စာချုပ်စာတမ်းတစ်ရပ်ကို ပယ်ဖျက်ပေးစေလိုမှု နှင့် ယင်းစာချုပ်မှာ တရားလိုအပေါ် အကျိုး သက်ရောက်မှုမရှိကြောင်း မြွက်ဟကြေညာပေးစေလိုမှုတို့၏ ကွဲပြားခြားနားချက်။
xxxxxxxxxxxxxxxxxxxxxxxx
စာချုပ်စာတမ်းတစ်ရပ်ကို ပယ်ဖျက်ပေးစေလိုမှု နှင့် ယင်းစာချုပ်မှာ တရားလိုအပေါ် အကျိုး သက်ရောက်မှုမရှိကြောင်း မြွက်ဟကြေညာပေးစေလိုမှုတို့သည် ကွဲပြားခြားနားပါသည်။
မိမိ ကိုယ်တိုင် ပါဝင်ချုပ်ဆိုခဲ့သော စာချုပ် ဖြစ်လျှင် ။
xxxxxxxxxxxxxxxxxxxxxxxx
တရားလိုသည် မိမိပိုင်ဆိုင်မှုကို အခိုင်အမာပြဆိုရာတွင်
့(၁) မိမိ ပါဝင်ချုပ်ဆိုခဲ့သောစာချုပ် သို့မဟုတ်
့(၂) မိမိလိုက်နာရန် တာဝန်ရှိသောစာချုပ် ကို
ဖယ်ရှားခြင်းမပြုဘဲ မိမိ ပိုင်ဆိုင်ခွင့်ကို အခိုင်အမာ ပြဆိုနိုင်မည်မဟုတ်လျှင်
့(၁) စာချုပ်ကို ပယ်ဖျက်ပေးရန်ဖြစ်စေ၊
့(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၃၉)
့(၂) ပျက်ပြယ်ကြောင်း မြွက်ဟကြေညာပေးရန်ဖြစ်စေ
့(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၄၂)
တရားစွဲဆိုနိုင်သည်။
မိမိ မပါဝင်သည့် အခြားသူများအချင်းချင်းအကြားချုပ်ဆိုသည့် စာချုပ်ဖြစ်လျှင် ။
xxxxxxxxxxxxxxxxxxxxxxxx
ထိုစာချုပ်သည် မိမိ နှင့် စပ်လျဉ်း၍ ပျက်ပြယ်ကြောင်း မြွက်ဟကြေညာ စေရန်
့(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၄၂)
့(သို့မဟုတ်)
ယင်းစာချုပ်မှာ မိမိအပေါ် အကျိုး သက်ရောက်မှုမရှိကြောင်း မြွက်ဟကြေညာပေးစေလိုမှု
့(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၄၂)
စွဲဆိုရန်ဖြစ်သည်။
ကျမ်းကိုး၊
ဆရာဦးမြ သောင်းပြောင်း- ၅ စာ -၃၀၃
ဦးမြ သီးခြားသက်သာခွင့်ဥပဒေ
စာ - ၂၅၆
အခြားသူများအချင်းချင်းအကြားချုပ်ဆိုသည့် စာချုပ်နှင့်စပ်လျဉ်း၍ စောဒကတက်ရန် အချက်တစ်ခု။
xxxxxxxxxxxxxxxxxxxxxxxx
ဦးသန်းမောင် နှင့် ဒေါ်ခင်ကြည် ( ၁၉၆၇၊ မတစ၊ စာ - ၂၈၃ ) နှင့် ဦးရွှေဇံအောင် နှင့် ဒေါ်မွေးအိမ် ( ၁၉၇၆ ၊ မတစ၊ စာ - ၅၅) တို့တွင်
အခြားသူအချင်းချင်း ချုပ်ဆိုသည့် ပေးကမ်းခြင်းစာချုပ်များကို စာချုပ်တွင်မပါသူက
ပျက်ပြယ်ကြောင်း မြွက်ဟ ကြေညာရန်သက်သက်စွဲဆိုခွင့်မရှိဘဲ ပယ်ဖျက်ပေးရန် နောက်ဆက်တွဲသက်သာခွင့် ထည့်သွင်းတောင်းခံရမည်ဟု ထုံးပြုပါသည်။
ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင် ( ၁၉၈၃၊ မတစ၊စာ - ၂၆) ပါ ပျက်ပြယ်သော စာချုပ်သည် ပယ်ဖျက်ရန် မလိုကြောင်း စီရင်ထုံးပြုချက် နှင့် လိုက်လျောညီထွေမရှိဟု ယူဆမိပါသည်။
ဒေါ်လွန်းပါ(၅) နှင့် ဒေါ်သိန်းရင့် (၁၉၉၁၊မတစ၊စာ - ၁၄၉)တွင် အပေးစာချုပ် ပျက်ပြယ်သည့်ကိစ္စကို သီးခြားတရားတစ်ထုံးစွဲဆိုပယ်ဖျက်ရန်မလိုကြောင်း ပျက်ပြယ်သော စာချုပ်သည် ပယ်ဖျက်ရန် မလိုကြောင်း ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင် ( ၁၉၈၃၊ မတစ၊စာ - ၂၆) ကို ကိုးကားပါသည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေပစ္စည်းအားလုံးပေးကမ်းခြင်းသည် ပျက်ပြယ်သည်။
ယင်းအပေးစာချုပ်သည် ပဋိညာဉ်ဥပဒေပုဒ်မ - ၂၃ အရ Void ဖြစ်သည်။ ဒေါ်လွန်းပါ(၅) နှင့် ဒေါ်သိန်းရင် (၁၉၉၁၊မတစ၊စာ - ၁၄၉)တွင် ကြည့်ပါ။
Void စာချုပ်သည် ဥပဒေအမြင်တွင် အာနိသင်မရှိ၍ ပယ်ဖျက်ပေးဖို့တောင်းဆိုရန်လိုပါမည်လား။
ပျက်ပြယ်သော ပေးကမ်းခြင်းစာချုပ်ကို စာချုပ်တွင် မပါဝင်သူက ပျက်ပြယ်ကြောင်း မြွက်ဟဒီကရီ သက်သက် စွဲဆိုခွင့် ရှိမရှိ ကိစ္စမှာ စဉ်းစားဖွယ်ဖြစ်ပါသည်။
------
မိမိ ကိုယ်တိုင် ပါဝင်ချုပ်ဆိုခဲ့သော စာချုပ် နှင့်စပ်လျဉ်း၍ သီးခြား - ၃၉ အရ စွဲဆိုမည်လား (သို့မဟုတ်) သီးခြား - ၄၂ အရ စွဲဆိုမည်လား မည်ကဲ့သို့ ပိုင်းခြားမည်နည်း။
xxxxxxxxxxxxxxxxxxxxxxxx
မိမိ ကိုယ်တိုင် ပါဝင်ချုပ်ဆိုခဲ့သော စာချုပ် နှင့်စပ်လျဉ်း၍ သီးခြား - ၃၉ အရ စာချုပ်ပယ်ဖျက်ပေးစေလိုမှု စွဲဆိုမည်လား (သို့မဟုတ်)
သီးခြား - ၄၂ အရ ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေလိုမှု စွဲဆိုမည်လား ခွဲခြားရန်လိုအပ်ပါသည်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၃၉ အရ Void စာချုပ်များကိုသာမက Voidable စာချုပ်များကို လည်းပယ်ဖျက်ပေးရန် တရားစွဲဆိုနိုင်ပါသည်။
---
သို့ရာတွင် Void စာချုပ် သည် ဥပဒေမျက်စိတွင် လုံးဝအကျိုးသက်ရောက်မှုမရှိသဖြင့်
ရပ်တည်နိုင်စွမ်းမရှိသောစာချုပ်ဖြစ်သောကြောင့်
ထိုစာချုပ်မျိုးကို ပယ်ဖျက်ရန်မလိုပါ။
ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင် ( ၁၉၈၃၊ မတစ၊စာ - ၂၆)တွင်ကြည့်ပါ။
ထိုသို့ဆိုလျှင် Void စာချုပ်ကို
ပယ်ဖျက်ပေးရန် သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၃၉ အရ စွဲဆိုခြင်းသည်လည်းကောင်း၊
ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးစေရန် သီးခြားသက်သာခွင့်
ဥပဒေပုဒ်မ - ၄၂အရ စွဲဆိုခြင်းသည်လည်းကောင်း၊
အပိုအလုပ်လုပ်သည်ဟု ယူဆမိပါသည်။
တရားစွဲဆိုခွင့်မရှိဟု ဆိုလိုခြင်းမဟုတ်သည်ကို သတိပြုစေလိုပါသည်။
------
Voidable စာချုပ်များသည်
သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ - ၃၉ အရ ပယ်ဖျက်ပေးရန် မဖြစ်မနေ စွဲဆိုရမည့် စာချုပ်များဖြစ်ပါသည်။
သီးခြားသက်သာခွင့်ဥပဒေပုဒ်မ - ၄၂ အရ စွဲဆိုလျှင်လည်း ပယ်ဖျက်ပေးရန် နောက်ဆက်တွဲသက်သာခွင့်မဖြစ်မနေတောင်းဆိုရမည့် စာချုပ်များဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် မပယ်ဖျက်ဘဲထားပါက ယင်းစာချုပ်များသည် ဥပဒေအရ အကျိးသက်ရောက်မှုရှိနေ၍ တရားလိုအနေဖြင့် မိမိအခွင့်အရေးကို အကာအကွယ် ရမည်မဟုတ်သောကြောင့်ဖြစ်ပါသည်။
-----
Void စာချုပ် နှင့် Voidable စာချုပ် မည်သို့ ခွဲခြားမည်နည်း။
xxxxxxxxxxxxxxxxxxxxxxxx
ပဋိညာဉ်ဥပဒေအရ ပိုင်းခြားရန်ဖြစ်ပါသည်။
Voidable နှင့်စပ်လျဉ်း၍ ပဋိညာဉ် ဥပဒေပုဒ်မ - ၁၉၊ ၁၉-က ၊၃၉၊၊၅၅ တွင်တွေ့မြင်နိုင်ပါသည်။
Void နှင့်စပ်လျဉ်း၍ ပဋိညာဉ် ဥပဒေပုဒ်မ - ၂၀၊ ၂၁၊၂၃၊၂၄၊၂၅၊၂၆၊၂၇၊၂၈၊၂၉၊၅၆၊၅၇
တွင်တွေ့မြင်နိုင်ပါသည်။
အကြမ်းဖျင်း ကျနော် မှတ်သားမိသမျှဖြစ်ပါသည်။
-----
( အထက်ပါ မှတ်စုများသည် ကျနော့်လေ့လာမှုအပေါ်တွင်သာ အခြေခံထားခြင်းဖြစ်သဖြင့် ဆရာ၊ ဆရာမများ၏
6 July at 21:49
ထ/ဆ ဆွေးနွေး ကြသူများ
Daw Thein Nyunt
စာချုပ်ကပျက်နေပေမဲ့အဲဒီအပျက်စာချုပ်ကိုအကာအကွယ်ယူပြီးအခွင်အရေးယူ တတ်တဲ့မသမာသူရဲ့ရန်မှကာကွယ်ရန် သီးခြား၃၉ကိုအမြဲသတိရနေမှအန္တာရာယ် ကင်းကြပါမည်။
Zay Mg Mg Khant
ဆရာခင်ဗျာစရံငွေပေးအိမ်ခြံရောင်းဝယ်မှာဝယ်သူကပျက်ကွက်ပြီးယင်းစာချုပ်ပေါ်ခြေခံ
ငွေရလိုမူစွဲဆိုလို့ထိုစာချုပ်ကိုရောင်းသူကသီးခြား ၃၉/၄၂နဲ့စွဲရမှာလားဆရာရိုသေစွာဖြင့်ရှင်း ပြပေးပါခင်ဗျာ
Ko Gyi
စာချုပ်ကိုဉပဒေရုံမှာမချုပ်ပဲနဲ့တွေကရာမိမိသဘောနဲ့တရားရုံးမဟုတ်ရှေ့နေမပါပဲမိမိသဘောနဲ့ပြင်ပစာချုပ်ဝယ်ပြီးချုပ်ဆိုပြီးတရားဝင်လား
Tun Myo Htay
ဆရာခင်မျာ။ ဥပဒေကို ဝေဖန်ပိုင်းခြားဖို့ဆိုတာ ဥပဒေကဘယ်လိုဆိုတာ အရင်သိဖို့လိုပါတယ်။ ဥပဒေက ဘယ်လိုရှိတယ်ဆိုတာမသိဘဲ တရားခြင်း၊ မတရားခြင်းကို ဝေဖန်မယ်ဆိုရင်တော့ မျက်မမြင်ပုဏ္ဏားများ ဆင်စမ်းသလိုဖြစ်နေမှာပါ။
ပထမအဆင့်အနေ နှင့် မည်သို့သောစာချုပ်များသည် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ချုပ်ဆိုရန်လိုအပ်သည်။ မည်သို့သော စာချုပ်များသည် သက်သေပါရန်လိုအပ်သည် ကို စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ စသည်တို့ကို အနည်းဆုံးလေ့လာသင့်ပါသည်ခင်မျာ။
စာချုပ်တစ်စောင်ကို တရားရုံး၊ ဥပဒေရုံး၊ ရှေ့နေရုံးခန်းတို့မှာ ချုပ်ဆိုရမည်ဟုလည်းကောင်း၊ စာချုပ်တစ်စောင်ကိုချုပ်ဆိုရာတွင် ရှေ့နေ ပါဝင်ရမည်ဟုလည်းကောင်း မည်သည့်ဥပဒေတွင်မှ မပါရှိပါခင်မျာ။
လေးစားလျက်။
Honey Wai HoneyWai
မည်သည့်ဥပဒေတွင်မှ မပါရှိသော်လည်း
တတ်ကျွမ်းနားလည်သူများ
နှင့်တော့ချုပ်ဆိုရန်လိုပါမည်။
မဟုတ်လို့က ဥပဒေပြဌာန်းချက်။
လိုအပ်ချက်တွေနှင့် မကိုက်ညီ လို့
ဒုက္ခရောက်ကြ တာ တရားရုံးမှာ အများကြီးပါ။
ရပ်/ကျေး. အုပ်ချုပ်သူ
တွေ. ချုပ်ပေးလို့. ပြဿနာတက်ပြီး. ရှုံးရတာ တွေလည်းတစ်ပုံကြီးပါ
ဒါကြောင့်. ဥပဒေ. ပြဌါန်း ထားမှ လို့. တရားသေ ပြောလို့တော့. မရပါဘူး
ရှေ့နေ. နဲ့ချုပ်ရင်တောင်
မကျွမ်းကျင်တဲ့. ဖြစ်ကတတ်ဆန်း. လုပ်တတ် သူနဲ့ ချုပ်ရင်
ဒုက္ခ ရောက်ကြတာ. အများကြီးပါ
ဆရာဌေး. လိုလူကို
ဆရာလုပ်တာ မဟုတ်ပါ
မှားတယ်လို့. ယူဆရင်လည်း ရပါတယ်.
အတွေ့ကြုံအရ ပြောပြခြင်းဖြစ်ပါတယ်။
Thu Yein Tun
သီးခြား ၄၂ ရဲ့ ကာလစည်းကမ်းသတ်လေးပါရှင်းပြပေးပါ။
Koswan Shein
တရားစွဲတာအကောင်းဆုံးပါဘာကြောင့်ဆိုတော့ပျက်နေသည်ဖြစ်စေပျက်ပြယ်ခွင့်ရှိသည်ဖြစ်ပျက်ကြောင်းကိုတရားစီရင်ဆုံးဖြတ်ချက်အရတရားရုံးကစာချုပ်ကိုသိမ်းချုပ်ရလို့ဖြစ်ပါတယ်။
credit//
ဆရာ Tun Myo Htay
No comments:
Post a Comment