အဓိက နဲ့ သာမည
------------------------
လူ့ ဘဝရ ရှိလာတာဟာ အင်မတန်မှကို
တန်ဘိုးကြီးလွန်းတယ် ဘာပဲလုပ်လုပ်
အေးအေးဆေးဆေးလုပ်ဖို့ မသင့်ဘူး
တရားနာတာတောင် သုတ္တံတရားထက်
ဝိပဿ နာတရားကို ပိုပြီး နာကြားကျင့်သုံး
သင့်တယ်
ပုဂ္ဂိုလ်လေးမျို မှာ ဘုရားရှင်လက်ထက်က
တရားနာယုံနဲ့ တရားထူးရသွားကြတာ
ဟာ ပါရမီပြည့်လို့ သာ ဖြစ်တယ် ဒါ့ကြောင့် တရားနာယုံနဲ့ ရတာ
ခုခေတ်မှာတော့ ကျင့်ပြီးမှ ရတဲ့သူလောက်
ပဲတွေ့ ရှိရတယ် ဒါ့ကြောင့် ကျင့်စဉ်ပါတဲ့
ဝိပဿ နာတရားတော်မျုးကို များများနာ
သင့်တယ်
တခါတခါမှာ လူတရောက်ရဲ့ အတွေပဲဖြစ်
ဖြစ် လုပ်ဆောင်ချက်ပဲဖြစ်ဖြစ် အကျိုးမဲ့
ပြီး အချိန်တွေဖြု န်းသလိုဖြစ်နေတက်
တယ် ဒါ့ကြောင့် ရခဲ့လှတဲ့ လူ့ ဘဝ
ကြုံ ခဲလှတဲ့ သာသနာနဲ့ တွေ့ တုန်းမှာ
တန်ဘိုးရှိတဲ့ အရာတွေကိုပဲ ရွေးထုတ်
တက်ဖို့ လိုအပ်တယ်
လူတရောက်က ဆရာတော်ကြီးတပါးကို
လျှောက်ဖူးတယ်
အရှင်ဘုရား ကမ္ဘာကြီးက လည်နေတယ်
ဆိုတာ ဟုတ်လားဘုရားတဲ့
ဆရာတော်ကြီးကပြန်ဖြေတယ်
ကမ္ဘာကြီး လည်တာ မလည်တာထက်
မင်းလုပ်စားနေတဲ့ လယ်ကွက်တွေ ရွေ့ မ
သွားဖို့ က ပိုပြီး အရေးကြီးတယ်မလား တဲ့
တခါတခါ ကိုယ်နဲ့ မတန်မရာတွေတွေး
တက်တယ် မတန်မရတွေ လုပ်တက်တယ်
အဲဒီလိုအခါမျိုးမှာ တန်ဘိုးရှိလှတဲ့ အချိန်
တွေဟာ အလဟသ ကုန်ဆုံးသွားတက်
ပါတယ်
ဒါ့ကြောင့်လည်း သာသနာတော်ကြီးနဲ့ 
ကြုံ ကြိုက်နေတဲ့အချိန်မှာ အခြားလူတွေရဲ့
အချိန်ကိုတန်ဘိုးရှိတာထက် ဗုဒ္ဓဘာသာ
ဝင်လူမျိုးတွေရဲ့ အချိန်ဟာ ပိုပြီး တန်ဘိုး
ကြီးလွန်းလှတာမို့ 
မိတ်ဆွေတို့ 
အဓိက နဲ့  သာမည ကို
ခွဲခြားနိုင်ကြပါစေ
credit//
ဦးမြင့်ခိုင်(စိတ်ပညာ)
No comments:
Post a Comment