လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု။
======================
၁။ ပညာမတတ်တာ။
၂။ဆင်းရဲတာ နဲ့။
၃။ချစ်တာပါ။
ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေပါ။
လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု။
======================
၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်နဲ့
၃။ ရိုးသားမှုပါ
လက်လွှတ်လေ နောင်တ ရလေမို့ပါ။
လောကမှာ ဆိုင်းငံ့ထားလို့မရတဲ့ အရာ(၃)ခု။
======================
၁။ အသက်
၂။ အချိန်နဲ့
၃။ ချစ်ခြင်းပါ
ဆိုင်းငံ့ ထားလေ ကွာဝေးသွားတတ်လို့ပါ။
လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု။
======================
၁။ လေးစားမှု
၂။ ရိုးဖြောင့်မှုနဲ့
၃။ ခင်မင်ဖော်ရွေမှုပါ
ဆောင်ထားလေ နောင်တကင်လေမို့လို့ပါ။
လောကမှာ နောက်ကိုမရွှေ့သင့်တဲ့ အရာ(၃)ခု။
======================
၁။ အလှူအတန်း
၂။ မိဘကိုကျေးဇူးဆပ်ခြင်းနဲ့
၃။ ချစ်ခြင်းပါ
နောက်ကိုရွှေ့လေ နောင်တရလေမို့ပါ။
Credit-ဗဟုသုတ မှတ်စုများ
The Express Times
No comments:
Post a Comment