အထူး ၂ ကောက်ကြောင်း
…………………………………
အထူး ၂ 'ဝ'ဒေသ က
ဒေသခံတော်တော်များများဟာ
သူတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ
နေထိုင်နေတယ်ဆိုတာ မသိကြဘူး
အာ့လို မသိအောင်လည်း UWSP က
စာပေ ယဉ်ကျေးမှု ဘာသာစကား တွေနဲ့
ဖုံးလွှမ်းလှည့်စားထားတယ်။
့''ကျားရဲတိရိစ္ဆာန်တွေ နဲ့ အတိပြီးတဲ့
တောကြီးမျက်မဲဘဝကနေ
သာယာသောပတ်ဝန်းကျင်
နွေးထွေးသော အိမ်ယာအသိုက်အမြုံ များ ဖြစ်လာအောင်
ဘိုးဘေးတွေရဲ့အသက်သွေးချွေးတွေနဲ့တည်ဆောက်ခဲ့ရတဲ့ ဒို့ဘိုးဘွားပိုင်မြေကို
သိမ်းယူဖို့ ကြိုးစားသူတိုင်းဟာ
ဒို့ 'ဝ' လူမျိုးတွေရဲ့ အဓိက ရန်သူဖြစ်တယ် ''့
၂၀၁၀ လောက်က ဖတ်ခဲ့ဖူးတဲ့
့'ဝ' အထူးဒေသ (၂) က မြန်မာဘာသာနဲ့ လစဉ်ထုတ်
မဂ္ဂဇင်းတခုမှာ ပါတဲ့ ဟုန်ပန်း အလယ်တန်း ကျောင်းဆရာ ဝေရှောက်ဟွာ ရေးထားတဲ့
ဆောင်းပါးတပုဒ်ထဲမှာပါတဲ့ စာပိုဒ်တပိုဒ်ဖြစ်တယ်။
တကယ်က အထူး ၂ ဒေသ မှာ
မြန်မာစာ မြန်မာစကား လုံးဝမသုံးဘူး။
မြန်မာဘာသာနဲ့ ထုတ်တယ်ဆိုတာ
၎င်းတို့ ဒေသတွင်း သွားရောက်တာဝန်ထမ်းဆောင်နေတဲ့
ဝန်ထမ်းတွေကို မိတ္တူပေးခြင်း သက်သက်ပဲဖြစ်တယ်။
တကယ်လည်း အာ့ဒီ စိတ်ဓါတ်ဝင်လာအောင်
အထူး ၂ ဒေသမှာ
ကျောင်းနေအရွယ်တည်းက စပြီး ရိုက်သွင်းထားခဲ့တယ်။
၁၉၉၀ ဝန်းကျင်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့
generation ဟာ ခုဆို လူလတ်ပိုင်း အရွယ်ရောက်နေပြီ။
ဆိုချင်တာက
ကျူးကျော်သူ ဆန့်ကျင်ရေးဝါဒ
အခြေတည်ခိုင်မာနေပြ ဆိုတာပဲ
ကျနော့် မလောက်လေးမလောက်စား
ဥာဏ်လေးနဲ့ တွေးကြည့်တယ်။
ကိုးကန့်ကိုတောင် လက်နက် မူးယစ် အကြောင်းပြတိုက်နိုင်ခဲ့တာပဲ။
အထူး ၂ ခွေးမား က ကိုးကန့်ထက် ၁၀ ဆ ပိုကြီးတဲ့ လက်နက် စကိရုံ လွယ်မူးတောင်ပေါ်က လေကာစနစ်တွေ ၂၀၁၀ ထဲက ရောက်နေပြီ ဖြစ်တဲ့ ZFB 05 Armour vehicle အစီး ၄၀
့(နောက်ဆူံးအခြေနေ မဟုတ်ပါ)
အခြားသော စစ်ရေးပြင်ဆင်မှုများ။
တရားဝင်မှတ်ပုံတင် နယ်ခြားစောင့်တပ်ဖွင့်ခိုင်းတဲ့ အပေါ် ငြင်းဆန်မှု အတွက် တရားမဝင် လက်နက်ကိုင်တပ်ဖွဲ့ အဖြစ် မတရားအသင်းကြေငြာရင်ကော
လတ်တလော အနေနဲ့
ကျိန်းချန်း အခြေစိုက် တပ်မဟာ ၃၁၈ ရဲ့ တပ်မဟာမှး ဘိန်းရာဇာ အိုက်ရုံး ရဲ့ လောက်ကိုင် တိုက်ပွဲအပေါ် ကူညီမှု။
ဒါတွေဟာ လုံလောက်တဲ့ အကြောင်းပြချက်
မဖြစ်နိုင်ဘူးလား ?
ကိုးကန့်မှာ မူးယစ်ဆေး တန်ထောင်ချီရင်
့'ဝ' ကို တိုက် တန်သောင်းချီ မိမယ်။
ကချင်မှာ သစ်ခိုးထုတ်တာ တန်ထောင်ချီမိရင်
့'ဝ' မှာ တန်သောင်းချီ မိမယ်။
တော်တော်များများ အထင်သေးတဲ့ အထူး ၂ က
နားတဖက်ပေါက်ပါတယ် ဆိုတဲ့
့'ဝ' ခေါင်းဆောင်တွေဟာ ၂၀၀၈ ရှန်ဟိုင်းမှာ
လုပ်တဲ့ World Expo တောင် လေ့လာရေးသွားခဲ့သူတွေ။
၂၀၀၉ တုန်းက UWSP ကို မတရား အသင်းကြေငြာမယ် ဆိုတော့ တရုတ်နိုင်ငံကနေ ကားကြီးကားငယ်တွေနဲ့ အရေးပေါ်ပြန်လာတဲ့
UWSA အရာရှိ စစ်သည်တွေ။
မိုင်းမောက တရုတ်အငြိမ်းစား ဗိုလ်ချုပ် သင်တန်းပေးနေတဲ့ 'ဝ' စစ်တက္ကသိုလ်။
အပတ်စဉ် တနင်္ဂနွေတိုင်း ပြုလုပ်တဲ့
မျြို့လုံးကျွတ် စစ်ဒါဘာ။
ဆယ်မိနစ်ခြား စခန်းတခုထားတဲ့
တကြောင်းထိုး 'ဝ' ဒေသ။
ကိုးကန့်ဒေသမှာ လက်ရှိတိုက်နေတဲ့
ပွိုင့် ၂၀၂၂ ထက် ၁၀ ဆ ပိုခက်ခဲမယ့်
အထူး ၂ အဝင်လမ်းက မန်ဖာကုန်း။
ဒါတွေကလည်း ထည့်သွင်းစဥ်းစားရမယ့် အချက်။
ပေါက်ယူချန်း ပေါက်ယူရိ ပေါက်ယူဟွာ
ပေါက်ယူယို့ တို့
Personal Kingdom သဖွယ် အုပ်ချုပ်နေတဲ့ အထူးဒေသ ၂ မှာ
ဒုဥကဌ ရှောင်မင်လျံရဲ့ စစ်စခန်း ကိုက် ၅၀ တွင် ဝင်လာသူ မည်သည့်လက်နက်ကိုင်မဆို အမေးမြန်းမရှိ ပစ်ခတ်ခွင့် အမိန့်။
့'ဝ' ဆိုတာ လူသားစားတယ် ဆိုတာမှန်တယ်။
ဒါမယ့် ကျူးကျော်သူ တွေရဲ့ အသားကိုပဲစားခဲ့တယ်ဆိုတဲ့ ကိုယ်တိုင်နားနဲ့ဆတ်ဆတ်နားထောင်ခဲ့ရတဲ့ ပေါလစ်ဗျူရိုက ပြင်ပဆက်ဆံရေး ဌာနကြီးမှူး ဦးစံကွန်းရဲ့ စကားကားသံ။
၂၀၁၀ မိုင်းမော က အပြန်လမ်းပေါ်က
့'ဝ'အကျဉ်းထောင် အနီး လူသတ်ကုန်းပေါ်က သံခြေချင်းခတ်
ဗမာလူမျိုး အကျဉ်းသားတွေရဲ့ ကျနော်တို့ကို ကယ်ကြပါဆိုတဲ့
အော်သံတွေ။
အထူး ၂ က ပြန်အထွက်
တပ်ရင်းမှူး ဦးစီး လက်နှက်ဘက်မြောက်
အစစ်ဆေးခံခဲ့ရတဲ့ ပန်ခွံဂိတ်။
တွေးမိတိုင်း အသည်းနာတယ်။
မေးချင်တယ်။ ။
ခုလက်ရှိကော အထူး ၂ ဒေသ မှာ
အစိုးရအာဏာစက်သက်ရောက်လား??။
ကိုယ်ပိုင်အုပ်ခုပ်ခွင့်ရတိုင်းရုံးကိုတောင်
့'ဝ'ဒေသ အစွန်အဖျား ဟိုပန်မှာဖွင့်ထားတာမဟုတ်ဘူးလား??
ပညာရေး ကျန်းမာရေး နဲ့ အခြားသော အစိုးရဝန်ထမ်းတွေ အထူး ၂ ကို သွားရဲရဲ့လား??။
့'ဝ' နယ်မြေထွက် သတ္တု သစ် ရာဘာ စတဲ့ အဖိုးတန်သဘာဝ ပစည်းတွေကို
UWSP စိတ်ကြိုက် ရောက်းဝယ်ဖောက်ကားနေတာမဟုတ်ဘူးလား ??။
အထူး ၁ ကိုးကန့်မှာတောင် ငြိမ်းချမ်းရေးယူပြီး
အချိန် ၁၀ နှစ်လောက်အကြာ
ဒကစ လောက်ကိုင် အခြေစိုက်နိုင်ပြီး
အထူး ၂ မှာကျ တလျောက်လုံးထားခဲ့တဲ့
စစ်ကြောင်း တကြောင်း အင်အား ၂၀ လေးကို
၂၀၁၀ မှာ ဘာကြောင့် ပြန်ဖြုတ်ခဲ့သလဲ??။
အထူး ၂ လုပ်သမျှ ကို ဒီနေ့ချိန်ထိ ဘာကြောင့် ရူးချင်ယောင်ဆောင်နေလဲ?။
ခုလတ်တလောကျင်းပနေတဲ့ ညီလာခံမှာ
အိမ်ရှင်ဖြစ်တဲ့ UWSP က ၄င်းတို့ဒေသကို
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်ကနေ
့'ဝ' ပြည်နယ် အဖြစ်တိုးတောင်းတာကို
ဝိုင်းဝန်းထောက်ခံကြဖို့ တက်ရောက်လာတဲ့
ကျန် ၁၁ ဖွဲ့ကို တိုက်တွန်းတယ်။
ငြိမ်းချမ်းရေးခေါင်းစဉ်ကိုသာ
တရားဝင်ဖေါ်ပြပြီး
တက်ရောက်တဲ့ အဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေကို
လျို့ဝှက် ဆိုပြီးလုပ်ထားတယ်။
အာ့ဒီ လျို့ဝှက်ဆိုတာက လက်နက်ခဲယမ်းကူညီထောက်ပံ့ဖို့ကလွဲရင် တခြားဘာအကြောင်းမှမဖြစ်နိင်ဘူး။
အာ့တော့
လက်ရှိ ညီလာခံ ရလဒ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို စောင့်ကြည့်
လက်ဆုပ်လက်ကိုင် တခုပြနိုင်တာနဲ့ UWSP ကို မတရားအသင်းကြေငြာ
အပြုတ်တိုက်။
ဒါမှ မဟုတ်ရင်လည်း
တရားဝင်မှတ်ပုံတင် နယ်ခြားစောင့်တပ် ဖွဲ့ချင်ဖွဲှ့
မဖွဲ့ချင် လက်နက်အပ်ခိုင်း။
မအပ်ရင် တိုက်။
ကိုယ့်ကိုတော့ မရိုက်
တုတ်ကိုင်မိုက်ကြည်ကြည့် နေတဲ့'ဝ' ကို ကြောင်းမှန်းကန်မှန်းသိအောင်ပြသင့်ပြီ။
့'ဝ' ကို လွှတ်ထားသရွေ့ ကိုးကန့်တိုက်ပွဲမပြီးဘူး
တရုတ်ကို ဆန့်ကျင်တာထက် 'ဝ' ကို ဆန့်ကျင်တာဟာ လက်တလော အလုပ်သင့်ဆုံးအလုပ်။
တကယ်တော့ 'ဝ' ဆိုတာ ဒို့တာဝန် အရေးသူံးပါးကို အသံတိတ် ချိုးဖောက်နေတဲ့ အဖွဲ့။
ပြောသာပြောရတယ်…'ဝ' နဲ့ ပတ်သတ်လာရင်
ကျနော်တို့ ဘက်ကတော့ ခုချိန်ထိ နှာစေးနေတုန်း။ ။
post
https://m.facebook.com/story.php?story_fbid=1584216431849816&id=100007844225973&refid=52&__tn__=C
No comments:
Post a Comment