Sunday, August 23, 2015

တစ်ခါက

တခါက ရွာတရွာမှာ နေ့စေ့လစေ့ကြီးနဲ့ ကိုယ်ဝန်ဆောင် မိန်းမတယောက် ဗိုက်နာနေတော့ သူ့ယောကျာ်းဟာ ဝမ်းဆွဲသယ် နာ့စ်မကို ပြေးခေါ်တာပေါ့။
နာ့စ်မလည်း ဆေးသေတ္တာလေးဆွဲပြီး မီးနေသည်နောက် အမြန်လိုက်လာတယ်။
ပြီးတော့ အိမ်ထဲဝင်သွားပြီး သူ့ယောကျာ်းကို ရှင်အပြင်ကစောင့်၊ ဒါမီးနေသည်အခန်း မဝင်ရဘူး လို့ဆိုလေတယ်။
ဒါနဲ့ယောက်ျားလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ အပြင်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လို့ မျောက်မီးခဲကိုင်မိသလို ဖြစ်နေတုန်း တံခါးပွင့်လာတယ်၊ သူနာပြုဆရာမက ရှင့်မှာ ဝက်အူလှည့်ရှိလားတဲ့၊ ဒါနဲ့ လူနာရှင်ယောက်ျားလည်း ဝက်အူလှည့် ရှာပေးလိုက်တယ်။
နောက် ၁၅မိနစ်လောက်နေတော့ တံခါးထပ်ပွင့် လာပြန်တယ်။ ဆရာမက ပလာယာလေး များရမလားတဲ့။ ယောက်ျားလဲ ပလာယာရှာပေးလိုက်ပြန်တယ်။ ဒီတော့ ပလာယာယူပြီး တံခါးပြန်ပိတ်သွားပြန်ရော။ လူနာရှင်ယောက်ျားလဲ စဉ်းစားတာပေါ့၊ ကလေးမွေးတာ ပလာယာတွေ၊ ဝက်အူလှည့်တွေ လိုများလိုသလား ဆိုပြီး...
ဒီလိုနဲ့ နောက်ထပ် ၁၀-မိနစ်လောက်နေတော့ တံခါးပွင့်လာပြန်တယ်၊ ဆရာမက မထူးပါဘူးရှင် ဆောက်နဲ့တူသာ ပေးပါတော့ တဲ့။ ဒီတခါတော့ ယောက်ျားက ဆောက်နဲ့တူ ရှာ၊ ဆရာမကိုပေး၊ ဆရာမထမိန်ကိုဆွဲပြီး မရအရ မေးလိုက်တယ်။ ဆရာမရယ် ကျနော့်မိန်းမ အခြေအနေလေး သိပါရစေပေါ့။
အဲ့တော့မှ ဆရာမက ရှင့်မိန်းမကို မကိုင်ရသေးဘူးရှင့်၊ ဒီမှာဆေးသေတ္တာကို ဖွင့်မရသေးလို့ တဲ။့

့(ဆရာနေဝင်းမြင့်)

credit// Moe - မိုး

No comments:

Post a Comment