အလေ့အကျင့်ကောင်းကိုဖန်တီးခြင်း
*** *** ***
မနှစ်ကနိုင်ငံတော်သမ္မတကြီး ဆွစ်ဇာလန် ကိုသွားတော့ ဆောင်းပါးတစ်ခုဖတ်လိုက်ရတယ်။
ပန်းခြံတွေမှာ ပန်းရောင်းတဲ့သူမရှိဘူးတဲ့။
ကတ်ကြေးလေးတစ်လက်ရယ်၊
ပိုက်ဆံ ပုံးလေးတစ်ခုပဲချထားတယ်။
ဝယ်ချင်တဲ့သူက ကိုယ့်ကြိုက်တဲ့ပန်းကို
ညှပ်ယူပြီး ငွေကိုပုံးထဲထည့်သွားခဲ့တယ်။
ပိုင်ရှင်က ညနေမှ ငွေပုံးလေးတွေလာသိမ်းသတဲ့။
သဘောကျလွန်းလို့တပည့်တွေကို ပြန်
ပြောပြတယ်။
တို့နိုင်ငံဆိုရင် ရမလားလို့မေးကြည့် တော့
ပြောင်သွားမှာပေါ့လို့ဖြေကြတယ်။
ကျွန်မတို့ ကလေးတွေကို လုပ်ပေးလို့ မရဘူးလား??။
ကလေးကောင်းမှလူကြီးကောင်းမှာလေ။
မိဘတွေနဲ့တွေ့ဆုံတော့ကျွန်မပြောပြတယ်။
ဒီကျောင်းမှာစမ်းသပ်မယ်ပေါ့။
အရင်ဆုံးစာရေးကိရိယာ ခြင်းလေး
အတန်းတိုင်းမှာ ထားမယ်။
ရောင်းသူမရှိဘူး။
တစ်တန်းနဲ့တစ်တန်း ပြိုင်ကြပါစေပေါ့။
ပင်ရင်းမှာရောင်းတဲ့ဈေးအတိုင်း ဒီမှာသတ်မှတ်မယ်။
မိဘအချို့က မလုပ်ပါနဲ့ ဆရာမကြီး
အရင်းပြုတ် သွားမယ်တဲ့။
မိဘအချို့ကတော့ ဆရာမကြီးအရင်း
ပြုတ်လည်း အားမလျှော့နဲ့ ကျွန်တော်တို့ထောက်ခံတယ်။
ဆုံးရှူံးသွားတဲ့ပမာဏ ထက် အကျိုးဖြစ်လာမှာလို့ပြောတယ်။
ကလေးတွေကိုAssemblyမှာ တရားဟောပါတယ်။
ကလေးတွေက လက်သီးလက်မောင်းတန်းပြီး
အာမခံတယ်။
အဲဒါနဲ့ ဒီနေ့ပဲဒီအစီအစဉ်ကို စ တင်ပါပြီ။
ကျွန်မကျောင်းမှာကလေး ၂၅၀၀ ရှိတယ်။
ဒီအလေ့အကျင့်ကောင်းလေးကိုအားလုံး ရသွားခဲ့ရင့့်  ။
By - ( Thida Theint )
credit//
Min Min Zaw
post https://m.facebook.com/story.php?story_fbid=1592740684326379&id=100007713888713&refid=18&_ft_&__tn__=C
No comments:
Post a Comment