Cause List ပြသနာအထူးသတိထားပါ
--------------------------
တိုင်းဒေသကြီးတရားလွှတ်တော်တစ်ခုတွင် အမှန်ကြုံတွေ့ခဲ့ရသော ပြသနာဖြစ်သည်။
တရားမ ဒုတိယအယူခံမှုတစ်ခုတွင်
အယူခံလက်ခံသင့် မခံသင့်အဆင့်တွင်
လျှောက်လဲချက်ပေးပြီးနောက်
ညနေပိုင်းတွင် ယင်းအယူခံမှုကို
Cause Listတွင
်"" ပယ်သည်""ဟုဖော်ပြသည်။
နောက်လအနည်းငယ် ကြာသောအခါ
အဆိုပါအမှုအား Cause List တွင်
"" ကြားနာရန်"" ဟု ရုံးချိန်းသတ်မှတ်ဖြော်ပပါရှိလာသည်။
အယူခံတရားလို၏ရှေ့နေက အမှုလက်ခံသင့် မခံသင့်အဆင့်တွင်
"" ပယ်သည်"" ဟုဆိုသည့်အတွက်
အဆိုပါအမှုနှင့် စပ်လျဉ်း၍ Cause List ကြည့်ရှု့ ရန် အကြောင်းမရှိတော့ပေ။
အခြားမိတ်ဆွေရှေ့နေတစ်ဦး၏ ကြုံကြိုက်၍ Cause List တွင်
မိမိ၏အမှုကြားနာရန် ပေါ်နေသည်ဟု ကြားသိရမှ ဖြစ်ရပ်မှန်ကို အဆိုပါ တိုင်းဒေသကြီးတရားလွှတ်တော်၏ တရားမစီမံဌာနတွင် စုံစမ်းသည်။
Cause List လက်ခံစာရွက်တွင်လည်း ယင်းသို့ပင် ""ပယ်သည်"
ဟု သာ ဖော်ပြထားသည်ကို တွေ့မြင်ခဲ့ရသည်။
ထို့ကြောင့် ယခုတဖန် ကြားနာရန်ဟု ပေါ်နေသည့်အတွက် စီမံဌာနမှ သက်ဆိုင်သူအရာရှိအား စုံစမ်းမေးမြန်းသောအခါတွင်မှသာ အမှုဆုံးဖြတ်သည့် တရားသူကြီး ၏ လက်ရေးဖြင့် ရေးသားထားသော စာရွက်တွင်မူ လက်ခံသည်ဟု ဖော်ပြထားသည် ကိုတွေ့မြင်ခဲ့ရသည်။
Cause List ရေးသွင်းသူ၏ အမှား
Cause List တွင် လက်မှတ်ရေးထိုးသူ၏ အမှား
(တာဝန်လစ်ဟင်းမှု) ပင်ဖြစ်သည်။
အကယ်၍သာ အယူခံတရားလို၏ ရှေ့နေက မိမိအမှု လက်ခံထားသည်ကို လက်မခံဟု ဆိုပြီး ကြားနာရန်ရုံးချိန်းရက်သို့
သွားရောက်လျှောက်လဲခြင်းမပြုခဲ့ ပါမူ
အယူခံတရားလိုတွင်သော်လည်းကောင်း၊ အယူခံတရားလို၏ရှေ့နေတွင်
သော်လည်းကောင်း၊
မည်မျှ ထိခိုက်မည်ကို စဉ်းစားကြည့်စေလိုပါသည်။
ထို့ကြောင့် Cause List တွင်ပြသနာရှိသည်ကို အထူးသတိထားရပေမည်။
့(ဖြစ်ရပ်မှန်) ဖြစ်ကြောင်း လူဦးမင်းတာဝန်ယူသည်။
credit//
ဆရာလူဦးမင်း(ဥပဒေစကားဝိုင်း)
No comments:
Post a Comment