူးယူခြင်းမဟုတ်သော ဟူသောစာကိုကိုးကားပြောဆိုခြင်းဖြစ်သည်ဟုထင်ပါသည်။
Kyi Lwin
နည်းဥပဒေ ၁၂ ၊ ၁၄ မှာ သက်သေခံ တင်သွင်း ထားသည့်စာရွက်စာတမ်း ကိုကူးခွင့်ရှိတယ်လို့ပြထားတယ်။၃၂ က ဘာကိုဆိုလိုတာလဲ။
ခရိုင် တရားရုံး က အမှုသည်ကိုယ်တိုင် သက်သေခံ သွင်းထားတဲ့ တာဝန်ခံမိတ္ထူမှန်စာရွက်စာတမ်း ကိုကူးခွင့်မပေးဘူးဆရာ။
Naing Lin Zaw
မူရင်းမှကူးယူခြင်းမဟုတ်သောမိတ္တူကို ရိုးရိုး/တာဝန်ခံမိတ္တူမှန်ထုတ်မပေးရဘူးဆိုရင် မူရင်းမှကူးယူသောမိတ္တူ[သက်သေခံဥပဒေပုဒ်မ ၆၃(၂)(၃)] ဆိုရင်တော့ထုတ်ပေးရမယ်ပေါ့
Kyaw Kyaw Htike
တရားရုံးများတွင်ရှိသော အမူတွဲများ ပျက်ဆီးခြင်းကြောင့်မူရင်းအမှတ်အသားများကို မူလအစကတည်းက မူရင်းမှကူးယူပြီးနှစ်ဖက်စစ်ဆေးအတည်ပြု၍ သက်သေခံအဖြစ်လက်ခံထားပြီးဖြစ်သည်။၎င်းသည် မူရင်းမှကူးယူထားသောမိတ္တူပင်မဟုတ်ပါလော။ယခုတရားရုံးများက မူရင်းမှမဟုတ်သောဆိုသည်စကားရပ်သည် ထိုအဆင့်မှာပင်မိတ္တူကူးခွင့်ပြုရမည်မဟုတ်တော့ပါ။အများနှင့်သက်ဆိုင်သောစာမှတ်စာတမ်းအဖြစ်မူရင်းဟူ၍သတ်မှတ်ပြီးကူးယူခွင့်ပြုပြီးလျှင်လည်း၎င်းသည်မူရင်းမဟုတ်ပါလော။အဆိုပါတာဝန်ခံမိတ္တူမှန်(သက်သေခံဥပဒအရ မူရင်းကဲ့သို့ဟုသတ်မှတ်ထားသော)စာမှတ်စာတမ်းကိုထပ်မံ၍တာဝန်ခံမိတ္တူလျှောက်ထားခြင်းသည် မူရင်းမှကူးယူခွင့်ပင်မဟုတ်ပါလော။ တရားရုံးအရာရှိများသည်စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ရာတွင်အလွန်အားနည်းမူ့ကိုလေ့လာတွေ့ရှိရပါသည်။မည်သို့ပင်ဖြစ်စေ သတ်မှတ်ထားသောအခွန်အခ ပေးဆောင်ပြီးအမူတွဲရှိသက်သေခံအဖြစ်လက်ခံထားသောစာရွက်စာတမ်းကို မိတတူအဖြစ်ကူးယူခွင့်ပြုလျှင်ရော ဘာများမှားယွင်းနိုင်ပါသနည်း။ကူးယူမည့်စာမှတ်စာတမ်းသည်နှစ်ပေါင်းများစွာကြာ၍ အမူသည်ထံတွင်မူရင်းမရှိ၍ တချိန်တခါက သက်သေခံအဖြစ်လက်ခံဘူးသောအမူတွဲရှိစာမှတ်စာတမ်းကိုကူးယူခြင်းသည်ပိတ်ပင်ဖွယ်ကောင်းသောကိစ္စဖြစ်ပါသလား။ထိုအကြာင်းအရာသည် ဆင်ခြင်တုံတရားပင်ဖြစ်ပါသည်။
တရားရုံးများသည် မိမိရုံးသို့ရောက်ရှိပြီးဥပဒေနှင့်အညီတင်သွင်းသောသက်သေခံစာမှတ်စာတမ်းများကို မူရင်းအဖြစ်တာဝန်ခံမူမရှိခြင်းလော။အဆိုပါလုပ်ရပ်သည် တာဝန်မဲ့ပျက်ကွက်ခြင်းပင်မဟုတ်ပါလော။
စစ်ဆေးစီရင်ဆုံးဖြတ်ရမည့်လူပဂ္ဂိုလ်အများစု၏အတွေးအခေါ်များသည်အတော် ပင် ကျဉ်းမြောင်းလှပေသည်။
No comments:
Post a Comment