အမှုစစ်ရဲအရာရှိတို့သည်
မိမိစစ်ဆေးနေသောအမှုနှင့် မသင်္ကာသူ၏ နေအိမ်ကိုရှာဖွေရာတွင်
စစ်ဆေးဆဲအမှု
သက်သေခံပစ္စည်းမဟုတ်သော
အခြား မသင်္ကာဘွယ်ပစ္စည်းတခုခု
တွေ့ရှိလျှင်လည်း သိမ်းယူတတ်ကြပါသည်။
ထိုသို့သိမ်းခြင်းမှာပြစ်မှုဆိုင်ရာကျင့်ထုံး
ဥပဒေနှင့်ညီညွတ်မှုမရှိပါ။
မိမိစစ်သော အမှု၏သက်သေခံပစ္စည်းကို
ပြစ်ကျင့် ပုဒ်မ ၁၆၅ ၁၆၆ တို့အရ ဝရမ်းမပါပဲ သိမ်းယူနိုင်ပါသည်။
အများပြည်သူ ဆိုင်ရာ နေရာတွင်
တွေ့ရှိသောသူထံ၌
တွေ့ရှိသော မသင်္ကာခိုးရာပါပစ္စည်းကို
ပြစ်ကျင့်ပုဒ်မ ၅၅၀ အရ သိမ်းယူနိုင်ပါသည်။
သို့သော်
နေအိမ်ထဲတွင်ခိုးရာပါပစ္စည်း ဟု မသင်္ကာကိုတွေ့ရှိလျှင်
ဝရမ်းမဲ့သိမ်းယူခွင့်မရှိပါ။
ပြစ်ကျင့်ပုဒ်မ ၉၈ အရတရား
သူကြီးထံမှဝရမ်းတောင်းယူပြီးမှသာ
သိမ်းခွင့်ရှိပါသည်။
သို့ဖြစ်၍ဝရမ်းမပါပဲ သိမ်းယူခြင်းမှာ
ပြစ်မှုဆိုင်ရာဥပဒေနှင့် မညီညွတ်ပါ။
ထိုသို့ဆောင်ရွက်ခြင်းကို
လုံးဝမှားယွင်းပါသည် ဟုရဲလက်စွဲ
အပိုဒ် ၁၂၄၁ တွင်လည်းဖေါ်ပြထား
ပါသည်။
အမှုစစ်ရဲအရာရှိများပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဗဒနှင့်အညီဆောင်ရွက်
တတ်ကြရန်လိုအပ်ပါသည်။
credit//
ဦးသောင်းမြင့်
No comments:
Post a Comment