ဖတ်မကြည့်ပဲ ရသည့် LIKE ။
ကျနော့်ပိုစ်တွေကို LIKE လုပ်ပေးသော သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်။
ဒါပေမယ့် စိတ်မကောင်းဖြစ်ရပါသည်။
များသောအားဖြင့် ပိုစ်ကို အစအဆုံးဖတ်ခြင်းမရှိဘဲ LIKE ကြခြင်းဖြစ်ပါသည်။
ပိုစ်ကို တင်ပြီးပြီးချင်း/ တင်နေဆဲရှိသေး LIKE တက်လာပါသည်။
စာဖတ်အရမ်းမြန်ကြ ပါသည်။ ကျနော်ပိုစ်တစ်ခုတင်ဖို့ စာရိုက်ရသည်မှာ အနည်းဆုံး ၁ နာရီကျော်ကြာပါသည်။ လိုင်းမကောင်းလျှင် ၂ နာရီလောက်ကြာပါသည်။
ကျနော်ဇာရီမှုအကြောင်းအရာများကို အထူးပြုတင်ပြနေရခြင်းသည်အကြောင်းရှိပါသည်။
ဆရာတစ်ယောက်က ပြောဖူးပါသည်။ ဇာရီဆိုတာမှော်ရုံတောတဲ့။ ၀င်သွားပြီးလျှင်ပြန်မထွက်တတ်တော့ဘူးတဲ့။ ယင်းစကားအရမ်းမှန်ပါသည်။
တရားမမှုများကို ဘယ်အဆင့်ပြီးဘာလုပ်ရမည်ကို ကောင်းစွာသိနေသဖြင့် များသောအားဖြင့် အမှုမကြာပါ။
ဇာရီမှုတွင်တော့ ကျင့်ထုံးမပိုင်လျှင် ရွာလည်ရုံမဟုတ် တောပါလည်ပါသည်။
ကျနော်ရှေ့နေလိုက်စဉ်က ဇာရီမှုကို တရားနိုင်ဘက်ကလိုက်ပါရလျှင်
အရမ်းစိတ်ပင်ပန်း ပါသည်။ ဒီနေ့ရုံးချိန်းဘာလုပ်ရမလဲ ယောင်းဝါးဝါးနှင့်
ရုံးချိန်းသာလာခဲ့ရသည်။
ရုံးထိုင်တရားသူကြီးက ရှေ့နေလေး ဘာတင်ပြစရာရှိလဲမေးရင် ဟုတ်ကဲ့ နောက်ရုံးချိန်းတင်ပြပါမယ် ရုံးချိန်းတစ်ချိန်းတော့ပေးပါဆိုပြီး
ရုံးချိန်းတောင်းပြန်ခဲ့ရပါသည်။ နောက်ရုံးချိန်းရောက်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ ယောင်ဝါးဝါးပါဘဲ။
ရှက်စရာကောင်းသည်က တစ်နေ့ ရုံးချိန်းမှာ တရားသူကြီးမင်းက ဇာရီကိုဘယ်လိုအတည်ပြုမှာလဲမေးတော့ ကျနော်က တစ်လုံးတစ်ခဲတည်း တရားရှုံးဆီကတောင်းပေးပါလို့ တင်ပြခဲ့ပါတယ်။
ရုံးမင်းက ရှေ့နေလေး စာဖတ်စေချင်တယ်။ ရှေ့နေလေးတို့ကိုယ်တိုင်က ယောင်ဝါးဝါး နှင့်ဆိုရင် အမှုသည်က ရှေ့နေငှားတာအလကားဖြစ်ပြီပေါ့တဲ့။ ဇာရီအတည်ပြုတဲ့နည်းထဲမှာ အဲဒီနည်းလမ်း ပါလို့လားတဲ့။ ဆုံးမခဲ့သော တရားသူကြီးရဲ့စကား ယနေ့တိုင်နားထဲကမထွက်ပါ။ ဆရာ့အား ဤနေရာမှ ကန်တော့အပ်ပါသည်။ တစ်ရက်ဆရာဖြစ်ဖူးလျှင် တစ်သက်ဆရာပါ။
တရားဌာနထဲရောက်တော့လည်း ဇာရီမှုတစ်မှု တရားရှုံးခေါ်ဖို့ကြိုးစားတာနှင့်တင်
၂/ ၃လ လောက်ကြာပါတယ်။ တရားနိုင်လည်း ဒီကရီသာရတယ်။
မြင်သာမြင် မကြင်ရတဲ့ဘ၀ ပါ။ ရှေ့နေဘက်ကကြည့်ရင်လည်း အမှုသည်ကို အားနာဖို့ကောင်းပါသည်။ တရားရုံးဘက်ကကြည့်ရင်လည်း အမှုသည်ကို
အားနာဖို့ကောင်းပါသည်။ မိမိတို့၏ စာဖတ်အားနည်းလို့ ကြားထဲက အမှုသည် ရုံးချိန်းတွေရှည်နေရခြင်းဖြစ်ပါသည်။
ဒါကြောင့် ဇာရီလုပ်ထုံးတွေကို မှတ်စုထုတ်ပြီး ထိုမှတ်စုတွေကို ဥပဒေသမား သူငယ်ချင်းများ သိနိုင်အောင် ပိုစ်တွေတင်ပြီး ပညာမျှခဲ့ပါတယ်။ ကျနော် ပညာမျှချင်သည့်စိတ်ပဲရှိပါသည်။ ပညာပြချင်သည့်စိတ်မရှိပါ။
credit//
ဆရာ TUN MYO HTAY
April 14, 2014 at 10:29pm
No comments:
Post a Comment