Saturday, July 25, 2015

အမွေဆက်ခံခြင်းဆိုင်ရာ ဓမ္မသတ်(၁၂)မျိုး

တစ်နေ့က
fb ဥပဒေ group တစ်ခုတွင်
အမွေဆက်ခံတာနဲ့စပ်လျဉ်းလို့

ဓမ္မသတ်မှာ ၁၂မျိုးဆိုပေမဲ့ လက်ရှိတရားစီရင်ရေးမှာတော့(၇)မျိုးပဲကျန်တော့တယ်လို့ဖတ်မိလိုက်ပါတယ်။

ဒါနဲ့ကျန်တာတွေကို သိချင်တာနဲ့လေ့လာကြည့်တော့ သိလိုက်ရတာက

အမှန်က (၁၂) မျိုးဆိုရာမှာ
မိဘ အမွေခံထိုက်သည့်
သားသမီး  (၆)မျိုးနဲ့၊ မိဘအမွေမဆက်ခံထိုက်တဲ့
သားသမီး (၆)မျိုး ရှိတာပါ။

မိဘအမွေဆက်ခံတတ်တဲ့
သားသမီး(၆) မျိုး။
၁-သြရသ = ရင်၌ဖြစ်သောသား
၂-ကိတ္တိမ. = အမွေခံသားအဖြစ် အထင်အရှား မွေးစားသောသား
၃-အပတိဌ (ဒိဌိကာ)
ကောင့်၍မွေးစားသောသား
၎- ပုဗ္ဗက (ဒွေပုဗ္ဗကာရ)
မယားပါ လင်ပါ အထက်သား
၅- ဟေဋ္ဌိမ ( ဟေတ္တိမ)
အပြောင်မယားသား
၆-ခေတ္တဇ. = ကျွန်မနှင့်သင့်နေရာ မွေးဖွားသောသား

မိဘအမွေမဆက်ခံထိုက်သော
သားသမီး (၆)မျိုး
၁-သွာနုတ္တ (သမာနုတ္တာ)
မိဘစကားကို နားမထောင်သော ခွေးနှင့်တူသောသား
၂-ဒိန္ဒက. (ပရဒိန္ဒ )
သူတစ်ပါးကပေး၍ရသောသား
၃-သဟောဎ(သဟေထ)
ဝယ်၍ရသောသား
၎-ပုနာနုဗ္ဗဝ (ပုဏာနုဂ္ဂတိ) မိမိမယား သူတပါးနှင့်ရ၍ မွေးသောသား
၅- ကိဠိတ. (ကိဠိသာ)
ကစားမြူးတူးရာ ရသောသား
၆-ဆာတဘတ္တ(ဆာတတ္တအရတ္တ) ထမင်းငတ်မွတ်သည့်အခါ မှီခိုလာသောသား

အဲ့လို ဓမ္မသတ်မှာ ၁၂မျိုးတွေ့ရပေမဲ့ ယခုခေတ် တရားစီရင်ထုံးများမှာတော့
၁-သြရသ
၂-ကိတ္တိမ
၃-အပတိဋ္ဌ
၎- ပုဗ္ဗက
၅ -သွာနုတ္တ
၆-ကိဠိတ
စသည်ဖြင့် တွေ့ရပါတော့တယ်။

ကျန် (၆) မျိုးကတော့ ပြောင်းလဲနေတဲ့ခေတ်နဲ့မလျော်ညီတော့လို့အလိုလိုတိမ်ကောပျောက်ကွယ်သွားကြောင်း ဆရာကြီးဦးမြစိန်ရေးတဲ့ မြန်မာ့ဓလေ့ထံးတမ်းဥပဒေ မှ ကောက်နှုတင်ပြပါသည်။

credit//
ခင်နုသာ

No comments:

Post a Comment