Tuesday, July 28, 2015

ကမ္ဘာကျော်တိုင်း ကျေနပ်စရာလား

ကမ္ဘာကျော်တိုင်း ကျေနပ်စရာလား
------------------------------
တချို့ က ကမ္ဘာကျော်တယ်ဆိုပြီး
အားကျလေ့ရှိကြတယ်
သေဆုံးသွားကြတဲ့ ကမ္ဘာကျော်ပေါင်းဟာလည်း
မရေမတွက်နိုင်အောင်ပဲရှိခဲ့ကြတယ်
လူ့ ဘဝရဲ့ ကံ ဥာဏ် ဝိရိယ ကြောင့် ဒီဘဝမှာ ကမ္ဘာကျော်ပြီး
လူအများရဲ့ အထင်ကြီးလေးစားမှု့ ကို ခံခဲ့ကြရတယ်

အဲဒါ ကျေနပ်စရာ ကောင်းပါသလား
ဗုဒ္ဓဘာသာမဟုတ်တဲ့ ကမ္ဘာကျော်တွေဟာ
သေသွားတဲ့အခါ
ဘယ်ကိုရောက်ပြီး ဘယ်နေရာမျိုးမှာ ရှိလိမ့်မယ် ထင်ပါသလဲ

သူတို့ အယူအတိုင်း
ကောင်းကင်ဘုံလား
ဒါမှ မဟုတ်
ဗုဒ္ဓတရားတော်အရ
ဘယ်ဘုံဘယ်ဌာန မှာလည်း

ဒီကမ္ဘာကြီး ပျက်သွားတဲ့အခါ ကမ္ဘာကျော်တယ်ဆိုတဲ့ မှတ်တမ်းရော နောက်ကမ္ဘာထိ ပါပါ့မလား
တခြားဘာသာတွေရဲ့ အယူအဆနဲ့ တော့
မဆွေးနွေးလိုတော့ပါဘူး
ဗုဒ္ဓဘာသာအရတော့
လူ့ ဘဝ ရ ရှိစဉ်မှာ
ဒါန သီလ သမထ ဝိပဿနာ စတဲ့ ကောင်းမှု့မျိုးစေ့တွေကို နောင်ဘဝတွေအတွက် ယူဆောင်မသွား
နိုင်ဘူးဆိုရင်တော့

ဒီဘဝကမ္ဘာကျော်တယ်ဆိုတာ
မသိတဲ့သူတွေ အယူမှားနေသူတွေသာ
အားကျစရာ အထင်ကြီးစရာပါ
မင်းကွန်းဆရာတော်ဘုရားကြီးတို့ လို
လယ်တီဆရာတော်ဘုရားကြီးတို့ လို
မဟာစည် ဆရာတော်ဘုရားကြီးတို့ လို
ကမ္ဘာကျော်ကြီးတွေကတော့
ဒီဘဝလည်း လူအထင်ကြီးလေးစားတာ
ခံရသလို
နောင်သံသရာအတွက်ပါ
ဒုက္ခအားလုံးကို ဖြေရှင်းပြီးတဲ့ ကမ္ဘာကျော်နည်း မျိုးတွေပါပဲ

ကမ္ဘာကျော်တာချင်းအတူတူ
ဗုဒ္ဓဘာသာကမ္ဘာကျော်တွေက
ပိုပြီးတန်ဘိုးရှိတယ်
ဗုဒ္ဓဘာသာ တန်ဘိုးကြီးတယ်ဆိုတာ
အဲဒီလိုအခွင့်အရေးမျိုးတွေ ကြောင့်ပဲ

အခြားဘာသာတွေအတွက်
ဒီအဆိုပြုချက်ဟာ
ရီစရာကောင်းပေမဲ့
ဗုဒ္ဓဘာသာတွေကတော့
လက်ခံနိုင်စွမ်းရှိလိမ့်မယ်
ဗုဒ္ဓဘာသာဖြစ်ခွင့်ရတာ
ဘယ်လောက်များ
ကံကောင်းလိုက်ပါသလဲ
ဒီဘဝရော
သံသရာအတွက်ပါ
ချမ်းသာစေနိုင်လို့ ပါပဲ

ဒီကမ္ဘာတင်မဟုတ်ပါဘူး
နောင်ကမ္ဘာအဆက်ဆက်တောင်မှ
ဗုဒ္ဓတရားတော်တွေက
ချမ်းသာစေနိုင်ပါတယ်

အလှူတခုကြောင့်
ကမ္ဘာပေါင်းဘယ်လောက်
ချမ်းသာစေနိုင်တယ်ဆိုတဲ့
အကြောင်းတရားတွေ
ပိဋကတ်သုံးပုံထဲမှာ
အများကြီး ရှိပါတယ်

ဗုဒ္ဓဘာသာဝင်များ
မိမိတို့ ဘာသာရဲ့ အတိမ်အနက်ကို
နားလည်နိုင်ကြပါစေ

credit//
ဦးမြင့်ခိုင် စိတ်ပညာ
25 July at 20:26

ထ/ဆ
Ye Min Thein
ဘာသာခြားတိုင်း
အပယ်လားမယ် မမြင်သင့်ပါ
ဗုဒ္ဓ ခေတ်က ဗုဒ္ဓ ရဲ့ တကာ အချို့  ငရဲကျပြီး အခြားယုံကြည် ကိုးကွယ်သူများ နတ်ပြည်ရောက် သည့်
သာဓကတစ်ခု ရှိဖူးပါတယ်
အဲဒီအခါမှာ ဗုဒ္ဓ က" ငါသည် ဆုံးမသူ လမ်းပြသူ သာ ဖြစ်သည်
သူများ၏ တပည့်များက လိမ္မာလို့ 
နတ်ပြည်ရောက်တာ " လို့  ဆုံးမဖူးကြောင်း လေ့လာဖူးပါသည်
စံနမူနာ ယူထိုက်သူအဖြစ် ညွှန်းရရင်
ဘီလ်ဂိတ်ဟာ ဘာသာမဲ့ တယောက်ဖြစ်ပြီး သူ့ ရဲ့ အလှုအတန်း
ပြုတဲ့ နေရာမှာလည်း
အမှန်တကယ် လိုအပ်တဲ့နေရာတွေ
ကို ထိထိရောက်ရောက်
လှုဒါန်း တတ်သူတဦး ပါ
နတ်ပြည် ဗြဟ္မာပြည် ရှိရှိ မရှိရှိ
အဲ့လို ပြတ်ပြတ်သားသား
အမျှော်စိတ် ရှင်းရှင်းနဲ့ 
အလှုပြုပုံကိုတော့ အားလုံး
လေ့လာ အတုယူသင့်ပါတယ်။

Ko Kyawt Tettsay
ကုသိုလ် ၊အကုသိုလ်က သိလို့လုပ်လုပ် မသိလို့လုပ်လုပ်
ကံသတ္တိကလိုက်ပါအကျိုးပေးမှာပါ။ ဘယ်ဘာသာကိုယူ ယူ၊ သာသနာတွင်းသာသနာပ အတူတူပါ။
သံသရာကလွတ်ကြောင်းကတော့ သာသနာတွင်းမှာသာရနိုင်ပါတယ်။ သာသနာတွင်းဆိုတာကလည်း
ဘုရားရှင်ရဲ့အဆုံးအမအတိုင်း
ဝိပဿနာကျဂ့်ကြံအားထုတ်သူ အရိယာအကျင့်မြတ်ကျင့်သူများကိုသာဆိုလိုပါတယ်။
သာမန်ဘာသာဝင်/ဘာသာခြား/ဘာသာမဲ့များအတွက် သံသရာခရီးကအတူတူပါ။
ဗုဒ္ဓဘာသာယုံကြည်သူများအတွက်ကတော့ သိတဲ့အတွက်အားထုတ်ရင်
မဂ် ဖိုလ် ရနိုင်တယ်ဆိုတာ ဘာသာခြားများထက်သာလွန်တဲ့အားသာချက်ပါ။

No comments:

Post a Comment