Saturday, July 25, 2015

အနည်းဆုံးတော့ ကန်တော့ဆွမ်း လှုပါ

အနည်းဆုံးတော့ကန်တော့ဆွမ်းလှူ ပါ
------------------------------
ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက်
ဝမ်းနည်းဘွယ်ရာမြင်ကွင်းကိုမကြာခဏ
တွေ့ ကြုံနေရပါတယ်။

အဲဒါကတော့ အလှူ ခံနေတဲ့ ကိုရင်လေးတွေ ရဟန်းတော်တွေ
မိမိဘေးမှာအလှူခံရောက်လာခဲ့ရင်
မသိချင်ယောင်ဆောင်နေပြီး
ဘာမှပြန်မပြောတဲ့ကိစ္စပါပဲ။

အခြားဘာသာဝင်တွေ အတွက်
အထင်အမြင်သေးစရာဖြစ်သလို
မြင့်မြတ်လှတဲ့ ဘုရားရှင်သာသနာတော်
မှာ
အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း
မလေးမစားပြုရာရောက်ပြီး ဘုရားရှင်ကိုပါ မရိုသေရာကျပါတယ်။

ရှေးတုံးက ကပ်စေးနှဲလှတဲ့ပုဏ္ဏားကြီး
အိမ်ကို ရဟန်းတော်ဟာ
နေ့ တိုင်းဆွမ်းခံကြွတယ်။
ကြွတိုင်းလည်း
ကန်တော့ဆွမ်း ချည်ပဲပြောတယ်။
နှစ်နဲ့ ချီပြီးကြာမြင့်ပေမဲ့
ရဟန်းတော်ဟာ ဆွမ်းခံကြွတာကို မပျက်စေပဲ ကြွမြဲအတိုင်းပဲ ကြွတယ်။

တနေ့ တော့ပုဏ္ဏားကြီးက
နေ့ တိုင်း ဘာမှ မလှူတာကို
ဘာဖြစ်လို့ ကြွနေရတာလဲတဲ့။

အဲဒီတော့ရဟန်းက
ပုဏ္ဏားကြီး
သင် နေ့ တိုင်းလှူနေတာပါပဲတဲ့။

ပုဏ္ဏားကြီးက
အံ့သြသွားပြီး ဘာများလှူနေလို့ လည်း
ဆိုတော့

ရဟန်းက
လက်အုပ်လေးချီပြီး
ကန်တော့ဆွမ်းလို့  ပြောတာဟာ
ဂါရဝတရား ရှိပြီး ကိုယ့်ကိုယ်ကိုနှိမ့်ချနေတဲ့ အတွက်
အဲဒါ ကုသိုလ်ရပါတယ်။
အဲဒါကို နေ့ တိုင်းလှူနေတာပဲလေတဲ့။

ပုဏ္ဏားကြီးလည်း အဲဒီတော့မှ
သြော်- ဗုဒ္ဓသားတော်တွေဟာ ကျေးဇူးတရားကို
မြင်အောင်ကြည့်နိုင်ပါပေတယ်။
ဘာမှ မရှိတာတောင် ရိုသေယုံနဲ့ တင်ဒီလောက်
တန်ဘိုးထားနေရင် ဆွမ်းကွမ်းလှူတဲ့အခါ
မှာ ပိုပြီးတန်ဘိုးထားမှာပဲလို့ နှလုံးသွင်းပြီး
သဒ္ဒါတရားများဖြစ်ပေါ်လာကာ ဆွမ်းကွမ်း
ဝတ်ကိုပြုပြီး ပစ္စည်းလေးပါးဒါယကာ ယူ
သွားသတဲ့။

တကယ်တော့ မလှူတာက အပြစ်မဟုတ် ပါဘူး။
ဒါပေမဲ့ ဗုဒ္ဓသားတော်တွေအဖြစ်
မြင်အောင်ကြည့်နိုင်ပြီး
ငါတို့ မှမရိုသေရင်
အခြားဘာသာခြားတွေက ပိုပြီးအထင်
သေးစရာဖြစ်နိုင်တယ်လို့
သတိလေးကပ် နှလုံးသွင်းပြီး
လက်အုပ်လေးချီကာ

ကန်တော့ဆွမ်းပါဘုရား လို့ တော့ ရိုရိုသေသေ
ကန်တော့ဆွမ်း အလှူ ကိုတော့ လှူသင့်လှပါတယ်။
ဒါမှလည်း ရဟန်းသံဃာတော်များ
လည်းသိက္ခာမကျ။
ကိုယ်လည်းပဲ အနည်းဆုံးတော့
ဂါရဝေါစ ကုသိုလ်လေးတော့
ရှိနေပါလိမ့်မယ်။

တခုသတိပေးချင်တာကတော့။
အလှူခံပုဂ္ဂိုလ်ကို မမြင်ချင်ယောင်
မတွေ့ ချင်ယောင်ဆောင်
မကြားချင်ယောင်ဆောင်တာဟာ
ဖြစ်လေရာဘဝမှာ နားပင်း
မျက်စိကန်း ဖြစ်တတ်ပါသတဲ့။

ကိုယ့်ဘာသာကို ကိုယ်မှမရိုသေရင်
ဘာသာခြားတွေစော်ကားတာတော့
မဆန်းလှပါဘူး။

credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
25 June2015

No comments:

Post a Comment