Wednesday, July 29, 2015

အမေစုထံ ပေးစာ (ဦးအေးမြင့်)

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား 

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။
ယခုစာရေးချိန် ထိ လေးစားလျက်ပါ။
အောက်ပါမေးခွန်းများကို
သေသေချာချာ စဉ်းစားပြီး ဖြေစေလိုပါတယ်။
၁။ ။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့
မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။
၂။ ။ VOA, RFA, BBC, DVB အသံလွှင့်ဌာနများက
ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို
မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို
ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။
၃။ ။ ဒေါ်စုအနေနဲ့
ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး
ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။
၎။ ။ လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို
အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက် ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား
့(ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်ပါတယ်)
့၅။ ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊
၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊
တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင်
့(ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ
ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ
တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။
၆။ ။ ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို
ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။
မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။
၇ ။ ။ မြင့်သောနေရာမှနေသော ဒေါ်စုက
အခြားနိုင်ငံရေးသမားများကို စတင် ဖိတ်ခေါ် ဆွေးနွေးရမည့်အစား
ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည်
နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
။*** ဦးအေးမြင့် (လမ်းပြကြယ်) ***                   ဟူ၍ဖြစ်သည်။
ယခုအခါတွင် မိန့်ခွန်းပြောဆိုချိန်တိုင်းမှာ
့     ကျွန်မကို မေးခွန်းတွေမေးပါ
      မေးခွန်းမေးမှ ဖြေလို့ရမှာပါ"     ဟု အသံကောင်းဟစ်နေသော်လည်း
ထိုစဉ်က မေးထားသော မေးခွန်းများကိုတော့ လုံးဝ လုံးဝ ဖြေကြားခဲ့ခြင်းမရှိပေ။
အထူးသဖြင့် မေးခွန်း (၅၅) ခု အား မေးမြန်းထားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယနေ့အချိန်ထိ ဖြေဆိုနိုင်စွမ်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်ကို
မိသားစုသံယောဇဉ်ကို    စွန့်လွှတ်သူအဖြစ် ၎င်းအားထောက်ခံသူများမှ ကြံဖန်ချီးကျူးကြသော်လည်း
၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့မှ မွေးဖွားသော သားအငယ်ဖြစ်သူ အကြိမ်ကြိမ် လာရောက်တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကြီးမှလည်း သားအငယ်၏ မိသားစုရှိရာ ဗြိတိန်နိုင်ငံသို့လည်းကောင်း၊
သားအကြီးရှိရာအမေရိကန်နိုင်ငံသို့လည်းကောင်း၊
လင်ယောင်္ကျားဖြစ်သူ မိုက်ကယ်အဲရစ် ၏ အုပ်ဂူသို့လည်းကောင်း
၂ ကြိမ်တိတိ သွားရောက်ခဲ့သည်။
ထူးဆန်းသည်မှာ မြန်မာ သမ္မတလုပ်မည်ဟု ကြွေးကြာ် ထားသူ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်လုံး နှင့် မြေးများမှာ
မြန်မာစကား လုံးဝ နားမလည်၊ မပြောတတ်ကြပေ။
၂ နှစ်အတွင်း သား၊ ချွေးမ၊ မြေးများနှင့် အကြိမ်ကြိမ် ဖုန်းဆက်စကားပြောခြင်း၊ အင်တာနက်ပေါ်တွင် တွေ့ဆုံခြင်း အကြိမ်ကြိမ်ရှိခဲ့သော်လည်း မိသားစုချင်းပြောဆိုသည့် စကားများမှာ မြန်မာစကားမဟုတ်ချေ။
၂၀၁၀ ခုနှစ် နှစ်ကုန်တွင် ကမ္ဘာ တစ်ခုလုံးသို့ ထိတ်လှန့်တုန်လှုပ်စေသည့် ဝီကီလိခ် ပြဿ နာ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကိုလည်း များစွာထိခိုက်စေခဲ့သည်။
NLD မှ သက်ကျားအိုများကို့"အန်ကယ်ကြီးများ" ဟူ၍
အမေရိကန် သံအရာရှိမှ လှောင်ပြောင်ပြောဆိုမှုများ ရှိခဲ့ပြီး
အဆိုးဆုံးမှာ
့မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ ပြီးဆုံးသွားပြီ့ဟု အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အမေရိကန် အရာရှိများကို ပြောဆိုကြောင်း ကို ၀ီကီလိစ်က ဖော်ထုတ်လိုက်ခြင်းပင်ဖြစ်သည်။
သို့သော် ဝီကီလိစ်ခ်၏ ဖွင့်ချချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ မိမိကိုယ်တိုင်လည်း ခုခံချေပနိုင်ခြင်းမရှိခဲ့သလို
အပြောခံရသူ သက်ကြားအိုများအတွက်လည်း ခုခံပြောဆိုနိုင်စွမ်းမရှိခဲ့ခြေ။

မူရင်း// post
https://m.facebook.com/story.php?story_fbid=1599332730311758&id=100007051394891&refid=17&_ft_=top_level_post_id.1568600780067920&__tn__=C

No comments:

Post a Comment