ကလေးသူငယ် ဘယ်လိုစစ်မလဲ
**********************
စစ်ဆေးနေကျ ကျင့်ထုံးပါနည်းတွေကို တရဝ တိုင်း အကျွမ်းဝင်ပြီးသားဖြစ်၍ ထမင်းစား ရေသောက် မျှဟု ပြောရမလား သိပြီးသားပြန်ပြီး မျက်စိ ညောင်းအောင် မရေးချင်တော့ပါ။ ကလေးသူငယ် မှုခင်းကိုဖြင့် တရဝတိုင်း စစ်ခွင့်မရှိဘဲ စီရင်ပိုင်ခွင့်အပ်နှင်းခြင်း တာဝန်သတ်မှတ်ထား
ပါသည်။ထို့ ကြောင့် ကလေးသူငယ် စစ်ဆေး နည်း တရဝ တိုင်း သိမည်မထင်ပါ။
အထူးသဖြင့် လူငယ် မျိုးဆက်သစ်များဖြစ်ပါသည်။
ကလေးသူငယ် မှုခင်းများတွင် ထောင်ဒဏ် တစ်သက် သို့ မဟုတ် သေဒဏ် အပြစ်ပေးနိုင်သော အမှုဖြစ်လျှင် ဝရမ်းမှုစစ်ဆေး နည်းအတိုင်း စစ်ဆေးရပါသည်။ အခြားမှုခင်းဖြစ်လျှင်
့(၁)သမ္မာန်မှု စစ်ဆေးနည်း
့(၂)အကျဉ်းနည်း
တစ်နည်းနည်းဖြင့် စစ်ဆေးနိုင်ပါသည်။
ပြစ်မှုပုံစံ၂၀ တွင် လိုအပ်သည့် အချက်များ ရေးဖြည့်ပြီး ကလေးသူငယ် တရားခံ အားပြစ်မှုပါ အကြောင်းအရာများကို နားလည်အောင်ရှင်းပြပြီး ဖြေရှင်းစေပါ။
ဝန်ခံလျှင် တန်းပြီးအပြစ်ပေးရုံပါ ငြင်းဆိုပါမှ နှစ်ဘက် ဆက်စစ်ရန်ဖြစ်ပါသည်။
ထောင်ဒဏ်တစ်သက် သို့ မဟုတ် သေဒဏ် ထိုက်သင့်သော ပြစ်မှုဖြင့် စွပ်စွဲခံရခြင်း မဟုတ်ဘဲ စွဲချက်တင် စစ်ဆေးနေသော တစ်ချို့ စီနီယာများရှိနေခဲ့ကြောင်း အံ့သြဖွယ် တွေ့ မြင်ဘူးပါသည်။
ပုတ်ခတ်လို၍ ကျနော် ပြောခြင်းမဟုတ်ပါ။
ကလေးသူငယ်မှု ခင်း နှင့်
ထိတွေ့ ခွင့် မကြုံးဘူး ပါက ဆိုင်ရာမှုခင်းမျိုးနှင့် ဆက်စပ်သည့် စာမဖတ်ဘူးပါက မည်မျှ အံချော်တတ်သည်ကို သတိထားသင့်သည်ဟု မြင်၍
တင်ပြခြင်း ဖြစ်ပါသည်။
ဆရာဦးမြ၏ သောင်းပြောင်း ၇၊
စာ ၇၆ ပါ ဆောင်းပါး အား ဂါရဝ ပြု တင်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
ထက်ကိုကို
credit//
ထက် ကိုကို
No comments:
Post a Comment