့"မိသားစု ဥပဒေမှတ်စုများ"
ကိုဖြူ ။ ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေက ဘယ်သူတွေနဲ့ ဆိုင်သလဲဆရာ။
ယူတီကေ ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာဝင် နိုင်ငံခြားသား(ဘာလူမျိုးဖြစ်ဖြစ်၊ ဘယ်နိုင်ငံကလာလာ) များ သက်ဆိုင်တယ်။
ကိုဖြူ ။ ။ ဘယ်လိုကိစ္စတွေမှာ တရားရုံးက ဒီဥပဒေအရ အဆုံးအဖြတ်ပြုပါသလဲ။
ယူတီကေ ။ ။ လက်ထပ်ထိမ်းမြားရေးကိစ္စ (Marriage) ၊
အမွေဆက်ခံရေးကိစ္စ (Succession)၊ အမွေခွဲဝေရေးကိစ္စ (Inheritance) တွေမှာ
ဒီဥပဒေအရ အဆုံးအဖြတ်ပေးတယ်။
ကိုဖြူ ။ ။ အမှုသည်တွေဟာ အခြားဘာသာဝင်တွေဖြစ်ရင်ကော။
ယူတီကေ ။ ။ ဟိန္ဒူဖြစ်ရင် ဟိန္ဒူ တရားဥပဒေ၊ ခရစ်ယာန်ဖြစ်ရင် ခရစ်ယာန် တရားဥပဒေ၊ မဟာဗေဒင်ဖြစ်ရင် မဟာမေဒင် တရားဥပဒေအရ အဆုံးအဖြတ်ပေးရတယ်။ လူတစ်ယောက် ကိုးကွယ်ယုံကြည်တဲ့ ဘာသာကိုလိုက်ပြီး သူ ကိုးကွယ်တဲ့ဘာသာ တရားဥပဒေအရ အဆုံးအဖြတ်ပေးရပါတယ်။ ဒါကို (Personal Law) လို့ ခေါ်တယ်။
ကိုဖြူ ။ ။ ဘာသာမဲ့၊ ဘုရားမဲ့၊ လွတ်လွတ်လပ်လပ် တွေးတဲ့ လူတွေ၊ တိတ္ထိတွေ (Atheist)
(Free Thinkers) ကို
ဘယ်ဥပဒေ အရ အဆုံးအဖြတ်ပေးမလဲဆရာ။
ယူတီကေ ။ ။ တရားမျှတမှု (Justice) ၊ သာနာညီမျှမှု (Equity) နဲ့ စိတ်ကောင်းစေတနာမူသဘောတရား (Good Conscience) အရ အဆုံးအဖြတ်ပေးရမယ်လို့ ဥပဒေပြဋ္ဌာန်းထားပါတယ်။
(Burma Laws ActS-13(3)]
ကိုဖြူ ။ ။ မိသားစု ဆိုတာ ဘယ်သူတွေပါသလဲ။
ယူတီကေ ။ ။ သွေးသားအရဖြစ်စေ၊ လက်ထပ်ထိမ်းမြားခြင်းကြောင့်ဖြစ်စေ၊ မွေးစားခြင်းကြောင့်ဖြစ်စေ၊ ဆက်နွှယ်တဲ့ လူအစု အဖွဲ့၊ အုပ်စုကိုခေါ်တယ်။ လတ်တလောအတူနေ လက်ရှိမိသားစု (Immediate Family)ဆိုတာမှာ့ (က) လူတစ်ယောက်ရဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတွေနဲ့
့(ခ) သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေပါဝင်တယ်။
ကိုဖြူ ။ ။ လူသားတစ်ဦးတစ်ယောက် လူ့လောကထဲ ဘယ်လိုရောက်လာသလဲ။
ယူတီကေ ။ ။ ဖခင်လူယောက်ျားနဲ့ မိခင်လူမိန်းမတို့ ပေါင်းသင်းနေထိုင်ခြင်းရဲ့ အကျိုးဆက်ရလဒ်ကြောင့် လူယောက်ျားနဲ့ လူမိန်းမတို့ လူ့လောကထဲ ရောက်လာကြတယ်။
ကိုဖြူ ။ ။ လူယောက်ျားနဲ့ လူမိန်းမတို့ အိမ်ရာတည်ထောင်ပေါင်းသင်းတဲ့စနစ် ဘယ်နှမျိုးရှိသလဲ။
ယူတီကေ ။ ။ ငါးမျိုး ရှိခဲ့တယ်။
(၁) တစ်လင်တစ်မယားစနစ် (Monogamy)
(၂) တစ်လင်မယားအများစနစ် (Polygamy)
(၃) တစ်မယားလင်အများစနစ် (Polyandry)
(၄) နှစ်လင်နှစ်မယားစနစ် (Bigamy)
(၅) မယားတစ်ယောက်ထက် ပိုယူတဲ့စနစ် (Polygynoy)
အစဉ်(၃၊ ၄၊ ၅)ကို အလွန်ရှေးကျတဲ့ လူ့အဖွဲ့အစည်းမှာ တွေ့ရတယ်။
အစဉ်(၁၊ ၂)ကိုတော့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးလာတဲ့နိုင်ငံနဲ့ လူမျိုးများက နှစ်သက်ရာရာ ကျင့်သုံးကြတာ တွေ့ရပါတယ်။
ဥပမာ
့(၁) တစ်လင်တစ်မယားစနစ်မှာ ဟိန္ဒူနဲ့ ခရစ်ယာန်ဝင် လင်တစ်ဦးဟာ ဘာသာတူ၊ ဇာတ်တူ မယားတစ်ဦး ယူခွင့်ရှိ တယ်။
့(၂) တစ်လင်မယားများစနစ်မှာ မဟာမေဒင်ဘာသာဝင် လင်တစ်ဦးက ဘာသာတူမယား(၄)ဦး ယူခွင့်ရှိတယ်။
ဗုဒ္ဓဘာသာဝင် လင်ယောက်ျားတစ်ဦးဟာ လူမျိုးမရွေး၊ ဘာသာမရွေး မယားဦးရေ အကန့်အသတ်မရှိ (α) ယူခွင့်ရှိတာ တွေ့ရတယ်။
ကိုဖြူ ။ ။ ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက် ရှိသလဲဆရာ။
ယူတီကေ။ ။ အစုန်(၇)ဆက် (သား၊ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆတ်)နဲ့ အဆန်(၇)ဆက် (ဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်၊ ဘောင်၊ ဘက်)ရှိတယ်။
တရားရုံး အမွေခန်းမှာတော့ သေသူကို ဗဟိုထားပြီး အစုန်(၃)ဆက် (သား၊ မြေး၊ မြစ်)နဲ့ အဆန်(၃)ဆက် (ဘ၊ ဘိုး၊ ဘေး) စုစုပေါင်း (၇)ဆက်ပဲ ရေတွက်ကြတယ်။
ကိုဖြူ ။ ။ အမွေဆက်ခံရေး အခြေခံဥပဒေနှစ်ရပ်ကို ပြောပြပါ။
ယူတီကေ ။ ။
့(၁) စုန်နိုင်လျှင် မဆန်ရ။
့(အစုန်ရှိရင်၊ အဆန်ဆွေမျိုးမရဘူး။
ဥပမာ – သေသူမှာ သားသမီးရှိရင် သေသူရဲ့ မိဘအမွေမရဘူး)။
့(၂) မျိုးဆက်နီးသူက ဝေးသူကို ပယ်ထုတ်တယ်။
့(သေသူနဲ့ သွေးနီးတဲ့သူက သွေးဝေးသူကို ပယ်တယ်။
ဥပမာ – သားသမီးရှိနေရင် မြေးအမွေ မရသေးဘူး။)
ကိုဖြူ ။ ။ သွေးရင်းနဲ့ သွေးဝက်သားသမီး၊ အထက်ပါ သားသမီး၊ မိတူဘကွဲ၊ ဘတူမိကွဲ သားသမီးဆိုတာတွေအကြောင်း ပြောပြပါ။
ယူတီကေ ။ ။ ဥပမာနဲ့ ရှင်းပြပါမယ်။
A, B, C ဆိုတဲ့ ကလေး(၃)ယောက်ဖခင် ဦးဝင်းဟာ
D, E, F ဆိုတဲ့ ကလေး(၃)ယောက် မိခင် ဒေါ်ခင်နဲ့ ယူလိုက်ကြတယ်။
X, Y, Z ဆိုတဲ့ ကလေး(၃)ယောက် ထပ်ရကြတယ်။
့(၁) ဦးဝင်းနဲ့ ဒေါ်ခင်ဟာ အိမ်ထောင်ကြီးများ ဖြစ်တယ်။
(၂) ABC နှင့် DEF တို့ဟာ အထက်ပါ သားသမီးများ ဖြစ်တယ်။
(၃) XYZ ဟာ ဦးဝင်း၊ ဒေါ်ခင်တို့ရဲ့ နှစ်ပါးစုံ/သွေးရင်း သားသမီးများ ဖြစ်ကြတယ်။
(၄) XYZ နဲ့ ABC ဟာ ဘတူမိကွဲ ညီအစ်ကိုမောင်နှမ ဖြစ်ကြတယ်။
(၅) XYZ နဲ့ DEF မိတူဘကွဲ ညီအစ်ကိုမောင်နှမ ဖြစ်ကြတယ်။
သွေးရင်းနဲ့ သွေးဝက် ညီအစ်ကိုမောင်နှမတော်တယ်။့ (မင်းသုံးယောက်၊ ငါသုံးယောက်၊ တို့သုံးယောက်)
(you Three, I Three, We Three) ပေါ့။
ကိုဖြူ ။ ။ ဝမ်းကွဲညီအစ်ကို မောင်နှမနဲ့ မတူဘူးပေါ့နော်။
ယူတီကေ ။ ။ ဟုတ်ကဲ့။ ညီအစ်ကိုမောင်နှမများက မွေးဖွားတဲ့ သားသမီးအချင်းချင်းကို တစ်ဝမ်းကွဲ First Cousins,
မြေး အချင်းချင်းကို နှစ်ဝမ်းကွဲ Second Cousins,
မြစ်အချင်းချင်းကို သုံးဝမ်းကွဲ Three Cousins ညီအစ်ကိုမောင်နှမလို့ ခေါ်တယ်။
ကိုဖြူ ။ ။ အမွေခံထိုက်သူတို့ရဲ့ အစီအစဉ်ကို ရှင်းပြပေးပါ။
ယူတီကေ။ ။ အမွေဆိုတာ လူတစ်ယောက်ကွယ်လွန်တဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တယ်။
့အမွေခံထိုက်သူ ဘယ်သူဆိုတာ အမွေရှင်ရဲ့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာအရ အဆုံးအဖြတ်ပေးတယ်။
ဗုဒ္ဓဘာသာ ဝင်များဟာ အမွေခံထိုက်သူကို ရွေးချယ်ခွင့်မရှိဘူး။ ဘယ်သူကို အမွေပေးခဲ့မယ်ဆိုပြီး သေတမ်းစာရေးသားလို့မရဘူး။
အခြား ဘာသာဝင်များမှာ သေတမ်းစာရေးသားခွင့်ရတယ်။ ရွေးချယ်ခွင့်ရှိတယ်။
့- မြန်မာဗုဒ္ဓဘာသာဝင်တစ်ယောက် ကွယ်လွန်တဲ့အခါမှာ ဘယ်သူဟာ အမွေစားအမွေခံဖြစ်တယ်။
သူ့ရဲ့ အမွေ ဝေစုဟာ ဘယ်လောက်ဖြစ်တယ်ဆိုတာ အတိအကျသတ်မှတ်ပြီးဖြစ်တယ်။ စာရေးသားပြီး အမွေကို စီမံခန့်ခွဲလို့မရဘူး။
ပိတ်ပင်လို့၊ ရုပ်သိမ်းလို့ မရဘူး။
ဥပမာ –
့(က) လင်သေမယား၊ မယားသေလင် အမွေရတယ်။
့( ခ) သြရသသားသမီးရှိရင်၊ လိင်တူမိဘသေချိန်မှာ မိမိဝေစု လေးပုံတစ်ပုံ ရထိုက်ခွင့်ရှိတယ်။
့( ဂ) မိဘသေရင် သား၊ သမီး၊ မြေး၊ မြစ် စတဲ့ တိုက်ရိုက်အဆက်အနွယ်များ ဆက်ခံရရှိကြတယ်။
့(ဃ) အထက်ပါ ပုဂ္ဂိုလ်တွေမရှိရင် သေသူဟာ လူပျိုလူလွတ်ဖြစ်ရင် သူ့အမွေကို ဆွေမျိုးသားချင်းများက ဆက်ခံ ရရှိတယ်။
့- အမွေခံထိုက်သူတို့ရဲ့ အစီအစဉ်ဟာ ဒီအတိုင်းဖြစ်ပါတယ်။့ (တိုက်ရိုက်အမွေခံ)
၁။ သားသမီးများ
၂။ မြေးများ
၃။ မြစ်များ
၎င်းတို့မရှိရင် (ဆွေမျိုးသားချင်းများ)
၎။ ညီအစ်ကိုမောင်နှမများ
၅။ မိဘများ
၆။ ဘိုးဘွားများ
၇။ တူ၊ တူမများ
၈။ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးများ
၉။ တူ၊ တူမ၏ သားသမီးများ
၁ဝ။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ
၁၁။ တူ၊ တူမများ၏ မြေးများ
၁၂။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏ သားသမီးများ
၁၃။ တစ်ဝမ်းကွဲ ညီအစ်ကိုမောင်နှမများ၏ မြေးများ
ကိုဖြူ။ ။ ညီအစ်ကို မောင်နှမအချင်းချင်း ဘယ်လိုအမွေခွဲသလဲ။
ယူတီကေ။ ။ သေသူရဲ့ညီ၊ ညီမတွေက အစ်ကို၊ အစ်မတွေကို အမွေက ပယ်ထုတ်တယ်။
ဥပမာ ။ ။ ABCDE ညီအစ်ကို မောင်နှမ ငါးယောက်ရှိတယ်။
အကြီးဆုံး A သေရင် (BCDE) ရတယ်။
D သေရင် (E) ရတယ်။
E သေရင် (A B C D ) ရတယ်။
သားသမီးမရှိတဲ့ လင်မယားနှစ်ယောက် အန္တရာယ်များလှတဲ့ အမြန်လမ်းမပေါ်မှာ ကားမှောက်ပြီး တစ်ပြိုင်နက်တည်း သေတယ်။
သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေ အမွေမရဘူး။ လင်ရဲ့ မိဘနဲ့ မယားရဲ့ မိဘတို့ ထက်ဝက်စီ ခွဲယူကြရတယ်။
credit//
U TunKyi (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
9 July 2015
သားကြီး သေသွားပြီဆိုရင် သားကြီးရဲံ့ကျန်ခဲ့တဲ့ သားသမီးတွေအမွေရပိုင်ခွင့်ရှိလားသိပါရစေဗျ
ReplyDelete