ရှေ့ နေညီငယ်ညီမငယ်များဖတ်ဖို့။
---------------------
့"ရန်ကနားနှင့် မိတ်ဆက်ခြင်း"
အလုပ်သင်ရှေ့ နေအဖြစ် သင်ကြားလေ့လာနေစဉ်အတွင်းမှာပင်
မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေသင်္ဂဟများက
မိမိကို ဥပဒေလောကသား အဖြစ် အသိအမှတ်ပြု ထားပြီး ဖြစ်သည်။
အလုပ်သင်ပြီးဆုံးပြီးနောက် အထက်တန်းရှေ့ နေအဖြစ်
လိုက်ပါဆောင်ရွက်သည်နှင့်စာချုပ် စာတမ်း ချုပ်ဆိုသည့်
ကိစ္စရပ်များလည်း မိမိ ထံ ရောက်ရှိ လာတော့သည်။
အထက်တန်းရှေ့ နေ ငယ် များ အနေဖြင့်
ဆရာဦးမောင်မောင်ဆန်း အစရှိသော
ဆရာများ၏စာချုပ်စာတမ်းရေးသားနည်း
စာအုပ်များကို
နမူနာရယူ၍ ချုပ်ဆိုလေ့ရှိကြသည်။
စာချုပ် စာတမ်းချုပ်ဆိုရာတွင်
အထူးသတိထားရှိရမည်မှာ
မိမိ ရေးသားသည့် စာချုပ်သည်
့"ဥပဒေစည်းနှောင်အား"ရှိရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ရပ်ထဲရွာထဲတွင်
အများဆုံး ကြုံ တွေ့ ရမည်မှာ
အတိုးဖြင့် ငွေချေးသည့် စာချုပ်စာတမ်းကိစ္စပင်ဖြစ်သည်။
မြီရှင်က ငွေချေးသည်ကို ငွေချေးစာချုပ်အဖြစ် မပြု လုပ်လိုကြပေ။
မခိုင်လုံဟု နားလည်ထားကြသည်။
မြှီးစား၏ ပိုင်ဆိုင်မှု အပေါ်
စည်းနှောင်းမှု ပြု လိုကြသည်။
မြှီးစားပိုင် အိမ်နှင့်ေ့မြဖြင့် စည်းနှောင်လေ့ရှိသည်လည်းရှိကြသည်။
တိုးရင်းငွေကို ရောင်းဘိုး ငွေအဖြစ်သတ်မှတ်ကာ
အိမ်နှင့်မြေ အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုကြသည်။
ရောင်းဘိုး ငွေအဖြစ်သတ်မှတ်ထားသော
တိုးရင်းငွေသည် အိမ်နှင့်မြေတန် ဘိုး ထက်
များစွာ လျှော့နည်း သဖြင့်
မြှီးစား ဘက်ကလည်း ပစ္စည်း လက်ရောက် ပေးအပ်ခြင်း မပြု နိုင်ပေ။
ထိုထိုသော အခြေအနေတွင်
အိမ်နှင့်မြေ အရောင်းအ၀ယ်စာချုပ်ဖြင့်
တန် ဘိုးငွေ အပြေအကြေပေးချေကာ
ဝယ်သူ(မြှီရှင်)က ရောင်းသူ(မြှီစား)အား
အဆိုပါ အိမ်နှင့် မြေတွင်
အခမဲ့ ထားပါသည်ဟု ဆိုပြီး
ရှေ့နေညီငယ်ညီမငယ်များရေးသားချုပ်ဆိုနေကြသည်ကို လေ့လာ တွေ့ ရှိ ရသည်။
မရွှေ့  မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းရာတွင်
အဆိုပါစာချုပ်စာတမ်း ကို
မှတ်ပုံတင် ရမည်ဆိုသည်ကို
နား လည်ပြီးလည်းဖြစ်ကြသည်။
အမှန် ရောင်းဝယ်ကြခြင်းမဟုတ်၍ လည်းကောင်း
အခြားသော အခြေအနေ အရပ်ရပ် ကြောင့် လည်း ကောင်း
မှတ်ပုံ မတင် သွင်းနိုင်ချေ။
မရွှေ့  မပြောင်းနိုင်သော ပစ္စည်းဝယ်ယူရာတွင်
ရောင်းဘိုး ငွေ အပြေအကြေ
ပေးချေ ပြီးပါက
၁။ ပစ္စည်းလက်ရောက် ရယူရမည်။
၂။ အရောင်းစာချုပ် မှတ်ပုံတင်သွင်းရမည်။
အရောင်းစာချုပ် မှတ်ပုံတင်သွင်းခြင်း
မပြု နိုင်သည့် တိုင်
ပစ္စည်းလက်ရောက် ရယူထား လျှင် တစ်ပိုင်းတစ်စဆောင်ရွက်ခြင်းဖြင့် စည်းနှောင်းအား တစ်ခု
ရယူထားနိုင်သည်။
ထို သို့ မှ မဟုတ်မူဘဲ
မှတ်ပုံမတင်သော
ဲအိမ်နှင့်မြေ အရောင်းအ၀ယ်စာချုပ်ဖြင့်
တန် ဘိုးငွေ အပြေအကြေပေးချေကာ
ပစ္စည်းလက်ရောက်ရယူထားခြင်းမပြုဘဲ
ဝယ်သူ(မြှီရှင်)က ရောင်းသူ(မြှီစား)အား
အဆိုပါ အိမ်နှင့် မြေတွင်
အခမဲ့ ထားပါသည်ဟု ဆိုပြီး ချုပ်ဆိုကာ
အခမဲ့ ထားသူကိုနှင်လိုမှု ဖြင့်
စွဲ ဆို ဖို့  အပိုင် ကြံ ခဲ့ လျှင်
့"ဦးရန်ကနားနှင့် ဒေါ်ခင်သီ "
၁၉၈၄-မတစ ၂၅ က
ညီငယ်ညီမငယ်တို့ ကို ကြို ဆိုနေပါလိမ့်မည်။
ဆရာ လူ ဦး မင်း (ဥပဒေစကားဝိုင်း)
11 July 2015 at 00:27
No comments:
Post a Comment