Tuesday, July 28, 2015

ရှောင်ဖို့မစဉ်းစားနဲ့

ရှောင်ဖို့ မစဉ်းစားနဲ့ 
----------------------
ကျီးကန်းတကောင် ပျံသန်းနေတဲ့အချိန်မှာ
လယ်ထဲတခုက ကရွတ်ခွေတခုဟာ မီးလောင်ပြီး
လေပေါ်ကိုမြောက်တတ်သွားတယ် ပြီးတော့
ကျီးကန်းလည်ပင်းမှာစွပ်မိပြီး ကျီးကန်းဟာ
မီးလောင်ပြီးသေခဲ့ရတယ်
လေထဲပျံနေတဲ့ ကျီးကန်းဟာ မီးလောင်ပြီးသေတယ်ဆိုတော့
အံ့သြစရာကြီးဖြစ်နေတယ်
ဘုရားရှင်က ချစ်သားတို့  မအံ့သြ နဲ့ တဲ့
အဲဒီကျီးကန်းဟာ လယ်သမားဖြစ်ခဲ့ချိန်က
ပေကပ်ကပ်လုပ်နေတဲ့ နွားကို လည်ပင်းမှာ
ကောက်ရိုးမီးကွင်းစွပ်ပြီး နှိပ်စက်ခဲ့လို့ 
ဘဝပေါင်း ၄၉၉ ဘဝ မီးလောင်သေခဲ့ရပြီး
နောက်ဆုံး လေထဲပျံနေတဲ့ ငှက်ဖြစ်တာတောင်
၅၀၀ မြောက်ဘဝကို မီးလောင်ခံပြီး သေခဲ့ရတယ်
ကံဆိုတာ ရှောင်လို့ မလွတ်ဘူး ချစ်သားတို့  တဲ့
သြော်
နာဂစ်ဖြစ်တုန်းက ပင်လယ်ထဲကရေတွေတတ်လာလို့  ရေနစ်သေ
တဲ့သူတွေ ရှိတာ မထူးဆန်းပေမဲ့
ပင်လယ်ရေပြင်အထက် ပေပေါင်း မြောက်မြားစွာ
မြင့်နေတဲ့ ရှမ်းကုန်းမြေမြင့်ဒေသက လူတွေ
ရေကြီးတာတွေ ရေနစ်သေတာတွေ ဟာ
ကျီးကန်းမီးလောင်သေသလို အတိတ်ကံတွေရဲ့
လက်ချက်များလေလား လို့  တွေးမိပါတယ်
ဗုဒ္ဓက ချစ်သားတို့  သတ္တဝါ တဦး သံသရာမှာ
မလုပ်ဘူးတဲ့ အကုသိုလ်မရှိဘူး လို့  ဟောထား
တာဖြစ်တဲ့အတွက် ခုလို ခေတ်မကောင်းတဲ့
အခြေအနေမျိုးတွေမှာ အတိတ်က အကုသိုလ်
ကံတွေက အကျိုးပေးဖို့  ချေင်းနေတာဆိုတော့
ချစ်သော ဓမ္မမိတ်ဆွေများ
အတိတ်ကအကုသိုလ်ကံတွေ
အကျိုးပေးခွင့်မရအောင်
ကောင်းမှု့ကုသိုလ် များများလုပ်ဖို့ နဲ့ 
အစစအရာရာ ဂရုစိုက်ကြပါလို့ 
credit//
ဦးမြင့်ခိုင် စိတ်ပညာ

ထ/ဆ
Thet Paing Soe
ဗုဒ္ဓဟောကြားတာက အကုသိုလ်ဖြစ်ခြင်းရဲ့အဓိက အကြောင်းဟာ `အယောနိသော မနသိကာရ´ တစ်ဖက်သားအပေါ် မကောင်းမြင်ဝါဒရှိခြင်းတဲ့။ မကောင်းမြင်ဝါဒဟာ အပါယ်ကျဖို့ရာ အလွန်ဖြောင့်တန်းသော လမ်းကြောင်းဖြစ်တယ်လို့ ပညာရှိသူတော်ကောင်းများကလည်း အဆုံးအမပေးထားပါတယ်။ စာဖတ်တဲ့နေရာမှာ စာရေးသူရဲ့ ရယ်ရွယ်ချက်နဲ့စေတနာကို သိဖို့အတွက် သေချာဖတ် သေချာတွေးပြီးမှ ဘာကိုဆိုလိုတယ်ဆိုတာ သိနိုင်မယ်။ ဖတ်ရုံသာဖတ်ပြီး တွေးတော မဆင်ခြင်နိုင်သေးခင် ကိုယ့်အယူအဆနဲ့မတိုက်ဆိုင်လို့ ကိုယ့်အမြင်နဲ့ကွဲလွဲနေလို့ဆိုပြီး မကျေနပ်စိတ်ကဝင်လာတဲ့ အခါမှာ အပြစ်တင်မိတတ်ပါတယ်။

No comments:

Post a Comment