Wednesday, July 29, 2015

ပြန်ခေါ်သက်သေ

ကျနော် မသိသေးသည့် ပြန်ခေါ်သက်သေ
စွဲချက်တင်အမိန့် ချပြီးသည်နှင့်
ကျင့် ၂၅၆ အရ ပြန်ခေါ်သက်သေ ဘယ်သူ့ ကိုခေါ်လိုပါသလဲ မေးတာက လုပ်ရိုးလုပ်စဉ် သုံးနေကျ ဖြစ်၍ သိပါသည်။
အသုံးနဲပြီးကြုံခဲသည့် ကျင့် ၂၅၆ မဟုတ်သော ပြန်ခေါ်သက်သေ ကိုဖြင့် လေ့လာရင်း ပက်ပင်းတိုးမှ ကျင့်ထုံး၏ အခန်းအလိုက် စံနစ်ကျမှု ကို သဘောကျမိပါသည်။
ကျင့် ၂၂၇ အရ စွဲချက်များကို ပြင်ဆင် ပြောင်းလဲ ထပ်ထည့် ရန် တစ်ခါတစ်လေ ကြုံတတ်ပါသည်။ ထိုသို့ ပြောင်းလဲ ထပ်ထည့် သည့်အခါတွင်
ကျင့် ၂၂၈ (၁)(က)(ခ) အရ အမှုကို ဆက်လက် ဆောင်ရွက်ပြီး အစက ပြန်မစစ်ပါက ကျင့် ၂၂၈(၂) အရ စစ်ဆေးပြီး သက်သေတစ်ဦးဦးအား တရားခံ အနေဖြင့်
ပြန်ခေါ်လိုစစ်ဆေးခွင့် ပြုထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။
အကြောင်းတိုက်ဆိုင်၍ ကျင့် ၂၂၇ အရ ဆောင်ရွက်ရလျှင် ကျင့် ၂၂၈(၂) ကိုလည်း သတိထားမှ ပိုကောင်းပါမည်။
လေးစားစွာဖြင့်
ထက်ကိုကို

credit//
ဆရာ ထက်ကိုကို

No comments:

Post a Comment