အပြစ်မြင်ရင် အနှစ်စင်လိမ့်မယ်
--------------------------------------------
သင်္ကန်းကို ရိုသေဖို့  တန်ဘိုးထားဖို့ 
ရေးတဲ့အခါ သင်္ကန်းဝတ်ပြီး မဟုတ်တာ
လုပ်နေတာ အားမပေးနိုင်ဘူးတဲ့
အားမပေးခိုင်းပါဘူး
သင်္ကန်းဝတ်ပြီး မတော်တရော်လုပ်နေရင်
ကိုယ်တားဆီးနိုင်တာတော့ တားစီးရမှာ
ပေါ့ ဒါက တပိုင်းပါ
သင်္ကန်း နဲ့  လူ မကွဲတာ တော်တော်ဆိုး
တယ် လူကနေ ရဟန်းမခံပဲ သင်္ကန်းဝတ်
ပြီးမဟုတ်တာ လုပ်နေပြီဆိုရင်တော့
သာသနာတော်ကို ကြည်ညိုတဲ့စိတ်နဲ့ 
ထိုက်သင့်သလို တားဆီးတာ သဘာဝ
ကျပေမဲ ရဟန်းခံပြီးသားရဟန်းတပါးကို
ဝေဘန်တာဆိုရင်တော့ အဆိပ်ရှိတဲ့မြွေနဲ့ 
ဆော့ကစားနေတယ်လို့ သဘောပေါက်
လိုက်ပါ ကိုယ်ပဲ အမြဲရှုံးလိမ့်မယ်
ကိုယ်က ရဟန်းဝိနည်းတွေကိုတော့
နားလည်အောင်ကြိုးစားပေါ့
တကယ်ပဲ ပါရာဇိက ကျတယ်ပဲထားပါဦး
အဲဒီရဟန်းအတွက်က ရဟန်းဘဝဆုံးရှုံး
တာလောက်ပဲရှိတယ် တရားထူး တရားမြတ်ကို လူအဖြစ်နဲ့ ပြောင်းပြီးအားထုတ်ရင် ရနိုင်ပါသေးတယ်
နောက်ပြီး အဲဒီ
ရဟန်းကဝန်မခံမချင်း သူ့ ကို သင်္ကန်း
ချွတ်လို့ မရပါဘူး
အကြောင်းအမျိုးမျိုးကြောင့် လုဝတ်နဲ့ နေရပေမဲံ့လည်း
ရဟန်းတော်အဖြစ်နဲ့ ရှိနေပါသေးတယ်
လူဝတ်နဲ့ နေပေမဲ့ လူမဟုတ်ပါဘူး
့
ဘုရားရှင်လက်ထက်က အဲဒီလို ပါရာဇိက
ကျတဲ့ရဟန်းတော်တွေကို တရားဟော
တာ တချို့  လူထွက်တယ် တချို့ သွေးအံ
တယ် တချို့  တရားထူးရသွားကြပါတယ်
ရဟန်းကိစ္စကို ရဟန်းတွေအပြစ်ပေးတာ
ပိုကောင်းပါတယ်
ကိုယ်မကျေနပ်တာရှိရင် အချက်အလက်
အပြည့်အစုံနဲ့ သံဃမဟာနာယက အဖွဲ့ ကို တင်ပြတောင်းဆိုတာ ပိုကောင်းပါ
တယ်
ကိုယ်က ဝိနည်းတွေနားမလည်ပဲ
ရဟန်းတပါးကို ဝေဘန်ပုတ်ခတ်တာ
ဆိုရင်တော့
တော်တော်လေး ပေးဆပ်ရလိမ့်မယ်
ထင်တယ်
သင်္ကန်းနဲ့  လူ ကို ခွဲခြားပြီး
ဆက်ဆံကြပါ
ဒေါသဦးစီးတဲ့ အယူအဆတွေနဲ့ 
ပြောဆို ဝေဘန် မယ်ဆိုရင်တော့
သာသနာတော်အတွက်လည်း
ဘာမှအကျိုးထူးမှာမဟုတ်သလို
ကိုယ်ကတော့ --------------
credit//
ဦမြင့်ခိုင် (စိတ်ပညာ)
8 July 2015 at 11:30
No comments:
Post a Comment