သားသို့ ဖေဖေ့ မှာတမ်း
လက်မထပ်ခင်
ဖေဖေက သားကို ပြောတယ်။
မိန်းမယူပြီးတာနဲ့ သူ့ခမျာ သူတစ်ခါမှ မစားဖူးတဲ့ဆန်၊ တစ်ခါမှမသောက်ဖူးတဲ့ရေ ကို ' အချစ် ' ဆိုတဲ့ အရာတစ်ခုကြောင့် မိမိစားနေကျ အိမ်ကလက်ရာ၊
မိဘနဲ့ အိမ်ကို ပစ်ပြီး လာရရှာတယ်။
ငါတို့မိဘဖြစ်သူက သူ့အပေါ် တကယ့် မိဘလို မဆက်ဆံခဲ့ရင်၊ မင်းတို့မောင်နှမတွေက သူ့အပေါ် တကယ့်မောင်နှမလို မဆက်ဆံရင်၊ မင်းကလည်းသူ့အပေါ် ဂရုမစိုက်ရင် ငါတို့တစ်အိမ်လုံးက သူ့အပေါ် တရားမလားပြော?
ကိုယ့် ကိုယ်စောင့်နတ်ကိုယ် မျက်နှာချင်းဆိုင်ရဲမလား?
လူဆိုတာ အသက်ရှင်နေသရွေ့ ကိုယ်ချင်းစာတရား လက်ကိုင်ထားရတယ်ကွ။
ဖေဖေက ပြောတယ်။
ယောက်ျားဆိုတာ အချစ်ကို တစ်လုပ်ထဲနဲ့ ပလုပ်ပလောင်းအဝ စားချလိုက်တယ်။
ကုန်သွားလို့ ဗိုက်တင်းသွားရင် လေလွင့်ခွေးလို အပြင်မှာ လပ်ယားလပ်ယား အစာထပ်ရှာချင်ကြတယ်။
ဒါပေမယ့် မင်းစဉ်းစားဖူးလား၊
မိန်းမခမျှာ ကိုယ့်အတွက် ကိုယ်လေးလက်ဝန်ဖြစ်ပြီး ကိုးလဆယ်လ လုံး အိပ်ချင်သလိုမအိပ်ရ၊ စားချင်သလို မစားရ ဗိုက်ကြီးတစ်ကားကားနဲ့ စက္ကန့်မလပ်အောင့်အီးထားတာ ဘာဖြစ်လို့လဲ။
အသက်ကြီး နဲ့ အသက်ကလေး တစ်ခုကို လဲမလို့ကွ။ သားအမိနှစ်ယောက်စလုံး အေးအေးချမ်းချမ်းနဲ့ရှိစေချင်လို့ကွ။
တစ်ခုခုဆို မင့် ရင်သွေးကို သူ့အသက်နဲ့စတေးပြီး လဲပစ်ဖို့တောင် မကြောက်ဘူးကွ။
ဒီလိုပေးဆပ်တဲ့ သူမအပေါ်ကိုမှ မင်းလုပ်ရက်သလားကွ။
လူ့နှလုံးက အသားနဲ့ တည်ဆောက်ထားတာပါကွာ။
ဖေဖေက ပြောတယ်။ ယောက်ျားလေးကော မိန်းကလေးကော sensitive ဖြစ်တတ်ကြတာပဲ။ ဒါပေမယ့် ယောကျာ်းလေးက ကိစ္စအပေါ်မှာ sensitive ဖြစ်တာ စဉ်းစားလေ မရှင်း၊ မရှင်းလေ ဒေါသက ထွက်လေ။
မိန်းကလေးကတော့ စကားလုံးအပေါ်မှာ sensitive ဖြစ်တာ။ စကားတစ်ခွန်းကြားတာ ပုံမှန်မဟုတ်တာနဲ့ တွေးလေ စိတ်တိုလေ၊ စိတ်တိုလေ ရစ်လေ။
ဒါ့ကြောင့် ယောကျာ်းဖြစ်သူက မရှင်းတဲ့ ကိစ္စအတွက်ကြောင့်လည်း ကိုယ့်မိန်းမကို စကားလုံးနဲ့ မထိုးနှက်နဲ့။ အလျော့ပေးလိုက်။ စကားလှလှလေးပြောပြီး ချော့ပေး။ မိန်းခလေးက အချော့သိပ်ကြိုက်တာကွ။ သူပျော်ရင် ကိုယ်လည်းပျော်တယ်။ အဲ့တော့ သူပျော်တာပဲရွေးတော့ပေါ့။
ဖေဖေက ပြောတယ်။
လောကမှာ မိန်းမလှတွေပေါတယ်၊ ဟုတ်တယ်။
လက်ထပ်ပြီးရင် ပိုလို့တောင် များလာတယ်ထင်ဦးမယ်။
ဒါပေမယ့် မိမိက ကာမပိုင်ရှိတယ်ဆိုတာနဲ့ ဘယ်သူ့ပေါ်ကိုမှ စိတ်မယိုင်သင့်တော့ပါဘူး။ ကိုယ့်မိန်းမကို အခြားမိန်းမတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့ ပိုလို့တောင် မဖြစ်သင့်ပါဘူး။
တကယ်လို့ ကိုယ့်မိန်းမနဲ့ အတူလမ်းထွက်လျှောက်လို့ ခပ်လန်းလန်းကောင်မလေးဘေးက ဖြတ်သွားရင် သူ့ကို အဲကောင်မလေးလိုဝတ်ကြည့်ဖို့ တိုက်တွန်းကြည့်ပါ။
မင်း ရဲ့ဇနီးက ဘယ်လောက်တောင် လှသွားမလဲဆိုတာ မင်း ကိုယ့်ကိုတောင်လန့်သွားဦးမှာ။ ဒီမျက်နှာလေးကို ချစ်လို့ပဲယူထားတာမဟုတ်လား။
သူက အချောဆုံးပေါ့။
ဖေဖေက ပြောတယ်။
မတူတဲ့နေရာက လူနှစ်ယောက်၊ မတူညီတဲ့ အိမ်နှစ်ခုကနေ၊ မတူညီတဲ့ အဆုံးအမ၊ အသိုင်းအဝိုင်းနဲ့ မွေးဖွားလာကြတယ်။ မင်္ဂလာဆောင်တဲ့အသက်အရွယ်ရောက်တော့ အကျင့်က အပိုးကျိုးလို့ ကျော်တောင်နေပြီ။ စကားပုံတစ်ခုတောင်ရှိသေး၊ မြစ်ကော သောင်ကောက ပြင်လို့ရသေးတယ်။ အမူအကျင့်ဆိုတာ ကိုယ် မပြင်ရင် ဘယ်သူမှ ပြင်လို့ရတဲ့အရာမဟုတ်ဘူးလေ။ ဒါ့ကြောင့် ကိုယ်ဇနီးအကျင့်ကို ပြုပြင်ပြောင်းလဲဖို့ အားနည်းချက်ကို ပြင်ဖို့ မကြိုးစားပါနဲ့။
ကိုယ်က တစ်မျိုးကြီးခံစားနေရရင် အကောင်းဆုံးနည်းလမ်းက ကိုယ့်ကိုယ်ကိုမိန်းမအကျင့်နဲ့ တူသွားအောင် အရင်စပြောင်းကြည့်ပါ။ ဒီလို ပြောင်းလိုက်မှ သူမနဲ့အမူအကျင့်တွေ တူသလောက်ရှိသွားတော့မှ သူမ စိတ်ထဲမှာ မင်းဟာ သူ့စိတ်နဲ့ အကြိုက်တူတယ်ဆိုပြီး မင်းအကျင့်တွေပါ သူမ ဆီအော်တို ကူးစက်သွားမှာ ယုံ။
သူမ စိတ်ထဲမှာ မင်းနဲ့နေရတာကို နှစ်ခြိုက်လာမယ်။ အားကိုးလာမယ်။ ယုံကြည်လာမယ်။သူများက မင်းကိုမကောင်းဘူးလို့ပြောဖို့တောင် တော်တော်ခက်ခဲလာမယ်။
ဖေဖေက ပြောတယ်။
ကိုယ့်မိန်းမကိုယ် ချစ်တတ်ရမယ်။ တစ်ကယ်လို့ ဒီကမ္ဘာပေါ်မှာ ကိုယ့်မိန်းမကို ကိုယ့်ထက် ပိုချစ်တဲ့သူ နောက်တစ်ယောက်ရှိနေပြီဆို မင်းကွိုင်တက်မယ့်နေ့က မဝေးတော့ဘူးဟေ့ကောင်ရေ။
မင်းကို သူ 'ယောကျာ်း' လို့ခေါ်နေသရွေ့ မင်းယောက်ျား တာဝန်ကို ပခုံးထက်က မကျပါစေနဲ့။
ကိုယ့်ကိုယ်ကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တစ်ပင်ကြီးလို သဘောထား၊ ငှက်ဆိုတဲ့ ကိုယ့်မိန်းမလေးက မင်းအကိုင်းအခက်မှာ အသိုက်လေးတစ်ခုကို စိတ်အေးလက်အေး လာတည်ဆောက်ခွင့်ပေးလိုက်။ ဒီလောက်လေးပဲ။
Have a happy family
22 July at 12:55
credit//
ငှက်ခါး ချစ်သူ
No comments:
Post a Comment