Wednesday, July 29, 2015

တပ်တွင်းအကြောင်း သိကောင်းစရာ

ဒီထဲက အချက်တွေ မဟုတ်ပါဘူးဆိုရင် မဟုတ်တဲ့အကြောင်း ချက်ကျလက်ကျပြောကြပါ။
................................................
မနေ့ညက BGF ယူနီဖောင်းနဲ့ တပ်ယူနီဖောင်း ယှဉ်ပြတဲ့ပိုစ့်တခုမှာ တယောက်က ဝင်မန့်တယ်။
" FB ပေါ်တက်အာနေမယ့်အစား
တပ်ကို လူကြီးတွေ လာစစ်တုန်း တင်ပြလိုက်ပါလားတဲ့။ "
အာ့နဲ့ အောက်ကနေ ဒီခေးမ ပြန်မန့်သွားလိုက်တာ နန်းစတော့ပဲ။ သားဘာမှ မပြောဘူးနော်...
ဧဝံ မေ သုတံ ပါ။

့" တပ်ကို လာတုန်း ဘယ်သူက ပြောရဲမှာလဲ??
အလို တင်ပြဖို့ နေနေသာသာ စစ်ပြေး စာရင်းလိမ်ရတယ်။ တပ်ရင်းတစ်ရင်း အရန်ရိက္ခာ ဆန်အိတ် (၄၀) ရှိရမှာကို မရှိဘူး။

မရှိတော့.... နီးစပ်ရာ တပ် က အားလုံးပေါင်း ဆန်အိတ် (၄၀) ဖြည့်။ ဂိုထောင်ထဲ ထည့်။ လူကြီး လာစစ်တော့

ဟုတ်ကဲ့ အဘ
အရန်ဆန် အိတ် (၄၀) ရှိပါတယ်ပေါ့။
လူကြီးက စစ်ပြီး နေ့လည် ထမင်းစားနေတုန်း
တပ်ထဲက စစ်သည်တွေနဲ့ FAW ကားပေါ် အဲ့ ဆန်အိတ်တွေ တင်။
နောက် ရက် စစ်မဲ့ တပ်ကို အမြန်သွားပို့။

ဒါမျိုးကို အလျင်မှီ လုပ်နေရတာလေ။
တစ်သက်လုံး မဖြည့်လာတဲ့ စီးကော်တွေ ၊ မိစည်း တွေ စာအုပ်ပေါင်း သောင်းခြောက်ထောင်ကို ကောင်းပါတယ်၊ တိုးတက်ပါတယ် ဆိုပြီး လက်မှတ်တွေထိုး။
ဗဟိုကင်းမှာ မပြည့်တဲ့ ခဲယမ်းတွေ ချေးငှားပြီး အလိမ်ပြ။
မအောင်မြင်တဲ့ စိုက်မွေး တွေအတွက် ၀က်တွေ ၊ နွားတွေ ၊ ဆိတ်တွေ ၊ ရွာထဲက ငှား
တပ်ရင်းမွေးမြူရေး ခြံထဲ ထည့်....

လူတောင် ရေသောက်ဖို့ မရှိတဲ့ အ၇ပ်မှာ.... လူကြီးက ပန်းအိုးတွေနဲ့ စိမ်းလန်းစိုပြေနေတာ မြင်ချင်သေးတာ

အရပ်ထဲက ပျိုးဥယျာဉ်ခြံကနေ ပန်းအိုးတွေ အပင်တွေ ခန သွားငှား... ဗဟိုကင်းမှာ အပြထား....
ဝူးးးးးးးး မောထှာ.....

တစ်သက်လုံး ဘယ်သူမှ မဖတ်တဲ့ တပ်တွင်း စာကြည့်တိုက် အတွက် အရပ်ဖက် ကျောင်းတွေ စာကြည့်တိုက်တွေ စာအုပ်တွေ ငှား.... ဟန်ဆောင်ပန်ဆောင် ငှားတဲ့ စာရင်းအတုဖြည့်ဖို့ လယ်ဂျာ စာအုပ်ကြီးကို ပလပ်စတစ်ကာဗာကြီးအုပ်

အမှတ် ဘယ်လောက်
ခြေလျှင်၊ ခြေမြန်တပ်ရင်း တပ်ရင်းစာကြည့်တိုက် ငှားယူမှု စာရင်း။

လက်ရေးက တစ်မျိုးတည်း၊ မှင်က တရောင်တည်း၊ လက်မှတ်က တောင်ထိုးမြောက်ထိုး။

ကီးမိုးနဲ့ ပါရာစီတမော့တောင် မရှိတဲ့ တပ်တွင်းဆေးခန်းကြီးဟာလဲ ပန်းအိုးတွေ စီ ၊ ထုံးတွေသုတ်၊ ဆေးတွေသုတ် နဲ့။
ခနခန တပ်မှာမနေချင်လို့ ထွက်ပြေးနေတဲ့ သားဖွားဆရာမ ကို ကြံရည်လေးဘာလေးတိုက်ပြီး ချော့မော့ခေါ်

အဖျားတိုင်းတာလေးနဲ့
ဂွမ်းထုပ်လေး ၂ ဖတ်လောက်နဲ့။
့"ငှက်ဖျားကင်းစင် ပြုံးပျော်ရွှင်၊ ကျန်းမာရွှင်လန်း ဂွေးတန်းလန်း"ဆိုတဲ့ ဆောင်ပုဒ်လေးတွေ နံရံမှာ ကပ်လို့ပေါ့။

ဂျမ်းတုံးခုပြီး ဆီထုတ်စားနေတဲ့ မော်တော်ယဉ်ဌာနကြီးကလဲ
အပြင် ၀ပ်ေ၇ှာ့က ဆရာတွေ ခေါ်ပြီး လက်ပူတိုက်ထားတဲ့ ကားလေး ဟိုနားမောင်းပြ ဒီနားမောင်းပြ

ဘာပစ္စည်းမှ ၀ယ်လို့မရတဲ့ တပ်တွင်းသက်သာဆိုင်၊ အရက်တစ်မျိုးသာ သီးသန့် အကြွေးနဲ့ ရောင်းတဲ့ တပ်ရင်းသက်သာဆိုင်ကြီးကလဲ  ဈေးထဲက ကုန်စုံဆိုင်ကနေ ခန ငှားထားတဲ့ ကုန်ခြောက်တွေ နဲ့ လက်ဖက်ထုတ်တွေ ကော်ဖီမစ် ထုတ်တွေ ဝေေ၀ ဆာဆာ နဲ့
Gold Rost သောက်ပြီး
ရင်တွေ ဘာတွေ ခုန်နေတာပေါ့။

ရဲမေတွေလား ဖုတ်လိုက် ဖုတ်လိုက်ပဲ တပ်၇င်း စီမံချက်၊ လက်နက်ကြီး ပစ်ကူ စီမံချက် တွေအောက်မှာ ယူနီဖောင်းအသစ်ကြီးတွေနဲ့ စစ်ရေးတွေပြလို့။
ဟိုနားကျားတက်ထိုး၊
ဒီနား ကျားတက်ထိုးပဲ။

လာစစ်တဲ့ လူကြီးဆိုတဲ့ သူလား။
ဒေသထွက်ကုန်မဟုတ်ပဲ ရေခဲဗူးနဲ့ မှာထားတဲ့ စားကောင်းသောက်ဖွယ်တွေစား။ ။

သိသင့်တာပေါ့
သူစားဖို့ အတွက် ဘယ်လောက် ခက်ခက်ခဲခဲ ဒီဒေသကို ရောက်အောင် သယ်လာရလဲ ဆိုတာ...၊

မြေပုံထောက်နေတုန်း ခူး ခေါ နဲ့ ထိုင်ခုန်မှာ မိန့်မိန့်ကြီး အိပ်ငိုက်။

သူ့ဟာသူ လန့်နိုး...
အရှက်ပြေ တွေ့ရာ မြေပုံကားချပ်ကို ဟိုမေးဒီမေး။
မြေပုံထောက်တဲ့ အ၇ာရှိလား

လည်တာပေါ့ လာစစ်တဲ့ လူကြီးအိပ်ပျော်နေတုန်း မြေပုံတွေ ကျော်ပစ်.တာ
နောက်မှာ ၂ ရွက်လားပဲ ကျန်တယ်။

အေးကွ... မင်းတို့ဆီ့ ပူတယ်.... ဘာပင်စိုက် ညာပင်စိုက် အမိန့်တွေပေး

လူတောင် ရေသောက်ဖို့မရှိဘူး.... ဘယ်က အပင်ကို ဘယ်လိုစိုက်ရမှာတုန်း.... တောမီးလောင်တာ လက်နက်တိုက် မကူးအောင်ပဲ မီးတား ဂါထာ ထိုင်ရွတ်နေရတာကို
ဒီ လူကြီး မသိတာလား..သိသိ နဲ့ပဲ မသိချင်ယောင် ဆောင်တာလား.... မမေးရဲဘူး.....
ဘယ်လာပြီး လိုအပ်ချက်တွေ တင်ပြရဲမလဲရှင်.... အဆင်ပြေပြေ ချောချောမွေ့မွေ့ နဲ့ အေးကောင်းတယ်.... မဆိုးဘူး ဆိုတဲ့ မှတ်ချက်လေးပေး...
အမြန်ဆုံး ဒီအရပ်ဒေသကနေ ပေးတဲ့ လက်ဆောင်တွေယူပြီး ပြုံးပြုံးရွှင်ရွှင် နဲ့ ဒီလူကြီးထွက်သွားဖို့ပဲ အားလုံးက စိတ်ထဲမှ ဆုတောင်းနေကြတာကလား........
ကျန်သေးတယ် လူပျို ရိပ်သာတွေ ၊ စားရိပ်သာတွေ ဘယ်လို လိမ်ရ ပတ်ရ လဲဆိုတာ.... တပ်ရင်းတစ်ရင်းလုံး အကုန်ပတ်လိမ်နေရတာ.... ကျွန်မတို့ တပ်မှ မဟုတ်ဘူး....ဘေးတပ်ရင်းတွေလဲ အလိုပဲ လိမ်နေရတာ.....
ဒီလောက် မျက်ကလူးဆန်ပြာ လိမ်နေရတာကို ယူနီဖောင်းလဲပေးပါ။ Equipment လဲပေးပါ သွားပြောရင်

ဟို အခြောက်ကားထဲ ခင်လှိုင်ပြောသလို.
အခြောက်မတွေ ဆိုတာလေ..
ပါးတွေ ပါးတွေချည်းရိုက်တာ...
သွားတွေ သွားတွေ ချည်း ကျွတ်တယ်ဆိုတာလေမျိုး ဖြစ်ကုန်မှာပေါ့။

အဲ့တော့ တချို့ကလဲ ပိုပိုကဲကဲပေါ့နော် ဂုဏ်ယူပြီး ပြောတတ်ကြတယ်.... တပ်က လာတာကွ အကုန်လုပ်တတ်တယ်။ မတတ်ဘူးဆိုတာ မရှိဘူး....။ ဘာညာပေါ့

နောက်တမျိုး
Administration ပိုင်တယ် တပ်မတော်က နှစ်ပေါင်းများစွာ Train ပေးလိုက်တာ ဘာညာပေါ့... မှန်သင့်သလောက် မှန်ပါတယ်....
သို့သော် အပြုသဘောဆောင်ပြီး ပကတိ အမှန်တရားအတိုင်း ပြောရရင်... အလုပ်တစ်ခုကို ပီပြင်တာ မပီပြင်တာထက်။
လူမြင်ကောင်းအောင် ဖုံးဖုံးဖိဖိ လုပ်တတ် သွားတယ်။
ဖြစ်စဉ် တစ်ခုကို ယုံလောက်အောင် ဖောတတ် သွားတယ်။ ရွှီးတတ်သွားတယ်။

အလုပ်တစ်ခုကို အောင်မြင်တာ မအောင်မြင်တာထက် အချိန်မှီ ပြီးစီးတယ်ဆိုတဲ့ မှတ်တမ်းထဲ ၀င်အောင် လုပ်တတ်သွားတယ်။
ဒါတွေဟာ တချို့ကလဲ ရှက်လို့ လက်မခံချင်ကြပေမဲ့။
မည်သို့ပင် ဆိုစေကာမူ တပ်မတော်မှာ နေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေတဲ့ ပကတိ ဖြစ်နေတဲ့ အမှန်တရားတွေပဲ။

အမှန်တရားဆိုတာ တခါတရံမှာ နားခါးတတ်ပါတယ် ရှင်

De Nial Zawi's comment
Credit>>yoyar kyaw

Comments

Tin Moe Aung
ကျနော့်သူငယ်ချင်း စစ်ထွက် ဗိုလ်ကြီးပြောတဲ့အတိုင်းပဲ ကွက်တိ ... တကယ်လေးစားတယ် ပြောသွားတာတွေ ..... ။

Zaw Lwin
ဒါတင်ဘယ်ကမလဲ
ကျတော်တွေခဲ့တဲ့တပ်မှာတော့
၂ဝ၁ဝရွေးကေါက်ပွဲမှာဆိုတပ်ထဲမှာလဲမဲပေးပြီးသား။
နောက်ပြီးရွာသားတွေနဲ့အတူ
နောက်တခါထည့်ပြန်တယ်။
တပ်ထဲမှာထည့်တော့လဲမဲရုံထဲကို
ဒီဘက်ပေါက်ဝင်ပြီးဟိုဘက်ပေါက်ကပြန်ထွက်လာရတာလို့ရဲမေတွေပြောပြတယ်။

ဧရာဝတီ ရဲကျော်
အမှန်တရားတွေပါ။
ဖွတ်တွေအုပ်ချုပ်နေသမျှ ဒီလိုဖွတ်ဇတ်လမ်း
တွေကတော့ဆုံးမှာမဟုတ်ပါဘူး။

Ko Htein Win
တပ်မတော်သားတွေ ၂၀၁၅ မှာ မညံကြပါနဲ့တော့။

credit//   Naung Kyaw

post
https://m.facebook.com/story.php?story_fbid=447885315390218&id=100005062604820&refid=17&_ft_=top_level_post_id.1594818427446155&__tn__=C

No comments:

Post a Comment