Saturday, July 25, 2015

ဘယ်လိုသေကြမလဲ? ?

ဘယ်လိုသေကြမလဲ ?
---------------------------
လူတွေရဲ့ သေခါနီး နောက်ဆုံးထွက်သက်အချိန်မှာဖြစ်တဲ့
နောက်ဆုံးစိတ်ဟာ
နောက်ဘဝရဲ့ အစဦးဆုံးစိတ်နဲ့ 
တဆက်တည်းဖြစ်တယ်။

ကုသိုလ်ကိုအာရုံပြုနိုင်လို့  နတ်ပြည်စတဲ့
သုဂတိဘုံရောက်တဲ့အခါမှာ
ဒါနအာရုံပြုပြီး နတ်ပြည်ရောက်သလို
သီလ သမထ နဲ့  ဝိပဿနာရှု့မှတ်ပြီး
နတ်ပြည်ရောက်ကြတာတွေလည်း
ရှိတယ်။

အဲဒီမှာ
ဒါနနဲ့ နတ်ပြည်ရောက်တာမျိုးဆိုရင်တော့ တာဝတိံသာ စတဲ့
ကာမဂုဏ်အာရုံပေါများတဲ့
နတ်ဘုံမျိုးကို ရောက်တက်ကြပြီး
အဲဒီဘုံမှာ ပျော်မွေ့ နေကြကာ တရားကိုဆက်လက် အားထုတ်ဖို့  မေ့နေတက်ကြတယ်။

ဝိပဿနာ ရှု့မှတ်ပြီး သေလို့ 
နတ်ပြည် ရောက်သူများကတော့
နတ်ပြည်မှာ တရားအားထုတ်ခွင့်ရတဲ့ တုသိတာဘုံ မျိုးကိုရောက်ရှိတက်ကြပြီး အဲဒီကနေတဆင့် ဆက်လက်တရား
အားထုတ်ခြင်း အလှည့်ကျဓမ္မကထိက
နတ်သားများရဲ့ တရားဟောခြင်း
တရားပြခြင်းကြောင့် တရားထူးတရား
မြတ်များကို ရ ရှိသွားတက်ကြတယ်။

တာဝတိံသာဘုံ  ဟာ ပျော်မွေ့ ဖွယ်
အကောင်းဆုံးဖြစ်ပြီး
တုသိတာဘုံကတော့
တရားအားထုတ်ခွင့်
အရဆုံး ဘုံဖြစ်တယ်။

နတ်ပြည်နတ်လောကမှာ ဘုရားရှင်ရဲ့
တရားတော်တွေကို အလှည့်ကျဓမ္မကထိကနတ်သားတွေက
ဟောကြပြောကြရတယ်။

တခါတရံ အရိယာဗြဟ္မာကြီးတွေကလည်း
နတ်ပြည်ကိုကြွလာပြီး
တရားဟောကြား လေ့ရှိတယ်။
နတ်ဥာဏ်ဟာ ထက်မြက် တဲ့အတွက် တရားထူးရလွယ်တယ်။

ဒါ့ကြောင့် သေခါနီးအခါ သုဂတိဘုံ
ရောက်ဖို့ အာရုံ ပြုရင်တောင်
ဒါန သီလ လောက်ကိုအာရုံမပြုပဲ
ဝိပဿနာရှု့မှတ်ပြီး ဘဝကူးဖို့ 
အရေးကြီးလှတယ်။

လူတိုင်းဟာ သေရမှာချည်းဖြစ်တဲ့အတွက်
ဝိပဿနာရှု့မှတ်နည်းကိုတော့
လူတိုင်းလေ့လာသင်ယူထားသင့်တယ်။

နတ်ချင်းတူတာတောင်
တန်ခိုးခြင်းလည်းကွာ
တရားရတာခြင်းလည်းကွာတဲ့
ဝိပဿနာ ရှု့မှတ်ပြီး သေလို့ ဖြစ်ရတဲ့
နတ်မျိုး ဖြစ်ဖို့ အရေးကြီးလှတယ်။

နတ်ပြည်မှာတရားနာရင်တောင်
တန်ခိုးကြီးတဲ့နတ်တွေက ရှေ့ကနာယူ
ရပြီး တန်ခိုးသေးတဲ့နတ်တွေက နောက်
ကနေနာယူရတယ် တဲ့။

အဆင့်မြင့်နတ်များ ဖြစ်နိုင်ကြပါစေ

credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
4 June 2015

No comments:

Post a Comment