ချေလွှာမှတ်စု။
ချေလွှာတင်ရန်ပျက်ကွက်ခြင်း။
-----------------------------
တရားမကျင့်ထုံးဥပဒေ အမိန့် - ၈ နည်းဥပဒေ ၁ အရ တရားပြိုင်သည် ချေလွှာ ကို တရားရုံးက ခွင့်ပြုသည့် အချိန်တွင် ချေလွှာတင်ရမည်ဖြစ်သည်။ တရားရုံးက သတ်မှတ် သည့်နေ့တွင် ချေလွှာတင်သွင်းရန် ပျက်ကွက်ပါက ချေလွှာတင်သွင်း ခွင့် ဆုံးရှုံးမည်ဖြစ်သည်။
မောင်သာဌေး ပါ - ၄ နှင့် ဦးခင်မောင်မြင့် ( ၁၉၈၉ ၊ မတစ၊ စာ - ၇၈)
-----
ချေလွှာတင်ရန် တစ်ကြိမ်ပျက်ကွက်လျှင်ဆောင်ရွက်ရန် နည်းလမ်း။
-----------------------------
တရားပြိုင်သည် ချေလွှာတင်ရန်တစ်ကြိမ်တစ်ခါသာ ပျက်ကွက်ပြီး ပျက်ကွက်
ခြင်း အတွက် အကြောင်းပြနိုင်သည့် အခြေအနေတွင် ချေလွှာတင်သွင်းခွင့်ဆုံးရှုံး သည့်ပြစ်ဒဏ်ထက် သက်ညှာသော ပြစ်ဒဏ်ကိုသာပေးသင့်သည်။ သို့ဖြစ်ရာ
ချေလွှာတင်ရန်တစ်ကြိမ်တစ်ခါပျက်ကွက်မှုအတိုင်းအတာအလျောက် ပြစ်ဒဏ်ကို
ချိန်ဆသတ်မှတ်မည်ဆိုပါက တရားစရိတ်ပေးစေသည့်ပြစ်ဒဏ်ချမှတ်ပေးခြင်းက တရားမျှတသည့်အမိန့်ဖြစ်ပေမည်။
Myanmar C.P Marketing Co.Ltd နှင့် Mirari Japan Co.Ltd ( ၂၀၁၁၊ မတစ ၊ စာ - ၁၆၅)
----------
ချေလွှာတင်ရန် အကြိမ်ကြိမ်ပျက်ကွက်လျှင် ဆောင်ရွက်ရန် နည်းလမ်း။
----------------------------
ဒေါ်လှကြည်တို့သည် ချေလွှာတင်ရန်အကြိမ်ကြိမ်ပျက်ကွက်ခဲ့သည်မှာ ပေါ်လွင်
ထင်ရှားပေသည်။ ထိုသို့ ချေလွှာတင်သွင်းရန်ပျက်ကွက်လျှင် တရားရုံးသည် တရားမကျင့်ထုံးဥပဒေ အမိန့် - ၁၇ ၊ နည်း - ၃ ၌ ပြဌာန်းထားသော လုပ်ပိုင်ခွင့် အရ ဆောင်ရွက်နို်င်သည်။
ဒေါ်လှကြည် ပါ - ၆ နှင့် ဒေါ်တင်မာဦး
့( ၁၉၈၀ ၊ မတစ ၊ စာ - ၄၉ )
------------
ချေလွှာတင်ရန်ပျက်ကွက်ရုံမျှဖြင့် တစ်ဖက်သတ်စစ်ဆေးကြားနာခြင်း မပြုနိုင်။
---------------------------
တရားပြိုင်ဘက်က ချေလွှာတင်ရန်အတွက် ချိန်းဆိုသည့်နေ့တွင် တရားပြိုင် ရုံးသို့လာသော်လည်း ချေလွှာ တင်ရန်ပျက်ကွက်လျှင်သော်လည်းကောင်း၊ ရုံးသို့ မလာလျှင်သော်လည်းကောင်း၊အမှုကိုတစ်ဖက်သတ်စစ်ဆေးကြားနာ မည်ဟုအမိန့်မချနိုင်ပေ။ တရားမကျင်ထုံးဥပဒေ အမိန့် - ၉ ၊
နည်း ၆ နှင့်သော် လည်းကောင်း ၊ တရားမကျင့်ထုံးဥပဒေ အမိန့် - ၁၇ ၊ နည်း - ၂ နှင့်သော် လည်းကောင်း အကျုံးမ၀င်ပေ။
တရားပြိုင်တစ်ယောက် သည် ချေလွှာတင်ရန် ပျက်ကွက် လျှင် တရားရုံးကချေလွှာတင်ရန်ပျက်ကွက်သည်ဟူသော မှတ်ချက်ဖြင့် အမှုကို ဆက်လက်ဆောင်ရွက်ရန်သာဖြစ်သည်။
ဦးဘရွှေ (ခ) စောဘရွှေ ပါ - ၂ နှင့် ဒေါ်လှအေး ( ၁၉၇၈ ၊ မတစ ၊ ၈၃ )
ဒေါ်လှကြည်တို့သည် ချေလွှာတင်ရန်အကြိမ်ကြိမ်ပျက်ကွက်ခဲ့သည်မှာ ပေါ်လွင် ထင်ရှားပေသည်။ ထိုသို့ ချေလွှာတင်သွင်းရန်ပျက်ကွက်လျှင် တရားရုံးသည် တရားမ ကျင့်ထုံးဥပဒေ အမိန့် - ၁၇ ၊ နည်း - ၃ ၌
ပြဌာန်းထား သော လုပ်ပိုင်ခွင့် အရ
ဆောင်ရွက်နို်င်သည်။
အချေလွှာတင်ရန်ပျက်ကွက်ခြင်းသည် အမှုသည် လာရောက်ရန် ပျက်ကွက် သည့် အခါကျင့်သုံးရန်ပြဌာန်းထားသော တရားမ ကျင့်ထုံးဥပဒေ အမိန့် - ၁၇ ၊နည်း - ၂ နှင့်မသက်ဆိုင်ပေ ။
ဒေါ်လှကြည် ပါ - ၆ နှင့် ဒေါ်တင်မာဦး
့( ၁၉၈၀ ၊ မတစ ၊ စာ - ၄၉ )
တရားမကျင့်ထုံးဥပဒေ အမိန့် - ၉ ၊
နည်း - ၆ တွင် အမှုကို ကြားနာရန် စစ်ဆေးရန် ချိန်းဆို သောနေ့တွင် တရားပြိုင်လာရောက်ရန်ပျက်ကွက်ပါက တစ်ဖက်သတ်စစ်ဆေး ကြားနာခွင့်ရှိသည်။
၂၀- ၅ - ၈၁နေ့တွင် တရားပြိုင် အားချိန်းဆိုခြင်းမှာ အမှုကို စစ်ဆေးကြားနာရန်ချိန်းဆိုခြင်းမဟုတ်ဘဲ အချေလွှာတင်ရန်ချိန်းဆိုခြင်းဖြစ်ကြောင်း အမှုတွဲ ၌ပေါ်ပေါက်နေသဖြင့် ထိုသို့ အချေလွှာတင်ရန်ရုံးချိန်းပျက်ကွက်ကာမျှဖြင့် တစ်ဖက်သတ်စစ်ဆေးရန် အမိန့်ချမှတ်ခြင်း သည် ဥပဒေနှင့်ညီညွတ်သည်ဟု မဆိုနိုင်ပေ။
ဒေါ်မြင့်မြင့်သန်း(ခ) မိုင်မွန်နာဘီ နှင့် ဒေါ်ရန် (၁၉၈၃ ၊ မတစ ၊ စာ - ၆၉ )
-------
ချေလွှာတင်ရန်ပျက်ကွက်သည်ကို အမှုမစစ်ဆေးဘဲ ဒီကရီချမှတ်ခွင့်မရှိခြင်း။
-----------------------------
ဒုတိယအချက်မှာ ချေလွှာတင်ရန်ပျက်ကွက်ခြင်းကြောင့် ဒီကရီချမှတ်ပေးခြင်း ဖြစ် သည်။
ချေလွှာတင်ရန် ပျက်ကွက်ရုံမျှဖြင့် တရားလိုစွဲဆိုသည့်အမှုကို တစ်ဖက်သတ် ဒီကရီမချပေးနိုင်ပေ။ တရားပြိုင်သည် ချေလွှာတင်ရန် ပျက် ကွက်ပါက တရားရုံး သည် ချေလွှာတင်ရန်ပျက်ကွက်ကြောင်း မှတ်တမ်းတင်ပြီး အမှုကို ဆက်လက်ဆောင်ရွက် ရန်သာရှိသည် ။
ဒေါ်သန်းတင် ပါ - ၂ နှင့်
ဦးချန်ဘွန်ရှောင် ပါ -၂
့ (၁၉၇၉ ၊ မတစ ၊ စာ - ၁၀၆ )
ဤအမှုတွင် တရားလိုကိုမစစ်ဆေးဘဲ တစ်ဖက်သတ်ဒီကရီချထားကြောင်းတွေ့ ရသည်။
တရားပြိုင် က ချေလွှာမတင်သည့်အတွက် တရားလို၏အဆိုလွှာပါ စွပ်စွဲချက်များကို တရားပြိုင်က၀န်ခံသည်ဟု မယူဆနိုင်ပေ။
ထို့ကြောင့် တရားလိုက ၎င်း၏စွပ်စွဲချက်ကို ထင်ရှားအောင်သက်သေပြသရမည်ဖြစ်သည်။
သို့ဖြစ်၍ မူလတရားရုံးက တရားလိုဘက်ကို မစစ်ဆေးဘဲ ဒီကရီချမှတ်ပေး ခဲ့ခြင်းမှာ ဥပဒေအရ မှားယွင်းပေသည် ။
ဒေါ်သန်းတင် ပါ - ၂ နှင့် ဦးချန်ဘွန်ရှောင်ပါ -၂
့ ( ၁၉၇၉ ၊ မတစ ၊ စာ - ၁၀၆ )
---------
ချေလွှာတင်ရန်နေ့တွင် “ တရားလို ” ရုံးချိန်းပျက်ကွက်ခြင်း။
------------------------------
့“ကြားနာသည်”ဟူသောစကားရပ်က တရားရုံးရှေ့တွင်ကြားနာရမည့်သူတစ်ဦးရှိကြောင်းကို ရည်ညွှန်းသည်။
သို့ဖြစ်ရာ ကြားနာသည်ဆိုခြင်းတွင် သက်သေခံ ချက်များကို ရယူခြင်း၊ လျှောက် လဲချက် များကြားနာခြင်းစသည်တို့ အကျုံးဝင် သည်။ ချေလွှာတင်သည့်ကိစ္စတွင် လက်ခံရန် ကိစ္စသာပါဝင်၍ ကြားနာသည့်ကိစ္စ အကျုံးမ၀င်ကြောင်း ယုံမှား ဖွယ်မရှိချေ။ သို့ဖြစ်ရာ ချေပလွှာတင်ရန်သတ်မှတ်
သောနေ့ သည် အမှုကိုကြားနာရန် ချိန်းဆိုသောနေ့ မဖြစ်နိုင်ချေ ။ထို့ကြောင့် တိုင်းတရားရုံးက ချေလွှာတင်ရန်သတ်မှတ်သောနေ့တွင် တရားလိုဘက်မှ ရက်ချိန်းပျက်ကွက် သည်ကို အကြောင်းပြုပြီး တရားလိုစွဲဆိုသောအမှုကို တရားမကျင့်ထုံးဥပဒေ အမိန့် - ၉ ၊
နည်း - ၈ အရ ပလပ်ခြင်း မပြုနိုင်ပေ ။
ဦးစိန်လှိုင်နှင့် ဦးမောင်မောင်အေး ပါ -၂
့ (၁၉၈၆ ၊ မတစ ၊ စာ - ၁၃၇ )
အမှတ်(၁)တရားပြိုင်သည် ချေလွှာပင် မတင်သွင်းရသေးသဖြင့် အမှုသည်ကြား နာရန် အဆင့်သို့ မရောက် သေးပေ။ တရားမကျင့်ထုံးဥပဒေ အမိန့် ၉ အရ ကြားနာရန် ဆိုသော စကားသည် ပထမအကြိမ် အမှုကြားနာသည့်နေ့ကို ဆိုလို သည်။ ပထမအကြိမ် အမှုကြားနာသည့်နေ့သည် ငြင်းချက်ထုတ်သည့်နေ့ဖြစ် သည်။
ဦးစိန်လွင် နှင့် ဦးအေးသန်း ပါ - ၎
့ ( ၂၀၀၂ ၊ မတစ၊ စာ - ၃၂၃)
-----
ချေလွှာတင်ရန်နေ့တွင် “ တရားလို ” ရုံးချိန်းပျက်ကွက်လျှင်ဆောင်ရွက်ရန် နည်းလမ်း။
-------------------------
တရားရုံးက ဆောင်ရွက်ရန်နည်းလမ်းမှာ တရားပြိုင်၏ချေလွှာကိုလက်ခံပြီး တရားပြိုင် က ချေလွှာတွင် တရားလို၏တောင်းဆိုချက်တစ်ရပ်လုံးကို ၀န်ခံကြောင်းတွေ့ရှိရပါက ၀န်ခံထားသည့်အတိုင်းဒီကရီချမှတ်ပေးရန် ဖြစ်သည်။ တရားလို၏တောင်းဆိုချက် ကိုငြင်းကွယ်လျှင်ဖြစ်စေ တစ်စိတ်တစ်ဒေသကိုသာ ၀န်ခံလျှင်ဖြစ်စေ၊ ငြင်းချက် ထုတ်ရန်ရက်ချိန်းသတ်မှတ်ပေးရမည်။ ယင်းရက် ချိန်းနေ့တွင် တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်ပါက အမှုကို
တရားမ ကျင့်ထုံး ဥပဒေ အမိန့် - ၉ ၊ နည်း - ၈အရ ပလပ်နိုင်သည် ။ သို့တည်းမဟုတ် တရားပြိုင်က ၀န်ခံသည့်အတိုင်းအတာ အထိ ဒီကရီချမှတ်ပြီးဝန်ခံခြင်းမပြုသည့် တောင်းဆိုချက်ကို ပလပ် ရန် ဖြစ်သည် ။
ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေး ပါ -၂
့ (၁၉၈၆ ၊ မတစ ၊ စာ - ၁၃၇ )
---------
ချေလွှာတင်ရန်ပျက်ကွက်သော တရားပြိုင်၏ အခွင့်အရေး ။
------------------------------
တရားမမှုတစ်မှုတွင် တရားပြိုင်သည်ချေလွှာတင်သွင်းရန်ပျက်ကွက်သဖြင့် တရားရုံး ကချေလွှာတင်သွင်းခွင့် မပြုတော့လျှင် ယင်းတရားပြိုင်အနေဖြင့် အမှုတွင် ခုခံချေပခွင့် ဆုံးရှုံးရမည်သာဖြစ်သည်။ ချေလွှာတင်ခွင့် မရသော တရားပြိုင်အား သက်သေပြခွင့်ပေး လျှင် ချေလွှာတင်သွင်းရန် ပျက်ကွက် သည့်အတွက် ပြစ်ဒဏ်ခတ်ခြင်းမှာ အချည်း အနှီးဖြစ်ပေလိမ့် မည်။ ထို့ကြောင့် တိုင်းတရားရုံးက အယူခံတရားလို ဦးတင်ထွန်း နှင့် သက်သေများအား စစ်ဆေးခြင်းမှာ မှားယွင်းသည်။ တရားပြိုင်ကချေလွှာတင်ရန် ပျက်ကွက်သော အမှုကိုစစ်ဆေးရာတွင် တရားလိုနှင့် သက်သေများအားစစ်ဆေး
သည့်နေ့၌ တရားပြိုင် သို့မဟုတ် ၎င်း၏ရှေ့နေလာရောက်လျှင် တရားလိုနှင့် တရားလိုပြ သက်သေများအား ပြန်လှန် စစ်မေးခွင့်ရှိသည်။ တရားလိုဘက်ကို စစ်ဆေးပြီး စီးသောအခါ အပြီးသတ်လျှောက်လဲချက်ကို ကြားနာရမည်ဖြစ်သည်။ တရားပြိုင် ဘက်မှ တရားလို၏အဆို၊ တရားလိုနှင့်သက်သေ များတို့၏ထွက်ချက်များ၊ တရားလိုဘက်မှတင်ပြသော စာရွက် စာတမ်းများအပေါ် အခြေခံ၍ တရားလိုစွဲဆို သည့်အတိုင်း ဒီကရီမရထိုက်ကြောင်း တင်ပြလျှောက်ထားခွင့်ရှိသည်။
ဦးတင်ထွန်း နှင့် ဦးစိန်ဝင်း ပါ -၂
့( ၁၉၈၆ ၊ မတစ ၊ ၁၄၃ (၁၄၇ )
-------
နောက်ထပ်ချေလွှာ (သို့) ပြန်လွှာ။
------------------------------
တရားမကျင့်ထုံးဥပဒေ အမိန့် - ၈ ၊
နည်း - ၉ ၌ တင်သွင်းပြီးချေလွှာအပြင် ခုနှိမ်သည့် ကိစ္စရပ်မှ လွဲ၍ တရားပြိုင်သည် တရားရုံးကခွင့်ပြုသည့်အခါမှတပါး နောက်ထပ်
ချေလွှာ တင်ခွင့်မရှိကြောင်း ပြဌာန်းထားသည်။ ထို့ပြင် တရားရုံးသည် မည်သည့် အချိန်အခါမဆို မည်သည့်အမှုသည်ထံမှဖြစ်စေ၊ ဖြည့်စွက်ချေလွှာတောင်းဆိုနိုင်
ကြောင်း ကိုလည်း ထည့်သွင်းပြဌာန်းထားသည်။ တရားရုံး ကထိုသို့တောင်းဆိုခဲ့သည်ကို သက်ဆိုင်ရာအမှုသည်က လိုက်နာခြင်း မရှိသည့် အခါမျိုးမှသာ တရားမကျင့်ထုံးဥပဒေ အမိန့် - ၈၊
နည်း - ၁၀ ကို ကျင့်သုံးရသည်။
ဦးတင်မြင့် နှင့် ဒေါ်သန်းမြ
့ ( ၁၉၇၉ ၊ မတစ ၊ စာ - ၄၄)
တရားရုံးက တရားလိုကိုဖြစ်စေ၊ တရားပြိုင်ကိုဖြစ်စေ၊ ချေလွှာတင်သွင်းရမည်ဟု အမိန့်ချမှတ် ပါလျက်နှင့် ပျက်ကွက်မှသာ
နည်းဥပဒေ - ၁၀ အရ အရေးယူဆောင် ရွက်နိုင်မည်ဖြစ်သည်။
ယခုအမှုတွင် မူလတရားရုံးက တရားပြိုင်အားချေလွှာတင်ရန် ညွှန်ကြားခဲ့ခြင်း မဟုတ်ပေ။ တရားပြိုင်ကချေလွှာတင်ရန် ရက်ချိန်းတောင်းပြီး ချိန်းရက် တွင် ချေလွှာတင်ရန် ပျက် ကွက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မူလတရားရုံးက နည်းဥပဒေ - ၁၀ အရ ဆောင်ရွက်ခြင်း မှာ မှားယွင်းသည်။
ဒေါ်သန်းတင် ပါ - ၂ နှင့် ဦးချန်ဘွန်ရှောင် ပါ - ၂( ၁၉၇၉ ၊ မတစ ၊ စာ - ၁၀၆ )
နည်း ၁၀ တွင် ရည်ညွှန်းသော ချေလွှာတင်ရန် ဆင့်ဆိုခြင်းခံရသည့် အမှုသည် တစ်ဦးဦး ဆိုသည်မှာ
နည်း ၉ အရဆင့်ဆိုခြင်းခံရသော တရားလို သို့မဟုတ် တရားပြိုင်ဖြစ်သည်။
သို့ဖြစ်၍ တရားရုံးက သတ်မှတ်ပေးသောနေ့တွင်
နည်း ၁ အရ ချေလွှာတင်ရန် ပျက်ကွက်လျှင် တရားရုံးသည် ၄င်းအပေါ် နည်း ၁၀ အရ ၄င်းအား အရှုံးပေးသော စီရင်ချက် ချမှတ်နိုင်မည် မဟုတ်ပေ။
အမိန့် ၈ ၊ နည်း ၉ အရ ဆင့် ဆိုသော ချေလွှာကိုတင်သွင်းရန် ပျက်ကွက်မှသာ တရားရုံးသည် ပျက်ကွက်သည့် အမှုသည်အပေါ် နည်း ၁၀ အရ စီရင်ချက်ချမှတ်နိုင်မည်ဖြစ် သည်။
Myanmar C.P Marketing Co.Ltd နှင့် Mirari Japan Co.Ltd ( ၂၀၁၁၊ မတစ ၊ စာ - ၁၆၅)
----
ညွှန်ကြားချက် နှင့် အမှာစာများ။
------------------------------
့( ၇ - ၁၂ - ၈၈ ) နေ့စွဲပါ
တရားရုံးချုပ်၏ အမှာစာ အမှတ် -
၁၁၇ / စု - ၁၉ / ၁၃ (ထွေ) ၈၈။
၂ (၁) (ဆ) ချေလွှာတင်ရန်ပျက်ကွက်သဖြင့် တရားပြိုင်သည် သက်သေပြ ခွင့် မရှိ ၊ သို့သော် တစ်ဖက် သက်သေကို ပြန်လှန်စစ်မေးခွင့် ၊ လျှောက်လဲ ခွင့်များရှိကြောင်း သတိပြုရန် ၊
၂ (၁) (ဆ) - အဆိုလွှာ။ချေလွှာအပြင် ပြန်လွှာဆိုတာ မရှိဟု
ယူဆချက် သည်မမှန်ပါ၊ အချို့သောချေလွှာပါဖော်ပြချက်များအရ ပြန်လွှာတောင်းရန်လိုမည်။ ချေလွှာကို အသေ အချာဖတ်ရှု၍ ပြန်လွှာလို၊ မလိုဆုံးဖြတ်ပြီးဆောင်ရွက်ပါ။ ကိစ္စတိုင်းတွင်ပြန်လွှာတောင်း ရန်လည်းမဟုတ်ပါ ။ အမိန့် - ၈၊
နည်း - ၁ အရ ပျက်ကွက်လျှင်
နည်း - ၁၀ ဖြင့်ဆောင်ရွက်ရန် မဟုတ်ပါ။ အမိန့် - ၈၊ နည်း - ၉ အရ ပျက်ကွက်မှသာ နည်း -၁၀ အရဆောင်ရွက်ရန်ဖြစ်သည် ။
့ ( ၉ - ၁၁ - ၂၀၀၀ ) နေ့စွဲ ပါ တရားရုံးချုပ်၏ ညွှန်ကြားချက်အမှတ်
့ ၅ /၂၀၀၀ ။
လုံလောက်သောအကြောင်းမရှိဘဲ တရားပြိုင်ကချေလွှာတင်ရန်ပျက်ကွက်ကြောင်းတွေ့ရလျှင် ထိုသို့ပျက်ကွက်ကြောင်းမှတ်တမ်းတင်၍ အမှုကို စစ်ဆေးရန် ချိန်းဆိုရမည် ။
credit//
ဆရာTun Myo Htay
(26 January 2014)
ထပ်ဆင့် ထောက်ခံ ဆွေးနွေးကြသူများ။
Cydia Rose
ကာလစည်းကမ်းသက်က၁ရက်ကျော်နေရင်အမှု့ကိုလက်ခံပါသလား။မသိလို့ပါ
Khin Zawoo
ဆရာထွန်းကိုဘယ်လိုချီးကျူးရမလည်းအရမ်းတော်တယ်။ ဥပဒေပညာတွေကိုရှာဖွေလေ့လာ မှတ်သားအား ကောင်းတဲ့ ဥပဒေပညာရှင်တစ်ယောက်ပါပဲ။
Kyi Soe
မြန်မာပြည် ရဲ့ အနာ ဂတ်အတွက်ဆရာ
လို ဥပ ဒေပညာ ရှင် တစ်ဦး ပေါ်ထွက်
လာတာ အလွန်ဝမ်းသာ ဂုဏ်ယူစရာ
ပါfriဖြစ် ခွင့် ရတာကို လည်းဂုဏ်ယူ
ပါတယ်ဆရာထွန်း
No comments:
Post a Comment