အခု ရေကြီးတဲ့ သတင်းတွေ ဖတ်ရတော့
အစိုးရ ၁ရပ်ရဲ့ အရေးကြီးဆုံး စွမ်းရည်၁ရပ်ဖြစ်တဲ့
သဘာဝဘေးအန္တာရယ်ကြိုတင်ကာကွယ်ရေးတို့....
အချိန်နှင့်တပြေးညီ
သဘာဝဘေးအန္တာရာယ်ဆိုင်ရာ
သတင်းထုတ်ပြန်ချက်တို့
ဘေးလွတ်ကင်းရာဒေသများတို့ ပြောင်းရွှေ့ပေးရေးတို့ အစရှိတဲ့
လုပ်ဆောင်မှုတို့ ကို ကိုင်တွယ်ရာမှာ
ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ဟာ
အရေးမထားလွန်း ပေါ့ပျက်ပျက်နိုင်လွန်းလှတယ်...။
ရေကြီးမှုတွေ မဖြစ်ခင် ၁ပတ်လောက်ကတည်းက
မိုးလေ၀သပညာရှင် ဦးထွန်းလွင်ဝေါ်မှာသာ ဒီအကြောင်းကို
စိုးရိမ်တကြီးနဲ့ သတိပေးမှုတွေ
ဆက်တိုက်ရေးနေပေမယ့်
အဓိက တာဝန်ရှိတဲ့ ပြန်ကြားရေးဝန်ကြီး
ဦးရဲထွဋ်ကတော့ သွေးအေးလျက်ရှိတာတွေ့ရတယ်
ရေတွေကြီး လူတွေ ဒုက္ခရောက်လို့
မရှူနိုင် မကယ်နိုင်ဖြစ်လာမှသာ
သမ္မတ ကိုယ်တိုင်သွားရောက်အားပေး
တယ်ဆိုပြီး
သတင်းစာထဲ ထည့်ကောင်းရုံ
လုပ်သွားတာတွေ့ရတယ်....။
ဦးသိန်းစိန် အစိုးရ အဖွဲ့ဟာ
စွမ်းရည်မြင့် အစိုးရတရပ်ဖြစ်ဖို့မဆိုထားနဲ့
သာမန်အစိုးရတောင် ကိုင်တွယ်နိုင်တဲ့
ဒီလိုကိစ္စတွေကို မကိုင်တွယ်နိုင် တာ
တွေ့ရတယ်...။
အထူးသဖြင့် ပြည်သူ့အရေးကိစ္စတွေမှာ
အလေးမထားမှန်း စေတနာမဲ့လွန်းမှန်း
သိသာလှတယ်
တကယ်တော့ ကျနော်တို့ နိုင်ငံက အရှေ့တောင် အာရှမှာ ရာသီဥတုဒဏ်အဆိုးရွားဆုံး ခံစားနေရတဲ့ ဒုတိယမြောက်နိုင်ငံပါ ။
လူပေါင်းများစွာသေကြေပျက်စီးခဲ့ရတဲ့
၂၀၀၈နာဂစ်ဖြစ်သွားတာလည်း
၁၀နှစ်တောင်မကြာသေးပါ
ဒါကြောင့်အစိုးရအနေနဲ့ ဒီလိုသဘာဝဘေးအန္တာရာယ်ကိစ္စတွေ ကိုင်တွယ်ရာမှာပေါ့ပျက်ပျက် မနိုင်သင့်ပါ ..။
ဒီလိုကိစ္စတွေကိုင်တွယ်နိုင်ဖို့ဆိုတာ
မိုးပျံနေတော်နေသောအစိုးရုဖြစ်စရာ မလို
ပြည်သူ့အတွက်
အနည်းငယ်တွေးပေးရုံ စေတနာထားရုံမျှနှင့် ထိုကိစ္စတွေကို
ကိုင်တွယ်လို့ရသော်လည်း
ယခုအစိုးရကား ပြည်သူအပေါ် စေတနာမဲ့လွန်းလှသည် ။
စေတနာ မဲ့လွန်းသောကြောင့်လည်း
ယခုလိုထိ အခြေအနေဆိုးရခြင်း ဖြစ်သည် ။
ပြည်သူ့အကျိုးအတွက်ဆို အာရုံမစိုက်၊
သူတို့ အာဏာတည်မြဲရေး သာ အာရုံထားလေ့ရှိသည်
ပြန်ဝန်ဦးရဲထွဋ်ကလည်း ပြန်ကြားရေး
ဝန်ကြီိးဟုဆိုသော်လည်း
ဒီလိုကိစ္စတွေကို အရေးတယူဖော်ပြ
ထုတ်ပြန်ဖို့ထက်
သူ့ငယ်စဉ်ဓာတ်ပုံများ ၊
ငပိရည်နှင့်ထမင်းစားနေသော ပုံများ
သမ္မတ ရထားစီးနေသော ပုံများသာ
တင်ဖို့ ပိုအားသန်ပုံရသည်...။
ရေကြီးမှုဖြစ်ပြီးနောက် သမ္မတ သွားရောက်
ကူညီဆိုသော သတင်းတက်လာတော့လည်း
သမ္မတအား ကျောင်းသူကလေးများက
လက်အုပ်ချီ ကန်တော့နေတာကို မိန့်မိန့်ကြီးခံယူနေသော ပုံနှင့်
တပ်မတော်သားများအား မိုးကာဝတ်ပေးနေသော ပုံများသာ တွေ့ရသည်။
ကမ္ဘာ့စူပါပါဝါနိုင်ငံမှအမေရိကန်သမ္မတ
အိုဘားမားက သူ့နိုင်ငံအတွင်းသဘာဝဘေးသင့်သော
ဒေသများကို သွားတုန်းက ပြည်သူများကို နွေးနွေးထွေးထွေး ပွေ့ဖက်အားပေးသည့် ပုံများ၊
စိတ်မကောင်း၍ ညှိုးငယ်နေသော
ပုံများသာ တွေ့ခဲ့ဖူးသည်ကို သတိရတော့
ကျနော်အတွေးလွန်မိသည်။
မင်းစိတ် အာဏာရှင်စိတ် ပေါက်နေသောအစိုးရနှင့် ပြည်သူနှင့်တသားတည်းကျနေသော
ပြည်သူ့အစိုးရ ကွာခြားချက်ဟုပဲဖြစ်ရမည်ဟု အဖြေထုတ်ကြည့်သည်။
ပြည်သူအပေါ် စေတနာထားသော အစိုးရနှင့် ပြည်သူအပေါ် ဂရုမစိုက်စေတနာမထားသော ၊
ဝတ်ကျေတန်းကျေ ဆက်ဆံတတ်သော အစိုးရကွာခြားချက်ဟုလည်း ထပ်ဆင့်တွေးမိသည်...။
ဒီလောက်စေတနာမဲ့လှသောအစိုးရမျိုးအား မဲပေးဖို့ စိတ်ကူးခြင်းလောက် မိုက်မဲသောသူ မရှိတော့ ဟုလည်း
ထပ်ဆင့်အတွေးပွားမိသည်...။
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည့်သူ့အစိုးရ စစ်စစ် တက်လာမှ ကျနော်တို့ ပြည်သူဘ၀ အနည်းငယ် လူရာဝင်မည်။
ကျနော်တို့ အပေါ် အလေးထားမည်။
ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ
ပြည်သူ့အစိုးရ တက်လာနိုင်စေရန်
အတွက်
မည်သည့်ပါတီအား ရွေးရမည် ဟုတော့
ပြောစရာ လိုမည်မထင် ။
ထိုအဖြေကား လယ်ပြင်တွင် ဒေါင်းခွပ်နေသလို အဲ ဆင်သွားနေသလို စာဖတ်သူများ
ထင်ထင်ရှားရှား ကြီး မြင်နေလိမ့်မည်ဟု
ကျွန်ုပ် အပြည့်အ၀ ယုံကြည်မိပါသည်။
credit//
သတိုးမင်း
24 July at 10:01
No comments:
Post a Comment