Sunday, July 26, 2015

ပြည်ထောင်စုလွှတ်တော် နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အကြံပြုလွှာ

့"ပြည်ထောင်စု လွှတ်တော်နှင့်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ 
အကြံပြု လွှာ"

ပြန်လည်ပြင်ဆင်ပေးသင့်သောသေဒဏ်
အယူခံကာလစည်းကမ်းသတ်
--------------------
ကာလစည်းကမ်းသတ်အက်ဥပဒေ ဒုတိယစာရင်း အပိုဒ်၁၅၀နှင့်
တရားရုံးလက်စွဲ အပိုဒ် ၇၆၅ တို့ အရ
စက်ရှင်တရားသူကြီးက ချမှတ်သော
သေဒဏ်စီရင်ချက်မှ အယူခံလျှင်
ပြစ်ဒဏ်စီရင်သောနေ့ မှ ၇ ရက်ထိသာ
အယူခံ တင်သွင်းခွင့်ပြု ထားပါသည်။

အခြားအယူခံ မှု များကိုမူ
၃၀ ရက် ၆၀ရက် အထိ ခွင့်ပြု ပြီး
လူ့ အသတ်နှင့် စပ်လျဉ်းသည့်
ကိစ္စရပ်အပေါ်တွင်မူ
၇ရက် ထိသာ ခွင့်ပြု ထားသည်ကို
လေ့လာတွေ့ ရှိ ရပါသည်။

စက်ရှင်တရားသူကြီးက
သေဒဏ်စီရင်ချက်ချမှတ်လျှင်
အမိန့် ချမှတ်သည့်ရက်နေ့ တွင်
စီရင်ချက်နှင့်အမိန့်  တာဝန်ခံမိတ္တူ မှန်ကို
ယင်းနေ့ တွင်ပင် တရား ခံကို
ထုတ်ပေးသည်မှာမှန်၏။

သို့ သော်
တရားခံ အနေဖြင့်
မူလအမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည်
ရှေ့ နေရှေ့ ရပ် ဖြင့် အယူခံ တင်သွင်းမည်ဆိုလျှင်
ထိုက်သင့်သလောက် ပြသနာမရှိ။

အယူခံ အတွက်မူလအမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည်
ရှေ့ နေမဟုတ်သည့် အခြားရှေ့ နေ ငှားရမ်းရာတွင်မူ
ရှေ့ နေ ငှားရမ်းခြင်း၊ ယင်းရှေ့ နေမှ အကျဉ်းထောင်တွင်
တရားခံ ထံမှ ကိုယ်စားလှယ်လွှဲစာ ရယူခြင်း၊
အမှုတွဲ လေ့လာခြင်း၊ အယူခံလွှာရေးသားခြင်း၊
အယူခံ တင်သွင်းရမည့် ရုံးသို့ ရပ်ဝေးခရီးသွားရခြင်း၊
လိုအပ်သော ငွေကြေးရှာဖွေရခြင်း
စသည်ဖြင့် အခက်အခဲ ပေါင်းများစွာကို
သေဒဏ် ကျခံ ရသည့် တရားခံ မိသားစု ၀င်များနှင့်
ရှေ့ နေ ရှေ ရပ်များအဖို့  အခက်အခဲ ပေါင်း များစွာ
ရင်ဆိုင်နေရ သည်ကို
လေ့လာတွေ့ ရှိ ရပါသည်။

သို့ ပါ၍
သေဒဏ်အယူခံကာလစည်းကမ်းသတ်အပေါ်
ပြန်လည်စိစစ်ပြင်ဆင်တိုးမြှင့်
ပေးသင့် ပါကြောင်း
ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ 
အကြံပြု အပ်ပါသည်။

credit//
ဆရာ လူဦးမင်း(ဥပဒေစကားဝိုင်း)

No comments:

Post a Comment