ဖော်ပြပါ အကြောင်းအရာများကို ပုံနှိပ်မီဒီယာတွင် ဖော်ပြမည်ဆိုပါက
ကျွှန်တော့်ကိုအသိပေး စေချင်ပါသည်.....ခင်ဗျာ.......
Facebook Account Disabled ဖြစ်ရခြင်း အကြောင်းရင်း
=====================
တစ်ခါတစ်ရံမှာ Facebook Account ကအလိုလိုနေရင်း Disabled ဖြစ်သွားတာ ကြုံဖူးကြမယ်ထင်တယ်။ Disabled ဖြစ်ရခြင်းကတော့ Facebook Policy တစ်ခုခုနဲ့ ငြိစွန်းတဲ့အတွက် Facebook မှ စာချစ်သူတို့၏ Facebook Accounts များကို Disabled လုပ်ပစ်ရခြင်းဖြစ်ပါတယ်။ Disabled ဖြစ်စေသော Facebook Policy များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Facebook Team မှ တားမြစ်ထားသော တားမြစ်ချက်များကို ပြုလုပ်သည့်အခါ Facebook Team မှ Warning သတိပေးပါသည်။ ထိုသို့သတိပေးသော်လည်း တားမြစ်ချက်များကို ထပ်ကာ ထပ်ကာ ကျူးလွန်မိခြင်း။ Facebook Team မှ စာချစ်သူများ၏ Facebook Account ကို Disabled မလုပ်ခင် Warning Messages သတိပေးစာများ ပေးပို့ပါသည်။ ထိုသို့သတိပေးစာများသည် မည်သည့်အတွက်ကြောင့် ပေးပို့သည်ကို သေချာစွာ ဖတ်ရူ့ပြီး နောက်နှောင် အလားတူ ဖြစ်စဉ်များ ထပ်မံ မကျူးလွန်ရန် လိုအပ်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် Warning Messages များ ပေးပို့ခြင်း မရှိဘဲ Disabled လုပ်ပစ်တာမျိုးလည်းရှိပါသည်။
၂။ အခြား Facebook Accounts များသို Tag အလွန်အမင်း တွဲခြင်း။
၃။ အမည်မှန်ဖြင့် မသုံးစွဲခြင်း။ Fake Account ဟု ယူဆလိုက ယူဆနိုင်ခြင်း။
၎။ Personal Data များ ရှေ့နောက် မညီခြင်း။ ခဏခဏ ပြောင်းလဲခြင်း။
၅။ Facebook Team မှ ခွင့်မပြုထားသော Post များ တင်ခြင်း။ ဥပမာ - Hate Speech , ခြိမ်းခြောက်စာများ ရေးသား ပေးပို့ခြင်း ၊ ညစ်ညမ်းသော စာများ ရေးတင်ခြင့်း (အင်္ဂလိပ်လို) မြန်မာလိုကတော့ Facebook Team ကလူများလည်း ဖတ်တတ်မယ် မထင်ပါဘူး ၊ အကြမ်းဖက်မှူ့များ ဖြစ်ပွားစေနိုင်သော လှူံ့ဆော်စာများ ၊ ပိုစတာများ ၊ အဓိပ္ပါယ်မရှိသော အကြောင်းအရာများ ရေးသားခြင်း စသည့်အကြောင်း အချက်များကြောင့်ဖြစ်သည်။
သို့သော် တစ်ခါတစ်ရံတွင် အထက်ဖော်ပြပါ အချက်များနှင့် ငြိစွန်းခြင်း မရှိဘဲ Facebook Team မှ မှားယွင်းပြီး Disabled လုပ်မိသည်လည်း ရှိတတ်ပါသည်။
ထိုအခါ အောက်ပါ Link မှတဆင့် Facebook Team သို့ မှားယွင်းပြီး Disabled လုပ်မိသည့်အကြောင်းကို အကြောင်းကြားစာ ပေးပို့နိုင်ပါသည်။
https://www.facebook.com/help/contact/260749603972907
အဆိုပါ Link တွင် ဖြည့်သွင်းရမည့် Form ပုံစံကတော့
၁။ Disabled အလုပ်ခံရသော Facebook Account ၏ Email Address
.
၂။ Facebook Team မှ ဆက်သွယ်နိုင်မည့် နောက်ထပ် Email တစ်ခု
.
၃။ Facebook အကောင့်အမည်။
.
၎။ Facebook Account တွင် ဖြည့်သွင်းခဲ့သော Date of birth မွေးနေ့။
.
၅။ Facebook Team မှ သတ်မှတ်ထားသော ID Types များထဲမှ တစ်ခုခု ပေးပို့ရမည်။
.
၆။ Additional info box တွင် မည်သည့် ရက် မည်သည့် အချိန်တွင် Account သည် Disabled ဖြစ်ခဲ့သည် ကိုရေးသား ဖော်ပြရမည်။ ထို့အပြင် မိမိ၏ Facebook Account Name and Real Name မတူညီခြင်း ၊ Facebook Account တွင် ဖြည့်သွင်းခဲ့သော မွေးနေ့နှင့် မိမိ၏ မွေးနေ့အမှန် မတူညီပါက မတူညီသည့် အကြောင်းအရာကို ပြည့်စုံစွာ ရေးသာဖော်ပြရမည် ဖြစ်သည်။ သီးခြား Facebook Account တွင် ဖြည့်သွင်းခဲ့သောအချက်အလက်များနှင့် မိမိ၏ အစစ်အမှန် အချက်အလက်များ ကွဲပြားမှူ့ရှိပါကလည်း ပြည့်စုံစွာ ရေးသာဖော်ပြ ရမည်။
.
သို့မှသာ Facebook Team မှ ပေးပို့သော အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးပြီး စာချစ်သူများ၏ Email Accounts များသို့ ပြန်လည်ဆက်သွယ်မည် ဖြစ်သည်။ ထိုအခါ Facebook Team မှ ပေးသော Password Reset Link ကို နှိပ်ပြီး Password ပြောင်းလဲပြီး မှ မိမိ အကောင့်ကို ပြန်လည်ရယူနိုင်ပါသည်။
Permanently Delete Facebook Account
======================
တစ်ခါတစ်ရံ ကျွှန်တော်တို့က Facebook Accounts တွေကို ဖျက်ချင်တဲ့ အခါလည်းရှိမှာပေါ့။
အဲ့လို ဖျက်ချင်ရင် ဘယ်လိုဖျက်ရသလဲဆိုတာ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
.
၁။ Facebook Account ကို Login ၀င်ပါ။
.
၂။ Facebook Account အား Delete မလုပ်ခင် လိုအပ်သော အချက်အလက်များကို Save လုပ်ထားပါ။ သို့မှသာ အကောင့် ဖျက်ပြီးသောအခါ မိမိလိုချင်သော အချက်အလက်များကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ Facebook Account တော့ Login ၀င်လို့မရတော့ပေ။
သို့သော် Download ချထားသော File ထဲမှ Links များအား နှိပ်ပြီး မိမိ၏ အချက်အလက်များ ဓာတ်ပုံများကို ပြန်လည်ရယူနိုင်ပါသည်။
.
Setting -> General -> Download a copy
.
၃။ Facebook Account ကို Delete လုပ်ရန်အတွက် အောက်ပါ Link ကိုဝင်ရောက်ပါ။
.
https://www.facebook.com/help/delete_account
.
၎။ Password and Captcha Code ကို ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါက သင်၏ Facebook Account အား Permanently Delete လုပ်ပါမည့်အကြောင်း Warning Message သတိပေး စာတန်း ပေါ်လာမည် ဖြစ်သည် OK နှိပ်လိုက်ပါက Facebook Account သည် Permanently Delete ဖြစ်သွားမည်။
.
Account Delete လုပ်ပြီး ချက်ချင်း ပျက်သွားသည်တော့မဟုတ်ပေ။ သို့သော် Deactivate ပုံစံမျိုးတော့ ချက်ချင်းဖြစ်သွားသည်။ Facebook တွင် မည်သူတစ်ဦးတစ်ယောက်မျှ စာချစ်သူ၏ အကောင့်ကို ရှာ၍မရနိုင်တော့ပါ။ Delete လုပ်ပြီးသောအခါ Facebook Team သည် ၁၄ ရက်အချိန်ပေးပါသည်။ ၁၄ ရက်အတွင်း မိမိအကောင့်ကို ပြန်လိုချင်ပါက Login ၀င်ရောက်ပြီး မိမိအကောင့်ကို ပြန်လည်ရယူနိုင်ပါသည်။ ၁၄ ရက်ကျော်သွားပါက Facebook Team သည် စာချစ်သူ၏ Facebook Account ကို လုံးဝဖျက်ထုတ်ပစ်မည် ဖြစ်သည်။
.
Account Deleted ဖြစ်သွားသော်လည်း စာချစ်သူမှ တဘက်သို့ ပို့ထားသော Messages များသည် ပျက်သွားမည်မဟုတ်ပေ။ သို့သော် တဘက်လူမှ စာချစ်သူအား Facebook တွင် မရှာနိုင်သလို စာချစ်သူ၏ Facebook Account အမည်သည် တဘက်လူတွင် Facebook User အမည်ဖြင့် ပေါ်နေမည် ဖြစ်သည်။
.
Facebook User ဖြစ်နေပြီး စာပို့လို့ရနေခြင်းမှာ Facebook Account ကို ဖျက်ထုတ်လိုက်သော်လည်း ထို Facebook Account ပိုင်ရှင်သည် Page ဖွင့်ထားခဲ့ပါက Page သည် ပျက်သွားမည် မဟုတ်ပေ။ Facebook Account တစ်ခုတည်းသာ Deleted ဖြစ်သွားခြင်း ဖြစ်သည်။ Deleted ပြီးသား Facebook Account ဖြင့် Login ၀င်ရောက်လျှင် Account တော့ မြင်ရတော့မည်မဟုတ်ပေ။ သို့သော် Page and Page Setting များကို မြင်ရ တွေ့ရ နေမည် ဖြစ်သည်။ အသုံးပြုလို့တော့မရပေ။ Facebook User ဖြင့် Message ပို့နိုင်ခြင်းမှာ ယခင်စကားပြောထားသော Message History များသည် မပျက်ဘဲကျန်ခဲ့သောအခါ Facebook Account သာပျက်သွားပြီး Page သည် ပျက်မသွားသည့်အတွက် Facebook Page ကို အသုံးပြုပြီး ယခင် Message History ရှိခဲ့သော Facebook Account များကို Message ပို့လို့ရခြင်းဖြစ်သည်။ Phone အသုံးပြုပြီးတော့သာ ပို့နိုင်ပါသည်။ Computer ဖြင့် ၀င်ရောက်မည်ဆိုပါက Message ပို့လို့ရမည် မဟုတ်ချေ။
credit//
ကိုရီချင်
20-07-2015
ထ/ဆ
ဂျလေဘီ ဂျစ်တူး
မေးပျစေ အကို dis ဖြစ်နေတဲ့ fb အကောင့်ရဲ့ gmailနဲ့ နောက်ထပ်အသစ်ဖွင့်လို့ရပါသလားဗျာ
ကိုရီချင်
မရပါဘူးခင်ဗျာ.....
Win Naing Mooe
ကျွန်တော့အကောင့်ကpasswordလဲမှန်ရဲ့သားနဲ့loginဝင်မရပါ
သူငယ်ချင်းအကောင့်ကနေအဲဒီအကောင့်timelineကိုဖွင့်ကြည့်လို့ရပါတယ်
ဘာဖြစ်သွားလည်းသိချင်လို့ပါ
ကိုရီချင်
Password ကို Recovery Email မှတဆင့်ပြောင်းကြည့်ပါ...
Phyu Phyu Sint
ကိုရီချင် ခမျာ disible ဘယ်နှမျိုးရှိပါသလဲ facebook ရဲ့ lock တွေအကြောင်း ဖြေရှင်းတဲ့နည်းတွေ bro ဘယ်လောက်နားလည်ထားလဲ ဘယ်လိုအခက်အခဲတွေကြုံရတက်လဲ ဘယ်လိုဖြေရှင်းနိုင်လဲ ဒါတွေအားလုံးကို သိထားရင် credit တောင်းတာ bro အလွန်မဟုတ်ပါဘူး bro ဘယ်သူ့အမှီအခိုမှမယူပဲ ကိုယ်တိုင်ကလိလို့တက်တယ်ပဲထား ဘယ်သူ့မှ credit မပေးတာ bro အပစ်မဟုတ်ပါဘူး ဒါပေမယ့်ပေါ့ facebook ကို ကလိနေသူတိုင်း lock တွေနဲ့ disible အကြောင်းတွေ အတွင်းကျကျ သိနေသူတွေပါ သိတဲ့သူတစ်ယောက်က ပြန်ရေးပြီးမျှဝေရင်ပုံနှိပ်ထုတ်ဝေရင် bro ကိုcredit ပေးရမလား အကြောင်းကြားရမလား သိပါရစေ. နောက်ပြီး ပေ့မှာတင်ထားတဲ့ hacking Tuotial တွေကရော bro ဖာသာ စူးစမ်းလေ့လာထားသလား ဘယ်web ကနေကူးယူ ထားသလဲ ဘယ်ကနည်းခံခဲ့သလဲ ဆိုတာမပါဘူးနော် သူတစ်ပါးကို credit မပေးပဲ မျှဝေသူတစ်ယောက်က အခုလို credit တောင်းစားတာတွေ့ရတော့ ရီချင်တယ်ဗျာ
No comments:
Post a Comment