Tuesday, July 28, 2015

ခြွင်းချက်ရှိသော အထင်များ

သူတို့ဘာလို့ အဲလိုထင်နေကြပါလိမ့်
------------------------------
ဥပဒေနဲ့ပတ်သက်တဲ့ group တွေကို ဝင်ကြည့်လိုက်တော့ အများဆုံးတွေ့ရတာက
အိမ်ထောင်ရှင်ဇနီးမောင်နှံ အကြောင်းအမျိုးမျိုးကြောင့် ကင်းနေရင့် (တရားဝင်ကွာရှင်ခြင်းမဟုတ်ပဲ)၊ ကွဲနေရင် အချိန်ကာလတစ်ခုကျရင်အလိုလိုကွာရှင်းပြီးသားဖြစ်တယ်ဆိုတာ ပါ ၊

အမှန်တော့မဟုတ်ပါဘူး

ဒါနဲ့ ဘာလို့ သူတို့က ခဏခဏ အဲလိုမေးနေတာပါလိမ့်လို့ အဖြေလိုက်ရှာလိုက်တော့ တွေ့ပါပီ သူတို့ မလွန်ဘူးဆိုတာ၊

လင်ဖြစ်သူသည် မိမိဇနီးအပေါ်မချစ်မနှစ်သက်လို့ အထောက်အပံ့ မပေးပဲထားရင် သုံးနှစ်တိုင်စွန့်ပစ်ထားရင်
့( မညွန့်နဲ့မောင်စံသိန်း ၅ ရန်ကုန် ၅၃၇)
မယားဖြစ်သူက လင်ဖြစ်သူအား ထိုနည်းတူတစ်နှစ်စွန့်ပစ်ထားရင်
့( အက်စအေအက်စ် ချစ်တီးရားကုန်တိုက် နှင့် ဦးမောင်ကြီး ၁၄ ရန်ကုန် ၃၂၉ )
လင်ခန်းမယားခန်း အလိုလိုပြတ်စဲသည်။လို့ ဆုံးဖြတ်ခဲ့တာကိုး ၊

နောက်တော့ အလိုလိုပြတ်စဲခြင်းမရှိ ၊ လင်ခန်းမယားခန်းပြတ်စဲလိုသူက မိမိဆန္ဒကိုထုတ်ဖေါ်ရမယ် ဆိုတဲ့စီရင်းထုံးထွက်ပေါ်ခဲ့သလို ၊ အလိုလိုပြတ်စဲတယ် ၊ စွန့်ပစ်ခံရသူက လင်ခန်းမယားခန်းပြတ်စဲလိုသောဆန္ဒကိုထပ်မံ ထုတ်ဖေါ်ရန်မလို ဆိုတဲ့စီရင်ထုံးတွေလည်းထပ်ပြီးထုံးဖွဲ့ခဲ့ကြပြန်ပါတယ်၊

အဲလို နှစ်အပိုင်းအခြားစွန့်ပစ်ရုံ နဲ့ အလိုအလျှောက်ပြတ်စဲပြီးဖြစ်မဖြစ် ပြဿနာနဲ့ပတ်သက်လို့ စီရင်ထုံးတွေအမျိုးမျိုးကွဲပြားပြီး ထွက်ခဲ့ဘူးပါတယ်။
ဒါပေမဲ့
ဒေါ်ခင်ပု နဲ့ ဒေါက်တာသာမြ ၁၉၄၉ မတစ လွှတ်တော်အမှုမှာ
စွန့်ပစ်ခြင်းခံရသူက လင်ခန်းမယားခန်း ပြတ်စဲလိုသောရည်ရွယ်ချက်မရှိလျှင် သို့မဟုတ် စွန့်ပစ်ခြင်း
ခံရသူက ကွာရှင်းလိုသောအပြုအမူကို ဖော်ပြခြင်းမရှိလျှင် လင်ခန်းမယားခန်းမပြတ်စဲပေ။ လို့ တရားလွှတ်တော်ကဆုံးဖြတ်ခဲ့ပါတယ်။
ဒါကို တရားလွှတ်တော်ချုပ်သို့ တက်တဲ့အခါမှာစဆ တရားလွှတ်တော်ရဲ့ စီရင်ချက်ကိုအတည်ပြုခဲ့တဲ့အပြင်
့“ ထိမ်းမြားမှုကိုပျက်ပြယ်လိုသော လင်ယောက်ျား၏ ဆန္ဒဖြင့် လင်နှင့်မယားတို့ နှစ်ဦး သဘောတူညီချက်အရ ပြုလုပ်ခဲ့ကြသည့် ထိမ်းမြားမှု အနှောင်အဖွဲ့ ကို ပျက်ပြယ်ရန်မလုံလောက်ပေ၊ ထိုအနှောင်အဖွဲ့ကိုပျက်ပြယ်ရန်မှာ မယားဖြစ်သူကလည်း ထိမ်းမြားခြင်းကိုပျက်ပြယ်လိုသည့်ဆန္ဒကိုအထင်အရှားဖြစ်စေ သို့မဟုတ်သိသာထင်ရှားလောက်သည့် အမူအရာဖြင့်ဖြစ်စေပေးရမည် " လို့ ဖြည့်စွက်ဆုံးဖြတ်ထားတာ တွေ့ရပါသည်။
ဒေါက်တာသာမြ နှင့် ဒေါ်ခင်ပု ၁၉၅၁ ၊ မတစ၊ လွှတ်တော်ချုပ် ၁၀၈

ဒါကြောင့်မို့
ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို မချစ်မနှစ်သက်၍ အထောက်အပံ့ မပေးဘဲ (၃) နှစ် စွန့်ပစ်ထားလျှင်
ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူအား ထို့နည်းတူ (၁) နှစ် စွန့်ပစ်ထားလျှင်
အလိုလိုပြတ်စဲခြင်းမရှိပါကြောင်း နှင့်
စွန့်ပစ်ခြင်းခံရသူက ကွာရှင်းလိုမှသာလျှင်ကွာရှင်းနိုင်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

credit//
ခင် နု သာ
( 22 July 2015 at 16:21)

ဒီ linkကနေလဲ သွားရောက်လေ့လာနိုင်ပါသည်။

http://www.lawsinmyanmar.com/bmlrSc-51-14.html

No comments:

Post a Comment