Saturday, July 25, 2015

စဉ်းစား မရဘူး

စဉ်းစားမရဘူး
-----------------
အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးဟာ
တနေ့ သင်္ကန်းရုံတာ မညီတဲ့အတွက်

ကိုရင်လေးတပါးက အရှင်ဘုရား သင်္ကန်းရုံတာ မညီဘူး ဘုရားဆိုတော့ ကိုယ်တော်မြတ်ကြီးက တခြာနေရာမှာ သင်္ကန်းပြင်ဝတ်ပြီး ကိုရင်လေးဆီကို
ပြန်လာကာ လက်အုပ်လေးချီပြီးတော့ "ဆရာသခင်  ဒီလိုဆိုလျှင် အဆင်ပြေပြီလားဘုရား တဲ့"။

ဘုရားရှင်ပြီးရင် ပညာအရာမှာဧတဒဂ်ရပေမဲ့
ဆရာဖြစ်ခဲ့ဖူးတဲ့
ရှင်အဿဇိ ရှိရာအရပ်ကို
ဦးခေါင်းထားပြီး အမြဲတမ်း အိပ်သတဲ့။

တနေ့ ဝါကျွတ်လို့  တပည့်တပန်းတွေနဲ့  ဘုရားရှင်ဆီလာတဲ့အခါ တပည့်တွေက ဆူညံနေတဲ့ အတွက်
့"သာရိပုတြာ သင့်တပည့်တွေနဲ့ 
ငါမတွေ့လိုဘူး"ဆိုပြီး နှင်ထုတ်တယ်။

တပည့်တွေကို
ငြိမ်အောင်ဆုံးမပြီးပြန်လာတဲ့အခါ ဘုရားရှင်က
့"သာရိပုတြာ
ငါဘုရားရှင် နှင်ထုတ်စဉ်က သင့်စိတ်ထဲဘယ်လို
နှလုံးသွင်းသလဲ"လို့ မေးတယ်။

့"အရှင်ဘုရား
ပညာရှိတွေရဲ့ ဆိုဆုံမမှု့ဟာ
အရမ်းရခဲ့တဲ့အတွက်
လာဘ်ကြီးတပါးလို ခံယူပြီး
နောင်လည်း အလျှင်းသင့်ပါက ခံယူချင်ပါကြောင်း"ပြန်လျှောက်တယ်။

ဒါ့ကြောင့် ဘုရားရှင်က
့"ချစ်သားတို့  ငါ့သား
သာရိပုတြာ ကဲ့သို့ သည်းခံနိုင်ရမည် နှလုံးသွင်း နိုင်ရမည်"လို့ ဆိုပြီး ချီးမွမ်းတော်မူတယ်။

သူတပါး ဆုံးမမှု့ဟာ
အင်မတန် ရခဲတဲ့ လာဘ်ကြီးတပါးတဲ့။

အခု ဘာသာရေးပို့ စ်တွေမှာတော့
အဲဒီလို နှလုံမသွင်း နိုင်ကြတော့ဘူး ထင်ပါရဲ့။ ။

ဘယ်လောက်နားလည်လို့ လည်း တဲ့။
ကိုယ်မကျင့်နိုင်သေးပဲ သူများကို
ဆရာမလုပ်ပါနဲ့ တဲ့။

တချို့ များဆို ဆဲ ဆိုပြီးတော့တောင်
ပြန်ပြောနေတာတွေ တွေ့ ရတော့
များစွာဝမ်းနည်းမိပါတယ်။

ကိုယ်သွားချင်တဲ့ ခရီးကို
ရောက်ဖို့ အတွက်
လမ်းပြနိုင်တဲ့သူက လမ်းခရီးကို မှန်မှန်ကန်ကန်
ပြတတ်ဖို့ က အဓိကမဟုတ်ဘူးလား။

အဲဒီခရီးကို သူရောက်ဘူးဖို့ ထက်
လမ်းပြနိုင်ဖို့ က အဓိက မကျဘူးလား။

ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘာသာရေး
ပို့ စ်တွေမှာ
အဲဒီလို ကွန်းမန့် တွေတွေ့ ရတာ
အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။

လူယုတ်မာ အင်္ဂါရှစ်ပါးထဲမှာ
့"သတိပေးသူကို ပြန်ပြောခြင်း" ဆိုတဲ့တစ်ချက် ပါ ပါတယ်။

ဓမ္မမိတ်ဆွေများ
အသိ သတိ ရှိနိုင်ကြပါစေ

credit//
ဦးမြင့်ခိုင် (စိတ်ပညာ)
21 June 2015

No comments:

Post a Comment