Sunday, July 26, 2015

အဖေ နှင့် သား/သမီးများ

ဖအေနှင့်သားသမီးများ
-----------------------
ယခုတင်ပြမည့်ပြသနာသည် စီရင်ထုံးမထွက်ဘူးသေးဟု
မှတ်ယူမိပါသည်။
အကယ်၍စီရင်ထုံး
တစ်စုံတစ်ရာတွင်
ယခုပြသနာကိုတိုက်ရိုက်
တွေ့ ရှိထားသည်ရှိသော်
ကူညီတင်ပြပေးစေလိုပါသည်။

ဗမာ ၊ ဗုဒ္ဓဘာသာ A နှင် B
တို့  သည်လင်မယားဖြစ်ခဲ့ကြပြီး
သားသမီးများထွန်းကားထားသည်။
A နှင် B တို့ သည်နှစ်ဦးသဘောတူ အကြင်လင်မယားအဖြစ်မှ
တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြသည်။

ယင်းသို့ ကွာရှင်းပြတ်စဲပြီးနောက်
A နှင် B တို့ သည်ပစ္စည်းများမခွဲဝေရသေးမီ
ဇနီးဖြစ်သူ B ကွယ်လွန်ခဲ့သည်။.
အဆိုပါပစ္စည်းများသည် A နှင် B အတူတကွပေါင်းသင်းနေထိုင်စဉ်
ဖြစ်ထွန်းခဲ့သော လက်ထက်ပွားပစ္စည်းများဖြစ်ပြီး
သားသမီးများ၏ လက်ဝယ်တွင်ရှိသည်။

ဇနီးဖြစ်သူ B ကွယ်လွန်ပြီးနောက်
A အနေဖြင့်အဆိုပါပစ္စည်းများနှင့်ပက်သက်၍
လက်ဝယ်ရှိသူ သားသမီးများအပေါ်
တရားစွဲရန် အကြောင်းပေါ် ပေါက်လာသည်။

ထိုအခါ
ဖခင်နှင့် သားသမီးများ တရားတဘောင်ဖြစ်ကြပေတော့မည်။
တရားလို ဖခင် A က တရားပြိုင် သားသမီးများအပေါ်
မည်သည့် အမှု ပုံစံ ဖြင့်စွဲ ဆိုရမည်ကို စဉ်းစားရပေတော့မည်။

ဒီလိုစဉ်းစားခဲ့သည်။
အဆိုပါပစ္စည်းများသည် A နှင် B အတူတကွပေါင်းသင်းနေထိုင်စဉ်
ဖြစ်ထွန်းခဲ့သော လက်ထက်ပွားပစ္စည်းများဖြစ်သဖြင့်
A နှင် Bကွာရှင်းပြီးနောက်တွင်
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ
တရားလို ဖခင် A က
ယင်းပစ္စည်းများ၏ထက်ဝက်ကို
လည်းကောင်း
ဇနီးဖြစ်သူBကကျန်ထက်ဝက်ကို
လည်းကောင်း
အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

မိခင် B ကွယ်လွန်သောအခါ ၄င်း၏သားသမီးတရားပြိုင်များက
မိခင်၏အစုကို အမွေဆက်ခံရရှိပါသည်။
ဒါ့ကြောင့်
ဖခင် က သားသမီးများ အပေါ်
့"""ပစ္စည်းခွဲဝေပေးစေလိုမှု""
စွဲဆို ခဲ့ပါသည်။
အချို့ သော ဆရာများက
့"""အမွေပုံစီမံခန့် ခွဲပေးစေလိုမှု""
စွဲဆိုရမည်ဟု ဆိုသည်။
အမွေပုံစီမံခန့် ခွဲပေးစေလိုမှု"တွင်
ပထမအဆင့်တွင် စဉ်းစားရမည့်အချက်မှာ
တရားလိုသည် အမွေခံ ဟုတ်မဟုတ်ပင်ဖြစ်သည်။

ကွယ်လွန်သူ B၏ အမွေကို ဆက်ခံထိုက်သူ မှာ
A မဟုတ်ပေ။
ထို့ ကြောင့်
အမွေပုံစီမံခန့် ခွဲပေးစေလိုမှုစွဲ ဆိုရန် ဆုံးဖြတ် ချက် မချခဲ့ပါ။

A နှင် B အတူတကွပေါင်းသင်းနေထိုင်စဉ်
ဖြစ်ထွန်းခဲ့သော လက်ထက်ပွားပစ္စည်းများဖြစ်သဖြင့်
A နှင် B တို့ ကွာရှင်းပြီးနောက်
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားလို ဖခင် A က
ယင်းပစ္စည်းများ၏ထက်ဝက်ကို
လည်းကောင်း
မိခင် B ကွယ်လွန်သောအခါ ၄င်း၏သားသမီးတရားပြိုင်များက
မိခင်၏အစုယင်းပစ္စည်းများ၏ထက်ဝက်ကိုလည်းကောင်း
အမွေဆက်ခံရရှိသည့်အတွက်ကြောင့်
လည်းကောင်း
အဆိုပါပစ္စည်းများအပေါ်တွင်
ဖအေနှင့်သားသမီးများ ပူးတွဲပိုင်ဆိုင်လာကြသည်ဖြစ်ရာ
့"""ပစ္စည်းခွဲဝေပေးစေလိုမှု""
စွဲဆိုခဲ့ပါတော့သည်။

credit
ဆရာ လူဦးမင်း(ဥပဒေစကားဝိုင်း)

No comments:

Post a Comment