နှစ်ပါးစုံ ဆိုတာ/လက်ထက်ပွားဆိုတာ
------------------------------
နှစ်ပါးစုံဆိုသည်မှာ
လင်မယားနှစ်ဦး ကြိုးပမ်းအားထုတ်ရှာဖွေမှုဖြင့် ရရှိသောပစ္စည်း။
ဦးဖေ နှင့် ဦးမောင်မောင်ခ ၊၁၀ ရန်ကုန် ၂၆၁(၂၆၈)
ထိမ်းမြားလက်ထပ်ချိန်မှ စတင်ပွားများလာသော ပစ္စည်းများကို လက်ထက်ပွားဟုခေါ်သည်။
လက်ထက်ပွားနှစ်မျိုးနှစ်စားရှိသည်။
့(က)လင် သို့မဟုတ် မယားတစ်ဦးတည်း ကြိုးပမ်းအားထုတ်မှုဖြင့် ရသော သာမာန်လက်ထက်ပွား ပစ္စည်း။
့(ခ) လင် သို့မဟုတ် မယား တစ်ဦးတစ်ယောက်တည်း အမွေခံခွင့်ရှိသော အမွေရလက်ထက်ပွားပစ္စည်း။
ဦးဖေ နဲ့ မောင် မောင် ခ ၁၀၊ ရန်ကုန်ု ၂၆၁(၂၆၈)
နှစ်ပါးစုံတွင် လင်နှင့်မယား အညီအမျှ အကျိုးခံစားခွင့် ရှိသည့်
ပစ္စည်းအားလုံး အကျုံးဝင်သည်ဖြစ်ရာ ခန်းဝင်ပစ္စည်းလည်း နှစ်ပါးစုံတွင်ပါဝင်သည်။
နှစ်ပါးစုံပစ္စည်း၌ လင် နှင့် မယား တို့ အညီအမျှ အကျိုးခံစားခွင့်ရှိသည်။
မောင်ဖိုးစိန် နှင့် မပွား ပီဂျေ ၄၀၃
ဦးဖေ နှင့် ဦးမောင်မောင်ခ. ၁၀၊ ရန်ကုန် ၂၆၁ ပီစီ။
လက်ထက်ပွါး ပစ္စည်း နှစ်မျိုးရှိသည့်အနက်
သာမန်လက်ထက်ပွားပစ္စည်း၌
လင် နှင့် မယားတီု့ အညီအမျှ အကျိုးခံစားခွင့်ရှိကြသည်။
မခင်နှင့်မောင်ဖိုးစိန်. ၆၊ အယ်လ်ဘီအာ ၁၆၊
ချစ်တီးကုန်တိုက် နှင့် မပု ၁၄ ရန်ကုန် ၆၉၇
အမွေရ လက်ထက်ပွား ပစ္စည်း၌မူ အမွေရသူက သုံးပုံနှစ်ပုံ
ထိုသူ ၏ ခင်ပွန်းက သုံးပုံတစ်ပုံ အကျိုးခံစားခွင့်ရှိကြသည်။
ချစ်တီးကုန်တိုက်နှင့်မောင်သာလှိုင် ၃ ရန်ကုန် ၃၂၂ စုံညီခုံ။
credit//
ခင်နုသာ
No comments:
Post a Comment