သမီးသို့ မေမေ့ မှာတမ်း
လက်မထပ်ခင်
မေမေက သမီးကို ပြောတယ်။
ဒေါသထွက်တဲ့အခါ ရန်မဖြစ်ပါနဲ့၊ သူနဲ့ စကားမပြောလို့ရတယ်။
သူ့အင်္ကျီ မလျှော်ပေးလို့ရတယ်၊ ဒါပေမယ့်သူနဲ့ရန်မဖြစ်ရဘူး။
မေမေက ပြောတယ်။ ယောက်ျားနဲ့စကားများ ရန်ဖြစ်ပြီး တစ်ယောက်တည်း အိမ်ပြင်မထွက်သွားပါနဲ့။ သူတစ်လှမ်းနောက်ဆုတ်ရင် နင်နှစ်လှမ်းရှေ့တိုးပါ။
မေမေက ပြောတယ်။
အိမ်က မိမိရဲ့အလုံခြုံဆုံးနေရာပါ။ ဘာကိစ္စပဲဖြစ်ဖြစ် မထွက်ခွာသွားပါနဲ့၊ ပြန်လာတဲ့လမ်းက ခက်ခဲလို့ပါ။
မေမေက ပြောတယ်။ နှစ်ယောက်အတူနေတဲ့နေရာမှာ မျက်နှာက လိုလို့လား။
မျက်နှာလိုချင်ရင် အစောကြီးထဲက မယူခဲ့နဲ့ပေါ့။
မေမေက ပြောတယ်။
ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာတဲ့ ယောက်ျား ဖြစ်နေပါစေ။
အိမ်ပြန်လာရင် မိမိကို စောင့်မျှော်နေတဲ့ ဇနီးတစ်ယောက်ကိုတောင့်တတာ အမှန်ပဲလေ။
မေမေက ပြောတယ်။ ယောကျာ်းကောင်းက ရှိတာဟုတ်တယ်။ ဒါပေမယ့် အခုခေတ်က သူ အခြားမိန်းကလေးကိုသွားမဖက်ရင်တောင် အခြားမိန်းကလေးက သူ့ကိုအရင်လာဖက်သွားမှာ။
မေမေက ပြောတယ်။
အခုခေတ်မှာ မိန်းကလေးလည်း အပြင်မှာ အလုပ်ထွက်လုပ်သင့်တယ်။ နည်းနည်း များများ အိမ်အတွက်ပဲလေ။ ရတာလေးနဲ့ ကိုယ်ကြိုက်တဲ့ အိမ်ထောင်ပရိဘောဂဝယ်၊ ကိုယ်ကြိုက်တာ ဝယ်စားပေါ့။ အနည်းဆုံးတော့ ယောက်ျားဆီက ငါနင့်ကိုရှာကျွေးနေရတာဆိုတဲ့စကားတစ်ခွန်း အကြားနည်းသွားမှာပေါ့။
မေမေက ပြောတယ်။ အပြင်အလုပ်ထွက်လုပ်ပေမယ့် အိမ်မှု ကိစ္စလည်းနိုင်အောင်ထိန်းရမယ်။ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံပြီး အိမ်ဖော်ငှားနေရမှာလဲ။
ဒါ့ပြင် ကိုယ့် ကလေးကိုလည်း ကောင်းကောင်းသွန်သင်နိုင်ရမယ်။
မေမေက ပြောတယ်။
တကယ်လို့ သူ နင့်အတွက် အံ့အားသင့်စရာ surprise လုပ်ရင် နင် စိတ်လှုပ်ရှားလို့ရတယ်။
ဒါပေမယ့် ခနဲ့သလိုလိုနဲ့
့"နေ အနောက်ရပ်က ထွက်လာတယ်တော့" လို့ မပြောပါနဲ့။
နောက် သူဒါမျိုးမလုပ်ပေးတော့မှာ စိုးလို့ပါ။
မေမေက ပြောတယ်။
ဘယ်သူကမှ နင့် ဗိုက်ထဲက သန်ကောင်မဟုတ်ဘူး။ တချို့အရာတွေက နင်မပြောပြဘဲ သူဘယ်လိုမှသိမှာမဟုတ်ဘူး။ ဘာကိုမကြိုက်ဘူးလဲ၊ ဘာကိုလိုချင်လဲ ပြောမှ သူနားလည်မယ့်အခါတွေရှိတယ်။
မေမေက ပြောတယ်။
သူ့ရဲ့အဖေအမေ ကလည်း နင့်ရဲ့ အဖေ အမေပါပဲ။
သူတို့ နင့်အပေါ် ဆက်ဆံရေး သိပ်မကောင်းသည့်တိုင်အောင် နင့်ဘက်က ကောင်းပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နင့်ယောကျာ်းမိဘတွေမို့လို့လေ။
မေမေက ပြောတယ်။
လူတစ်ယောက်နဲ့ တစ်ဘဝလုံးလက်တွဲဖို့ဆုံးဖြတ်ခဲ့ပြီးမှ သူ့ဆီမှာ မကျေနပ်ချက်တွေဘာလို့ အောင်းထားရမှာလဲ။ ရွေးခဲ့တာပျော်ပျော်ရွှင်ရွှင်လက်တွဲဖို့လေ၊့ "မကျေနပ်ချက် စုဘူး" အတွက်မဟုတ်ဘူးလေ။
မေမေက ပြောတယ်။ ပိုက်ဆံတွေအများကြီးရှာနိုင်ရင်တောင် ယောကျာ်းမရှိရင်အပိုပဲ။
မေမေက ပြောတယ်။
နင်တို့ တစ်ဘဝ ဘယ်လောက်ကြာမှာမို့လို့လဲ။ ဇိမ်ခံပစ္စည်းတွေအများကြီးဝယ်ဖို့ ပိုက်ဆံကို မစုပါနဲ့။
ဝင်ငွေထွက်ငွေ သင့်သင့်မျှမျှလေးနဲ့ ပျော်နေရင် တော်ပြီ။
မေမေက ပြောတယ်။
ကိုယ့်ကလေးကို ဒေါသထွက်တဲ့အခါ နင့်ကို ငါမလိုချင်တော့ဘူး၊ သွားပစ်မယ်မပြောပါနဲ့။ အိမ်ပြင်ကိုမတွန်းထုတ်ပါနဲ့။ သူတကယ်ပျောက်သွားရင် အရင်ဆုံး ရင်ကျိုးမှာ ကိုယ့်ကိုယ်ကို ပါ။
မေမေက ပြောတယ်။ ကလေးကိုမရိုက်ပါနဲ့။
အပြင်မှာဆို ပိုလို့တောင်မရိုက်သင့်ဘူး။
မေမေက ပြောတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အချစ်ကကောင်းပါတယ်။
ဒါပေမယ့် တော်ရုံပဲကောင်းတယ်။ လိုတာထက်ပိုရင် အချင်းချင်း အမြင်တွေကပ်ကုန်ကော။
မေမေက ပြောတယ်။
ဘယ်အရာမဆို ရေစက်ရှိလို့ပါ။
မေမေက ပြောတယ်။
လူဆိုတာ ဘယ်နေ့သေမယ် မသိဘူး။ ဒါ့ကြောင့် နေ့တိုင်း နေ့တိုင်းကို တန်ဖိုးထားပါ။
ဒီလောက်လေးပါပဲ။
Have a happy family
22 July 2015 at 12:55
credit//
ငှက်ခါး ချစ်သူ
No comments:
Post a Comment