ကျနော်လုပ်သက်တစ်လျှောက် ပြစ်မှုများနဲ့ ပတ်သက်ပြီး..
စက်ဆုတ်ဖွယ်..
ဖခင်ကသမီး အရင်း ၃၇၆ အမှု
၅ မှုလောက်တွေ့ဘူးတယ်။
ဒါကတစ်နိုင်ငံလုံးစာရင်းမဟုတ်ဘူး၊
တာဝန် ထမ်းဆောင်တာကြုံရတဲ့ အရေအတွက်ပါ၊
တစ်နိုင်ငံလုံး၊ဘယ်နှစ်မှုလောက်၁၀နှစ်စာ စာရင်းကောက်ရင်များမှာ..
မသိလို့၊ရှက်လို့ မတိုင်တဲ့အမှုရှိအုံးမှာပါ။
ကျနော်တွေ့ကြုံတဲ့တစ်မှုဆို...
လယ်ထဲက
ဖခင်ကိုထမင်းသွားသွားပို့ရင်းကျူးလွန်ခံ
ရတာ၊
အကြိမ်ကြိမ်ဖြစ်ပွားခဲ့တာ၊
ပတ်ဝန်းကျင်သိမှ အမေကအမှု့တိုင်တာ။
မရေးချပြချင်ပါဘူး၊
ဒါပေမဲ့နောက်ပိုင်းသမီးကပါ အလိုတူတာလား၊
မြန်မာမှု့နယ်ပယ်မှာဆိုးဝါးနိမ့်ကျတဲ့အဆင့် အတန်းမဲ့အမှုတွေရှိနေအုံးမှာပါ..
ကျနော် ဆွေးနွေးချင်တာက...
မုဒိန်းမှုမှာ..
မိန်းကလေးအလိုတူတူ၊မတူတူ
သမီးရင်း(သို့)မိခင်(သို့) ညီမ/အစ်မရင်းဖြစ်လျင်
မုဒိန်းမှုမြောက်သည်ဆိုတဲ့အချက်
ထည့်သွင်းသင့်တယ်မြင်မိတယ်။
နောက်တစ်ခုက..
အကြိမ်ကြိမ်ကျူးလွန်လို့
မွေးဖွားတဲ့ကလေးဟာ..
ဒီကလေးက မြေးလား၊ သားလား၊
အပျော်သားလား ဘယ်လိုသတ်မှတ်မလဲ
အမွေခန်းကရော ဘယ်လိုပတ်သက်မလဲ၊
အပြစ်မဲ့တဲ့ကလေးကဘယ်လောက်နစ်
နာခဲ့ပါသလဲ..
မြန်မာ့ဓလေ့မှာမဖြစ်ဘူးဆိုပြီး ထည့်မတွက်ခဲ့ဘူးလား..
ဆွေးနွေးပေးပါလား။
ဖြစ်လာနိုင်တဲ့အရာတွေပါ။
credit//
ဆရာ မင်းမိုးဇော်
့(ဥပဒေအကျိုးဆောင်များ)
ထ/ဆ
Moon Ray
ဇလုပ်ကြီးအုပ်စု ပိန်းအင်းရွာမှာ အမေနဲ့သား မုဒိမ်းမှု့တောင်ဖြစ်ခဲ့တယ်။အခုတော့ အဲကောင်ထောင်ကျနေပါပြီ။
MaySan Shar
စိတ်အပျက်ဆုံးကမုဒိန်းမှူ
ဒါပေမဲ့ ရှေ့နေဖြစ်လာတော့
စစ်နေရတာဘဲ
ခလေးတွေကျူးလွန်ခံရတာလည်း
ရင်နာဖို့ကောငိးတယ်
ပညာတတ် ဂုဏ်သရေရှိ
ဘုရားဒကာတွေ ကျူးလွန်တာ
လည်းတွေ့ဖူးတယ်
ငွေနဲ့ကစားပြီး အမှူမတက်တာတွေ
လည်းကြားဖူးတယ်ဆရာ
မင်း မိုးဇော်
ဒါကြောင့်ကာယကံရှင်က
အကြောင်းကြောင်းထောက်ပြီး
ဘယ်လိုမတိုင်တိုင်အရေးယူ
သင့်တယ်..မုဒိန်းမှုကိုဖြည့်စွက်
သင့်တယ်..ကလေးရရင်ဒီကလေး
ကဘ၀တစ်လျှောက်လုံး
စိတ်ပိုင်းဆိုင်ရာခံစားရသလို
အမွေကိစ္စမှာလဲတဘမ်းရှုံးနေ
တယ်၊ကလေးမှာဘာအပြစ်မှ မရှိဘူး။
အမွေဆက်ခံခြင်းတွေ၊တော်စပ်
ခြင်းတွေ၊ထိရောက်အရေးယူ ခြင်း
တွေမှာပြင်ဆင်ပေးသင့်တယ်။
No comments:
Post a Comment