ရက်တိုတို တဲ့လား
------------------------------
ဘုရားရှင်လက်ထက်တော် အခါကတည်းက
တရားထူးလိုချင်သူ တော်တော်များများဟာ
နှစ်ပေါင်းသုံးလေးဆယ် မအိပ်မနေ ကြိုးစားပြီးမှ တရားထူးရ ရှိခဲ့ကြပါတယ်။
ပေါဠိလ မထေရ်ကြီးတို့ ဆိုရင် နှစ်ပေါင်းသုံးဆယ် လောက်
ကျောမခင်း ခြေမဆေးပဲကို
အားထုတ် ခဲ့ကြရတာ။
အဲဒီလိုမထေရ်ကြီးတွေလည်းအများ
ကြီးရှိပါတယ်။
ခု မျက်မှောက်ခေတ်မှာလည်း လယ်တီဆရာတော်ဘုရားကြီးဆိုရင် အုန်းသီးကို ခေါင်းအုံးပြီးအိပ်ခဲ့တယ်။
ပြုတ်ကျလိုက် နိုးလိုက်
တရားမှတ်လိုက်နဲ့ ။
သင်္ကန်းမှာ သန်းတွေ ကြမ်းပိုး
တွေရှိတာတောင် မဖယ်ရှားခဲ့ဘူးတဲ့။
အကြာကြီး အိပ်ပျော်ရင်
တရားမှတ်ချိန်နည်းမှာစိုးလို့ တဲ့။
တရားပြ စာချ ကျမ်းပြုစု ပြီး အလုပ်တွေ မအား မလပ်ကြားထဲကတောင်
တရားထူးရဖို့  အဲဒီလောက်ထိ
လုံ့ လဝိရိယစိုက်ပြီး ရှာဖွေခဲ့ရတာပါ။
မိုးညှင်းဆရာတော်ဘုရားကြီး ဆိုရင်လည်း
ဆယ်နှစ်တိတိစကားမပြောပဲနဲ့
တရားကို ကြိုးစားပမ်းစား ရှာဖွေခဲ့ရလို့ တရားထူးရခဲ့ကြတာပါ။
ဗုဒ္ဓကလည်း
့"ချစ်သားတို့  အမြတ်စားနိဗ္ဗါန်ကို အညံ့စား လုံ့ လ ဝိရိယနဲ့ 
ရောက်ရိုးထုံးစံမရှိဘူး"လို့ မိန့် ခဲ့ပါတယ်။
ကျွန်တော်တို့ တတွေက လောကီမှာနေ
လောကီအလုပ်တွေအတွက်နဲ့ အချိန်ကုန်။
တရားစာတိုပေစလေးတွေလောက်သာ ဖတ်။
တနေ့ တနာရီတောင်အားထုတ်နိုင်
အောင် အချိန်မပေးနိုင်ကြပဲနဲ့ ။
မဂ် ဖိုလ် ကို ရက်တိုတို ဆိုပြီး
နိဗ္ဗါန်ကို လိုချင်နေကြမယ်ဆိုရင်တော့
မတန်မရာတောင်းတတ်တဲ့
လူစာရင်းမှာများ ပါနေမလားမသိဘူးနော်
ပေးဆပ်မှု့ထက် လိုချင်မှု့က ပိုများနေရင်တော့
မိုးကုတ်ဆရာတော်ဘုရားကြီးပြောသလို
အတောင်းအရမ်းထူတာ
ဘာမျိုးလဲ သိတယ်မလား
ဆိုသလိုမျိုး ဖြစ်နေမလားပဲ။
တကယ်ပဲနိဗ္ဗါန်လိုချင်တာဆိုရင်တော့
ထိုက်သင့်တဲ့ ဇွဲ လုံ့ လ ဝိရိယ တော့
ထုတ်သင့်တယ်လို့  ယူဆမိပါကြောင်း
စေတနာကောင်းကောင်းနဲ့ 
ထပ်လောင်းသတိပေးပါရစေ
credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
24 June2015
No comments:
Post a Comment