စိုးရိမ်လို့ ထပ်ပြောမယ်
-------------------
ရေနွေးပွက်ပွက်ဆူတာက
၁၀၀ ဒီဂရီစင်တီဂရိတ်။
ကားသချိုင်္င်းတွေမှာ သံရေကျိုတဲ့အပူချိန်က
၂၈၀၀ ဒီဂရိစင်တီဂရိတ်။
အဝီစိငရဲ အပူချိန်က
သိပ္ပံပညာရှင်တွေ ခန့် မှန်းတာ
၃၅၀၀၀၀ ဒီဂရီစင်တီဂရိတ် တဲ့။
၁၃ မိုင်လောက်ရှိတဲ့ ကျောက်တောင်ကို
ငရဲမီးမုန့် ညှင်းစေ့လောက်နဲ့ ပေါက်ရင်တောင်
ကျောက်တောင်ကြီးဟာ ပျောက်ကွယ်သွားတယ်
ဆိုတော့ စဉ်းစားကြည့်ပေါ့။
နောက်တခါ။
လူ့ သက်တမ်း နှစ် ၁၀၀ ကို
နတ်ပြည် ၁ ရက်။
နတ်သက်တမ်း နှစ် ၁၀၀ ကို
ငရဲတစ်ရက်။
ငရဲတစ်ရက်ကို လူနှစ်နဲ့  ၃၆ သန်း။
ငရဲသားတယောက်က
အနည်ဆုံးငရဲသက်နဲ့ သိန်းသန်းချီပြီးခံရမှာ။
ဒါဆို အခုမကောင်းတာမလုပ်ဘူးဆိုရင်
လွတ်မှာလား ဆိုတော့ မလွတ်ဘူး။
သံသရာမှာကျင်လည်ခဲ့တုန်းက
လုပ်ခဲ့တဲ့အကုသိုလ်တွေက လူတိုင်းလူတိုင်းမှာ အသင်္ချေ အနန္တ တဲ့။
ဒီဘဝမှာ ကောင်းတာလုပ်လို့  သုဂတိဘုံရောက်လည်း ခဏပဲ။
ဘုရားရှင်က အပါယ်လေးပါးက ကိုယ်ပိုင်အိမ်လို့ ဟောထားတာ။
တနေ့ ကျရင် ငရဲပြန်ကျမှာပဲ။
အဲဒီကလွတ်ဖို့ကလည်း
ဒါန သီလ သမထ
ဘယ်လောက်ပဲကျင့်ကျင့် ဝိပဿနာတရားမပါပဲ
မလွတ်မြောက်နိုင်ဘူး။
နတ်ပြည်ဗြဟ္မာ့ပြည်ရောက်လည်း
အလကားပဲ ပြီးရင်ငရဲပြန်ကျမှာပဲ။
အပြီးလွတ်ဖို့ က သောတာပန်ဖြစ်မှ အပြီးလွတ်မှာ။
စူဠသောတာပန်တောင်မရဘူး မဟာသောတာပန်မှ
အပြီးလွတ်မှာ။
ဝိပဿနာတရားအားထုတ်ဖို့ 
ဘယ်လောက်အရေးကြီးသလဲဆိုတာ
စဉ်းစားကြည့်ပေါ့။
ဒါ့ကြောင့်လည်းဗုဒ္ဓက
ဝိပဿနာတရားအားထုတ်ဖို့ 
၁၇၉၂ ကြိမ်ဟောပြီး
ဒုလ္လဘတရားကို ၁၆၄၂၅ ကြိမ် ဟောခဲ့တာပေါ့။
မိတ်ဆွေတို့  မယုံကြည်လို့  ဝိပဿနာတရားတွေ
အားမထုတ်ဘူးဆိုရင်တော့
ငရဲအပူချိန်
သုံးသိန်းခွဲဒီဂရီစင်တီဂရိတ်က အဝီစိကနေ စောင့်ကြိုနေလေရဲ့။ ။
credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
27 May 2015
No comments:
Post a Comment