Tuesday, July 28, 2015

ဒီလိုကုသိုလ်မျိုး ဘယ်မှာ ရနိုင်မလဲ

ဒီလိုကုသိုလ်မျိုး ဘယ်မှာ ရမှာလည်း
-----------------------------
ဓမ္မမိတ်ဆွေတို့ ရယ်
ပိဋကတ်သုံးပုံထဲမှာလေ
ငါးနှစ်နဲ့ ရဟန္တာဖြစ်သွားတဲ့ ပဉ္စသီလသမာဒါနိယ ထေရ်
ဆိုတာရှိပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၉၂ ကမ္ဘာအထက်က ဘဝတစ်ခုမှာ ငါးပါးသီလကို
လုံခြုံအောင်စောင့်ထိမ်းခဲ့လို့ သေတဲ့အခါ
၉၂ ကမ္ဘာပတ်လုံး အပါယ်ကိုမကျရောက်ပဲ
ကျွန်တော်တို့ ဂေါတမဘုရားရှင်လက်ထက်မှာ
အဲဒီကောင်းမှူ့ ကြောင့် ငါးနှစ်နဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး
လေးနှစ်ကျော်ကျော်လေးနဲ့ 
ရဟန္တာ ဖြစ်သွားတဲ့
ဧကဒီပိယထေရ်ဆိုတာလည်း ရှိခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့
ဆီမီးတတိုင်အလှူရှင်လို့ 
အဓိပ္ပါယ်ရပါတယ်။

သူလည်းပဲ ဘုရားရှင်ရဲ့
အလောင်းတော်ကို တညလုံးမီးပူဇော်ခဲ့တယ်။

အဲဒီတညတည်းမီးပူဇော်တဲ့ကောင်းမှူ့ ကြောင့်အပါယ်ဆိုတာ မရောက်ရှိပဲနဲ့ သုဂတိဘုံမှာချည်း ကျင်လည်ခဲ့ရပြီး အခုဂေါတမဘုရားရှင်လက်ထပ်မှာပဲ
လေးနှစ်ကျော်ကျော်နဲ့ 
ရဟန္တာ ဖြစ်သွားခဲ့ရပါတယ်။

နောက်ပြီး ပ ဒုမထေရ်တို့ 
စန္ဒနမာလိယထေရ်တို့ ဆိုတာလည်း
ငါးနှစ်သားလေးတွေနဲ့ ရဟန္တာဖြစ်သွားခဲ့ကြတဲ့ သူတွေပါပဲ။

ပြောချင်တာက
ငါးပါးသီလစောင့်ထိမ်းတာ
ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ ကောင်းကျိုးတွေဟာ
နည်းနည်းနောနော အကျိုးကျေးဇူးမဟုတ်ဘူး
ဆိုတာကိုပြောချင်တာပါ။

၉၂ ကမ္ဘာတောင် အပါယ်မလားဘူးတဲ့။
နောက်ပြီး ရဟန္တာတောင် ဖြစ်သွားတယ်တဲ့။
မိတ်ဆွေတို့ လည်း
ငါးပါးသီလစောင့်ထိမ်းတာ
ဘုရားရှင်ကိုဆီမီးပူဇော်တာတွေကို
ရိုရိုသေသေလေးလေးစားစားနဲ့ 
ပြုလုပ်နိုင် စောင့်ထိမ်းနိုင်ကြမယ်ဆိုရင်
ဒီဘဝ ပါရမီမပြည့်လို့ 
ကျွတ်တမ်းမဝင်နိုင်တာတောင်
နောင်သံသရာမှာ နိဗ္ဗါန်ရဖို့ အထောက်အပံ့
ဖြစ်လိမ်မယ်ဆိုတာတော့ ----

credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
8 July 2015 at 10:33 

No comments:

Post a Comment