ငရဲပြည်သို့  လက်မှတ်ယူခြင်း
---------------------------------
တချို့ သောသူများဟာ ဘယ်လောက်ထိ
သည်းခံစိတ်အားနည်းသလဲဆိုတာ
fb က
သူတို့ တွေ ဝင်ရေးတဲ့ ကွန်းမန့် တွေကို ကြည့်ရင်
သိနိုင်ပါတယ်
ဘယ်နေရာကမှန်းမသိ ဘယ်သူရေးမှန်းမသိတဲ့
ပို့ စ်တခုကိုဖတ်ပြီး ဒေါသတွေနဲ့ တုန့် ပြန်ဆဲဆို
နေကြတာဟာ သံဝေဂ ရစရာပါပဲ
လူ လူချင်းတွေ့ လို့  မခံချင်အောင်ပြောပြီးစော်ကားတာမျိုး
ကိုယ်ထိလက်ရောက်စော်ကားတာမျိုးကို
မခံနိုင်လို့  ပြန်ပြီးတုန့် ပြန်တာဆိုရင် လက်ခံလို့ 
ရပါသေးတယ် အခုက ကိုယ်နဲ့ လည်းမသိဘူး
ဘယ်နေရာမှာနေမှန်းတောင်မသိဘူး ယောက်ျားမှန်းမိန်းမမှန်းတောင်မသိတဲ့ လူတဦးက fb မှာ သူရေးချင်တာရေးပြီး တင်တာကို ကိုယ်က မခံချင်စိတ်နဲ့  ဆဲ ဆိုတုန့် ပြန် နေကြတာဆိုတော့
တခုခုတော့ လွဲနေသလိုပဲ
ဗုဒ္ဓက
စိတ်ရောဂါရနိုင်ကြောင်း ၈ မျိုး ရှိတယ် တဲ့
သည်းခံကင်းကွာ
ကြံကာကြောက်မှု့
စွဲပြုကျိုးနည်း
လွန်လွဲတွေးသိ
သတိမေ့လျှော့
ပေါ့ဆထင်တွေး
မှိုင်ငေးတွေဝေ
ပျင်းရိချေ
ရှစ်ထွေစိတ်ရောဂါ တဲ့
မဖတ်ချင်ရင် ကျော်သွားလို့  ရနိုင်တဲ့ အခွင့်အရေးလည်းရှိတယ်
ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့သူကို
နောင်မပတ်သက် ရအောင်လည်း
block လို့ ရနိုင်တဲ့
အခွင့်အရေးလည်းရှိနေပါလျှက်နဲ့ 
ရန်ဖြစ်ဆဲဆိုပြီး တုန့် ပြန်နေကြတာဟာ
ကိုယ့်မှာရှိတဲ့ မခံချင်စိတ်နဲ့ 
ဒေါသ ကိုဝယ်ယူနေသလို ဖြစ်နေကြတယ်
ဒေါသနဲ့ သေ ငရပြည် လို့  ဗုဒ္ဓကဟောထားတာ
သူများရေးတဲ့စာဖတ်ယုံနဲ့ ဒေါသထွက်နေကြတဲ့
သူတွေဟာ အပြင်လောကမှာ ပိုပြီးဒေါသထွက်ဖို့ 
အကြောင်းအရာတွေ ပိုများမှာအသေအချာပဲ
ဘုရားဟောအရဆိုရင်တော့
မခံချင်စိတ်အားကြီးနေတဲ့အတွက်
စိတ်ရောဂါရနေတာ သေချာနေပြီ
အရူးကု ဆေးရုံက ရောဂါသည်တွေက
ဆေးနဲ့ ကုလို့ ပျောက်နိုင်သေးတယ်
အခု fb မှာ တွေ့ နေရတဲ့ စိတ်ရောဂါသည်တွေ
ကတော့ ဆေးမရှိဘူး ဓမ္မနဲ့ ကုမှပဲရမယ်
အချိန်မှီ ဆေးကုကြ
မခံချင်စိတ်က ငရဲ
ခံချင်စိတ်က နိဗ္ဗါန်
ကိုယ့်လမ်းကိုယ်ရွေးရမှာ
မပြင်နိုင်ဘူးဆိုရင်တော့
ငရဲကိုသွားဖို့  လက်မှတ်ဖြတ်နေတာပဲ
အချိန်မှီပြင်ဆင်နိုင်ကြပါစေ
credit//
ဦးမြင့်ခိုင် ( စိတ်ပညာ )
No comments:
Post a Comment